၂၀၁၅ရွေးကောက်ပွဲအတွက် စင်ကာပူနိုင်ငံ
ရောက်မြန်မာရွှေ့ပြောင်းလုပ်သားတွေ
အောက်တိုဘာ ၁၇ရက်နေ့ ကြိုတင်မဲပေးခွင့်
တတိယမြောက်နေ့ကို လက်မလွတ်စေဖို့
မြန်မာသံရုံးရှေ့လမ်းတွေပေါ်မှာ
ဒီလိုညအိပ်စောင့်စားနေကြပါတယ်။
ဒီမြင်ကွင်းကို စင်ကာပူနိုင်ငံသားတွေကအစ
အံ့သြနေကြတယ်လို့ စင်ကာပူရောက်
မြန်မာအင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။
လက်ရှိမှာစောင့်ဆိုင်းနေတဲ့မြန်မာတွေပိုပိုများလာပြီး
လူတစ်ထောင်ကျော်မယ်လို့ သူကခန့်မှန်း
ပြောပါတယ်။
ဒီမြန်မာတွေအတွက် မနက်စာအဖြစ် ပလာတာကောက်ညှင်းပေါင်းစတဲ့ ရိုးရာစားဖွယ်တွေကို
လှူဒါန်းမယ့်သူတွေကလည်းကြိုတင်ပြင်ဆင်
နေကြတယ်လို့ သူက ယနေ့မနက် ၂နာရီ
သုံးဆယ်မိနစ်လောက်ကပြောခဲ့တာပါ။
ပထမတုန်းကတော့ကြိုတင်မဲပေးခွင့်ကို
အောက်တိုဘာ၁၅ကနေ ၁၈ရက်နေ့အထိ ၎
ရက်သာပေးထားပေမယ့် လူ၂၀၀၀၀ကျော်နီးပါးရှိတဲ့ မြန်မာလုပ်သားတွေအားလုံးပေးနိုင်ဖို့
အခက်အခဲရှိတာကြောင့်နောက်ထပ် ၃ရက်
ထပ်တိုးပေးဖို့စီစဉ်နေတာ သေချာသလောက်ရှိပြီလို့လည်း သူကပြောပါတယ်။
ဓာတ်ပုံ ZZHစင်ကာပူ
HINTHADA CITY
Ads
Friday, October 16, 2015
- 9:50 PM
- Unknown
- No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment