HINTHADA CITY

ဟင်္သာတမြို့မှ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များအတွက် ကြော်ငြာများလက်ခံပေးနေပါသည်

Ads

smile smile smile smile smile smile

Friday, December 11, 2015


ကွန်ပျူတာ System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်
-၁။ ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန် စေပါသည်။

၂။ File Size ကြီးမားသောပုံများကိ Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။

၃။ Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြု စေပါသည်။

၎။ Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။

၅။ Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။

၆။ Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။

၇။  ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသုံးမပြုပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။ Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက် နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။

၈။ Software တစ်ခုကိုအသုံးပြုရန်အတွက် Run ပြီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။

၉။ Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ် လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက်  Window+R (သို့မဟုတ်) Run တွင် msconfig ဟုတ်ရိုက်ပြီး Startup Tab ကိုနှိပ်ပါ ။အဲဒီနောက်တွင မိမိကွန်ပြူတာ / Laptop Brand အမျိုးစားနာမည်များမှလွဲပြီး ကျန်သောအခြားအရာများကို Mouse ဖြင့် Select (အမှတ်လေးလိုက်လုပ်ပေး) လုပ်ပေးပါ။ထို့ နောက် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။ (မှတ်ချက်- အကယ်လို့ မိမိ အသုံးပြုနေသော Laptop မှာ Lenovo ဖြစ်ပါက  Lenovo နဲ့စသော စာသားများပါသည်များကို အမှတ်မခြစ် (မရွေးချယ် ၊ Select) မပြုလုပ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ထိုအ၇ာများသည်မိမိကွန်ပြူတာအတွက်အရေးကြီးပါသည်။ထိုအရာများကို  အမှတ်လုပ်ပြီး Disable လုပ်ခဲ့မယ်ဆို၇င်တော့ အင်တာနက်တို့ ၊ Bluetooth တို့ အပြင် အခြားသော Fn+F1 => F9 ကီးခလုတ်တွေအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။တနည်းအားဖြင့်  Function Keys များလို့ ခေါ်ဝေါ်ပါတယ်။

၁၀။ ကွန်ပျူတာတွင်း ဖုန်များဝင်ရောက်ခြင်းကိုကာကွယ်ပေးရပါမည်။ ဖုန်များသည် ကွန်ပျူတာ Cooling Fan ကိုနှေးကွေးလာစေကာကွန်ပျူတာ CPU ကိုတဖြည်းဖြည်းချင်း ပူလာစေပါသည်။ ထိုသို့ပူလာသည်နှင့်အမျှ ကွန်ပျူတာ၏ ပုံမှန်စနစ်တကျလုပ်ဆောငမှုများကို ထိခိုက်လာစေကာ System Speed ကိုနှေးကွေးလေးလံလာစေနိုင်ပါသည်။၁၁။ ကွန်ပျူတာ CPU အတွင်းရှိဖုန်များကိုဖယ်ရှားရန်အတွက် ဖုန်စုပ်စက်များကို လုံးဝအသုံးမပြုရပါ။ နူးညံ့သောအ၀တ်စများ၊ ကွန်ပျူတာဖုန်သုတ် သည့် အ၀တ်စများကိုသာ အသုံးပြုရပါမည်။

၁၁။  ကွန်ပျူတာကို System Restore Function ကိုဖွင့်ထားခြင်းသည် CPU ၏ စွမ်းဆောင်မှု ကိုအသုံးပြုမှုများပြားစေပါသည်။ ထို့ကြောင့် System Restore ကိုပိတ်ထားသင့်ပါသည်။ System Restore ကိုပိတ်ထားရန်အတွက် My Computer \ Properties သို့ဝင်ရောက်၍ ၄င်းမှ System Restore Tab သို့ဝင်ရောက်ကာ အောက်ဖော်ပြပါပုံအတိုင်း Turn off system restore on all drives ကို Select လုပ်၍ ပိတ်ထားနိုင်ပါသည်။
၁၂။ Search Indexing ကို Disable ပြုလုပ်ထားခြင်းသည် ကွန်ပျူတာ System Speed ကို မြန်ဆန်စေပါသည်။ Search Function ကိုပိတ်ထားရန်အတွက် My Computer မှ Window တင်ထားသည် C Drive ကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Allow indexing Services to index this disk ကို uncheck ပေး၍ Apply ပေးရပါမည်။

၁၃။ Error Checking Utility ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။  Error Checking Utility ကိုအသုံးပြုရန်အတွက် ကွန်ပျူတာအတွင်းဖွင့်ထားသော File များကိုပိတ်ရပါမည်။ My Computer မှ Drive တစ်ခုကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools Tab သို့ဝင်၍ အောက်ဖော်ပြပါပုံအတိုင်း Check now ကို Click ၍ Scan for and attempt recovery of bad sectors ကို Check ပေး၍ Start ကို နှိပ်ရပါမည်။

၁၄။ ကွန်ပျူတာအတွင်းရှိ Spyware များသည် ကွန်ပျူတာသုံးစွဲသူ၏ Personal Data များကို ခွင့်ပြုချက်မရှိပဲခိုးယူရုံသာမက ကွန်ပျူတာသုံးစွဲရာတွင် ကွန်ပျူတာကိုနှောင့်နှေးစေပြီး မကြာခဏရပ်တန့် စေခြင်းခြင်းများကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ပျူတာအတွင်းရှိ Spyware များကိုရှင်းလင်းပေးရပါမည်။ Antivirus Software ကိုအသုံးပြုခြင်းမရှိသေးပါက Online Free Service တစ်ခုဖြစ်သော http://onecare.live.com/ သို့ဝင်ရောက်၍ ကွန်ပျူ တာ ကိုစစ်ဆေးခြင်းဖြင့် Virus များကိုဖယ်ရှားနိုင်ပါသည်။

၁၅။  Window တင်ရာတွင် NTFS အမျိုးအစား File Type ကိုအသုံးပြုရပါမည်။ FAT32 ကို အသုံးမပြုရပါ။ မိမိအသုံးပြုနေသည့် Window တွင်မည်သည့်အမျိုးအစားကိုအသုံးပြုထား သည်ကို သံသယဖြစ်ပါက Window တင်ထားသည့် C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်၍ကြည့်ရှုနိုင်ပါသည်။ အကယ်၍ FAT32 ဖြစ်နေပါက NTFS File Type သို့ပြောင်းလဲပေးရပါမည်။ ထိုသို့ပြောင်းလဲရန်အတွက် ပထမဆုံးအရေးကြီးသည့် Data များကို Back Up ပြုလုပ်ထားရပါမည်။ ထို့နောက် Start \ Run တွင် CMD ဟုရိုက်နှိပ်၍ Prompt တွင် CONVERT C: /FS:NTFS ဟုရေး၍ Enter ပေးရပါမည်။ ထို့နောက် ခေတ္တ စောင့်ပေးရပါမည်။ NTFS ကိုအသုံးပြုခြင်းအားဖြင့် Security မြင့်မားခြင်း၊ Folder ပမာဏကို ကြီးမားစွာအသုံးပြုနိုင်ခြင်းနှင့် Computer System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ခြင်းနှင့် အခြားအကျိုးရလဒ်များကို ရရှိစေပါသည်။

၁၆။ ကွန်ပျူတာကို တစ်လလျင်အနည်းဆုံးတစ်ကြိမ်ခန့် Disk Cleanup ပြုလုပ်ပေးသင့်ပါ သည်။ Disk Cleanup ပြုလုပ်ပေးခြင်းဖြင့် Temporary Files များကိုဖယ်ရှားပေးနိုင်ပြီး ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်ပြီး Disk Cleanup Bottom ကိုနှိပ်၍ ပြုလုပ်နိုင်ပါသည်။
၁၇။ ကွန်ပျူတာအတွင်းမလိုအပ်သည့် Program များကိုဖယ်ရှားပေးရပါမည်။ ဖယ်ရှားရာတွင် Window တွင်ပါရှိသည့် Add or Remove Program မှတစ်ဆင့်ဖယ်ရှားနိုင်သကဲ့သို့ Your Uninstaller ကဲ့သို့ Uninstaller တစ်မျိုးမျိုးကိုအသုံးပြု၍ဖယ်ရှားနိုင်ပါသည်။ Software ကို အသုံးပြု၍ဖယ်ရှားပါက Add or Remove Program ကိုအသုံးပြု၍ဖယ်ရှား၍ ပျက်သွားခြင်း မရှိသည့် Registry အတွင်းရှိ File များကိုပါ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။


Wednesday, December 9, 2015

Facebook မှာ video ကို download ရယူဖို့ အတွက်​ ​နောက်​ထွက်​တဲ့ facebook version ​တွေမှာ auto play တာ​ကြောင့်​ download ရယူဖို့အခက်​အခဲ ​တွေရှိ​နေတာ​တွေရပါတယ်
Facebook က video ရယူဖို့ ပုံနဲ့ တကွ ​ ပြ​ပေးသွားမှာပါ

SnapTube Apk download

 DOWNLOAD 


Thursday, December 3, 2015

[https://m.facebook.com/story.php?story_fbid=444489909078807&id=156935541167580] [Comments] is good,have a look at it!


Monday, November 30, 2015

အီသီယိုပီယားဟာ လူဦးရေ ၉၉ သန်းကျော်ရှိပြီး မြန်မာနိုင်ငံထက် အနည်းငယ် ပိုမို ကျယ်ဝန်းပေမယ့်လည်း ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပါတယ်...
အီသီယိုပီယားဟာ ကမ္ဘာ့တိုးတက်မှု အမြန်ဆုံး ၁၀ နိုင်ငံထဲ ပါဝင်ပြီး မြန်မာကိုလည်း ကျော်တက်သွားခဲ့ပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ...။
အစိုးရ ဘတ်ဂျက်ကို ကြည့်ပါက ၆၅ ရာနှုံးကနေ ၇၀ ရာနှုံးအထိကို ပညာရေးနဲ့ ဆင်းရဲသားဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးထားတာကို စတွေ့တာပါပဲ...။
စစ်ရေးအသုံးစရိတ်က ၂၀၁၂ စာရင်းအရ ၁ ရာနှုံးတောင် မပြည့်ပါဘူးတဲ။ ၀.၉၁ ရာနှုံးသုံးပါတယ်။ မြန်မာနဲ့ ကွာချက်နော်။
စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတော့ ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ ODA (Official Development Assistance) တွေ အဆက် မပြတ်ရတာလဲ တစ်ချက်ပါပဲ။ ၂၀၀၃ ကနေ ၂၀၁၂ အထိ ရရှိတဲ့ ODA ကတော့ ဝိုး ...... ၂၉ ဘီလီယံဒေါ်လာ အထိ ရှိပါတယ်တဲ့။ စတုတ္ထ အများဆုံး ODA လက်ခံရရှိတဲ့နိုင်ငံပါ။
သူတို့ဟာ အခြေခံ အဆောက်အအုံတွေကို အဓိကတည်ဆောက်တယ်၊ ကားလမ်းနဲ့ LRT train system တွေဟာ ရှယ်ပါပဲ၊
စွမ်းအင် ထုတ်လုပ်နိုင်စွမ်းကလည်း မြင့်မားလှပါတယ်။ မကြာခင်မှာ တိုင်းပြည်အတွက် လုံလောက်တဲ့အပြင် နိုင်ငံခြားကို လျှပ်စစ် စွမ်းအင်တွေ ထုတ်ရောင်းနိုင်တော့မယ် ...။ တကယ်ပါ... ပိုလျှံတယ်ဆိုတာ မြန်မာမှာလို ယုံတမ်းစကားမဟုတ်ဘူးနော်။
မိုဘိုင်းဆက်သွယ်ရေး 4G စနစ် ရပြီဖြစ်ပြီး ကောင်းမွန်လှပါတယ်။
ကြီးမားလှတဲ့ ပြည်သူ့ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ အလုပ်သမား အများအပြားအတွက် အလုပ်အကိုင်နဲ့ အသေးစား ကုန်ထုတ် စီးပွားရေး လုပ်ငန်းများစွာ အတွက် အဆင်ပြေစေတယ်။ မြန်မာက ကျူးကျော်တဲလေးတွေ အတွက်တော့ လွမ်းစရာပေါ့ ...။
သူရဲ့ GDP ရဲ့ ၈၀ ကနေ ၈၅ ရာနှုံးကို စိုက်ပျိုးရေးက ရရှိပေမယ့် ကုန်ချောထုတ်လုပ်ငန်းများ ပေါ်ပေါက်လာဖို့ကို ဦးတည်ထားပြီး မြောက်များစွာသော အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတယ်။ ဖိနပ်၊ သားရေ၊ အဝတ်အထည်၊ ကော်ဖီလုပ်ငန်းက ထုတ်ကုန်တွေဟာ ဥရောပနဲ့ အမေရိက ကိုတင်ပို့နေပြီ။
အစိုးရနဲ့ အလှူရှင်နိုင်ငံများ၊ လယ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စိုက်ပျိုးရေးထုတ်ကုန်များ အဆင့်မမှီဘူးဆိုတဲ့ ယခင် ပုံရိပ်ကို ဖျောက်ပြစ်နိုင်ခဲ့ကြတယ်။ ယခင် နှစ် ၂၀ နဲ့ နှိုင်းယှဉ်ရင် ပြည်တွင်း၊ ပြည်ပမှ ပိုမိုကောင်းမွန်တဲ့ မျိုးများ၊ နည်းစနစ်များ၊ ဓာတ်မြေသြဇာများ ရရှိနေကြပြီ။ စက်မှုလယ်ယာကို ကျွမ်းကျင် ပိုင်နိုင်တဲ့ လယ်သမားတွေဟာလည်း နိုင်ငံတိုးတက်မှုရဲ့ ပြယုဂ်အနေနဲ့ ရှိကြပါတယ်။ အနှစ်နှစ်အလလ စက်မှုလယ်ယာ မအောင်မြင်တဲ့ မြန်မာနိုင်ငံ အတုယူဖွယ်ပါပဲ။
ဝန်ဆောင်မှုလုပ်ငန်းတွေဟာလည်း လျှင်မြန်စွာ တိုးတက်ကြီးထွားလာပြီး အလုပ်အကိုင် အခွင့်အရေးများစွာ ဖန်တီးပေးနေတယ်။
အီသီယိုပီးယား လေကြောင်း လိုင်းဆိုတာ အာဖရိကမှာ ကင်ညာလေကြောင်း လိုင်း နဲ့အပြိုင် နံပါတ်တစ်ကို လုနေတဲ့။ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်း ၁၀၀ မှာ အဆင့် ၇၇ ချိတ်တယ်တဲ့။ ခေတ်မီ ဘိုးရင်း နဲ့ အဲဘတ်စ် လေယာဉ်ကြီးပေါင်း ၇၄ စင်း နဲ့ နိုင်ငံတကာ လေဆိပ်ပေါင်း ၁၂၄ ခုကို ပျံသန်း နေတဲ့ လေကြောင်းလိုင်းကြီး ဖြစ် နေတယ်။ မြန်မာပြည်လေယာဉ်ကွင်းမှာ ဆင်းလို့မရတဲ့ Beoing 787 လေယာဉ်ကြီးတွေတောင် ပိုင်နေတာပါတဲ့။
မြို့တော် အက်ဒစ်စ် အဘာဘာမှာ LRT လျှပ်စစ်ရထား စီမံကိန်း ပြေးဆွဲနေပြီ။ ဒီစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၄၇၀ သုံးစွဲခဲ့ပါတယ်။ ၁၇ ကီလိုမီတာ ခရီးစဉ် စဆုံးကို စီးနင်းဖို့ ၂၀ ဆင့် မြန်မာငွေ ၂၆၀ လောက် ကျမှာဖြစ်ပါတယ်။ အင်း ... မြန်မာမှာတော့ လူမစီးတဲ့ နေရာမှာ လျှပ်စစ်ရထားလေး for show လုပ်ပြဦးမယ်။
မြို့တော် အက်ဒစ်စ် အဘာဘာဟာ အာဖရိကတိုက်ရဲ့ နေချင့်စဖွယ်အကောင်းဆုံး မြို့တော်တွေထဲမှာ နံပါတ် ၈ ချိတ်ပါသတဲ့..။ ရန်ကုန်ကတော့ အမှိုက်သရိုက်တွေ၊ ကား ဂျမ်းဖြစ်မှုတွေ၊ မညီမညာ တိုက်တန်းတွေနဲ့ စုတ်ပြတ်နေရပြီ။
လူ တစ်ဦးချင်း ဝင်ငွေကတော့ ၂၀၁၄ မှာ ခန့်မှန်း ဒေါ်လာ ၁၆၀၀ ဖြစ်တယ်။ ၂၀၁၄ မှာ စီးပွားရေးတိုးတက်မှုနှုန်း ၁၀.၃ ရာနှုံးဖြစ်ပြီး ကမ္ဘာ့ တိုးတက်မှု အမြန်ဆုံး ၁၀ နိုင်ငံထဲမှာပါဝင်ပါတယ်။
အာဖရိကတိုက်ရဲ့ အဂတိလိုက်စားမှု အများဆုံး နိုင်ငံထဲမှာမပါခြင်းကလည်း ဒီလိုတိုးတက်စေတာဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ်ဟာ သူ့ဖောင်ဒေးရှင်းရုံးစိုက်ဖို့ အာဖရိက နိုင်ငံ အများကြီးထဲက ဘာလို့ ရွေးချယ်လဲဆိုတော့ အီသီယိုပီးယား အစိုးရရဲ့ ကတိကဝတ်ကို ယုံကြည်ရလို့ပါတဲ....။
တကယ်တော့ အီသီယိုပီးယားနိုင်ငံ ဆိုတာ ၁၉၈၃ မှာ ငတ်မွတ်ခေါင်းပါး ဘေးဆိုက်လို့ လူဦးရေ ၁ သန်းလောက်သေခဲ့ရတဲ့ နိုင်ငံပါ။ မိုက်ကယ်ဂျက်ဆင် စတဲ့ အနုပညာရှင်တွေ ဦးဆောင်ပြီး We are the World လို သီချင်းတွေ စပ်ဆို အလှုခံ ကျွေးခဲ့ရတာပါ။ မြန်မာပြည် ကတော့ ဆန်အိတ်တွေ တင်ပို့ပြီး ထောက်ပံပေးခဲ့ရပါသေးတယ်။
အခုတော့ မြန်မာနိုင်ငံကို အပြတ်ဖြတ်ကျော်သွားပါပြီ။
သူတို့တွေရဲ့ Do and Don't ဆောင်ပုဒ်က ငါတို့ အငတ်ဘေး ပြန်မဆိုက်အောင် ကြိုးစားကြ၊ ညီညွှတ်ကြပါတဲ့။
မြန်မာပြည်လို မညီမညွှတ်မဖြစ်စေနဲ့တဲ့။ ခုထိ မညီညွတ်လို့ ငါတို့နောက်မှာ ကျန်ခဲ့ပြီလို့ သတိပေးကြပါတယ်တဲ့။
credit: Shwe Moe Hein

#မကြာမီလာတော့မဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆေးခါးကြီး။

CEO ဆိုတဲ့အသုံးအနူန်းကို.မြန်မာနိုင်ငံက.ကုမ္ပဏီတွေသုံးကြတာ.နဲပါတယ်။.CEOရဲ့အရှည်ကောက်က."Chef Executive Officer"ဖြစ်ပါတယ်။.ကမ္ဘာပေါ်က.ဝန်ထမ်းထောင်.သောင်းချီရှိတဲ့ကုမ္ပဏီကြီတွေမှာ.CEOအသုံးအနူန်းကို.သုံးကြပါတယ်။.ဥပမာ.Microsoft,Apple,Samsung,Facebook.စတဲ့ကုမ္ပဏီကြီးတွေမှာပါ။

CEOဟာ.ကုမ္ပဏီတခုလုံးမှာ.လုပ်ပိုင်ခွင့်.ဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝရထားသူတယောက်ဖြစ်သလို.ကုမ္ပဏီအခြေအနေမကောင်းလို့.အရှုံးပေါ်လာရင်လဲ.အရင်ဆုံးအလုပ်ဖြုတ်ခံရသူက.CEOပါ။.ဒါကြောင့်.CEOတယောက်ရဲ့တာဝန်ဟာ.အရမ်းကြီးသလို.ကုမ္ပဏီတခုလုံးရဲ့ဆက်လက်ရှင်သန်ရပ်တည်မှုဟာလဲ.သူ့ရဲ့ဆုံးဖြတ်ချက်.အရည်အချင်းတွေပေါ်မှာ.လုံးဝမူတည်နေပါတယ်။

ကုမ္ပဏီကြီးတခု.အရှုံးပေါ်နေတယ်။.ကုမ္ပဏီပိတ်ပစ်ရတော့မယ်။.ဝန်ထမ်းတွေ.အဖြုတ်ခံရပြီး.အလုပ်လက်မဲ့ဘဝရောက်တော့မယ်။.ဒီတော့.ကုမ္ပဏီပိုင်ရှင်က.CEOကို.လျော်ကြေးပေးဖြုတ်ပစ်လိုက်တယ်။.CEOအသစ်တယောက်ခန့်လိုက်တယ်။

အသစ်ခန့်လိုက်တဲ့CEOဟာ.ရောက်ရောက်ချင်း.ဘာလုပ်သလဲ။.စတာနဲ့.ပတ်ကြမ်းတိုက်ပါတော့တယ်။.ဝန်ထမ်းတွေရဲ့လစာတွေလျှော့ချဖြတ်တောက်တယ်။.CEOကိုယ်တိုင်ကလဲ.လစာလျှော့ယူတယ်။. - (iPhone, iPadတွေထုတ်တဲ့.Appleကုမ္ပဏီကြီးဟာ.အရှုံးပေါ်နေလို့.၁၉၉၇ခုနှစ်ကနေ.၂၀၁၁ခုနှစ်အထိ.အဲဒီတုံးကCEOဖြစ်တဲ့.ကွယ်လွန်သွားရှာသူ"Steve Jobs"ဟာ.အဲဒီ(၁၄)နှစ်တာကာလမှာ.လစာအဖြစ်.တနှစ်ကို.တစ်ဒေါ်လာပဲ.ယူခဲ့ပါတယ်)။ - မလိုတဲ့လူပိုဝန်ထမ်းတွေ.လျော်ကြေးပေး.ဖြုတ်ပစ်တယ်။.အရာရှိတွေကို.တာဝန်ပိုထမ်းဆောင်ခိုင်းတယ်.ဒါပေမဲ့.သူတို့ရဲ့ခံစားခွင့်တွေတော့.လျှော့ချပစ်လိုက်တယ်။.ဆုကြေးတွေ.ဖြတ်တောက်လိုက်တယ်။.ဖေါက်သယ်တွေနဲ့.ပြေလည်အောင်မဆက်ဆံနိုင်တဲ့ဝန်ထမ်းတွေကို.ရာထူးလျှောချအပြစ်ပေးရင်း.ဖေါက်သယ်တွေရဲ့ယုံကြည်မှုပြန်ရအောင်လုပ်တယ်။.ကုမ္ပဏီအမြတ်ပြန်ပေါ်လာအောင်.နည်းလမ်းအမျိုးမျိုးရှာကြံတယ်။.တီထွင်မှုတွေလုပ်ကြတယ်။.ဒါတွေက.အကြမ်းပြောတာပါ။.အသေးစိပ်ပြောရမယ်ဆိုရင်တော့.စာတအုပ်စာလောက်ရှိပါတယ်။

ကုမ္ပဏီအခြေအနေပြန်ကောင်းလာပြီဆိုရင်.ဝန်ထမ်းတွေ.အရင်လစာပြန်ရပြီ။.ဆုကြေးတွေပြန်ရတယ်။.သူတို့လျှော့ယူခဲ့တဲ့လစာတွေကိုပြန်ပေးတယ်။

လွန်ခဲ့တဲ့(၁၀)နှစ်လောက်က.ကျနော်.အရင်လုပ်ခဲ့တဲ့.ဝန်ထမ်းတစ်ထောင်ကျော်ရှိတဲ့.စင်္ကာပူအစိုးရလက်အောက်ခံကုမ္ပဏီကြီးဟာ.အရှုံးပေါ်နေလို့.ပိတ်ပစ်ရတော့မလိုဖြစ်နေတယ်။.CEOအဖြုတ်ခံရတယ်။.နောက်ခန့်တဲ့.CEOအသစ်ဟာ.ထောင်ချီတဲ့ဝန်ထမ်းတွေအားလုံးကို.ကွင်းပြင်ကြီးတခုမှာခေါ်ပြီး.ပထမဆုံးမိတ်ဆက်စကားပြောတယ်။.သူ့မိတ်ဆက်စကားတွေမှာ.နားဝင်ချိုတဲ့စကားလုံးတွေမပါဘူး။.ဝန်ထမ်းတွေမကြားချင်တဲ့.စကားတွေပဲဖြစ်တယ်။.လစာတွေလျှော့ချမယ်။.အလုပ်ပိုလုပ်ကြ။.ကုမ္ပဏီရဲ့မလိုတဲ့အသုံးစရိတ်တွေဖြတ်တောက်မယ်။.လုပ်ပုံလုပ်နည်းစံနစ်တွေပြောင်းပစ်မယ်။.ဋ္ဌါနတွေကို.ပြန်ဖွဲ့စည်းပြီး.မလိုတော့တဲ့ဝန်ထမ်းတွေဖြုတ်ပစ်မယ်။.ဒါတွေကိုကြားရလို့.ဝန်ထမ်းတွေ.ဒေါသထွက်ကျသလား။.မထွက်ကြပါဘူး။.ဘာလို့လဲဆိုတော့.CEOလုပ်မဲ့အစီအစဉ်တွေဟာ.ကုမ္ပဏီကိုပြုတ်မသွားအောင်လုပ်ဖို့ဆိုတာ.နားလည်ကြလို့ပါ။.ကုမ္ပဏီဟာ.CEOဖေါ်စပ်တိုက်ကျွေးလိုက်တဲ့ဆေးခါးကြီးကို.၂နှစ်လောက်ကြိတ်မှိတ်မြိုချသောက်နေရင်းနဲ့.နာလန်ပြန်ထလာပါတယ်။.ကုမ္ပဏီဟာ.အမြတ်ငွေတွေ.ပြန်ပေါ်လာတယ်။.ဝန်ထမ်းတွေ.ဆုကြေးတွေပြန်ရလာတယ်။.လစာတွေတောင်.အတိုးခံကြရတယ်။

ဒီအကြောင်းကို.ရေးပြရတာက.တလောက.တော်ဝင်နှင်းဆီခန်းမမှာ.NLDဥက္ကဋ္ဌ.ဒ်ါအောင်ဆန်းစုကြည်က.ရွေးကောက်ခံNLDအမတ်တွေကို.ပြောသွားတာတွေနဲ့ပတ်သက်လို့ပါ။,အမတ်တွေကို.လစာဖြတ်တောက်မယ်၊.ပြည်သူတွေနဲ့ဆက်ဆံရေးကောင်းရမယ်၊.လဘ်စားတာတွေ့ရင်.ထောင်ထဲသွားရမယ်၊.ထောင်ဝင်စာလာတွေ့ရုံကလွဲလို့.ဘာအကူအညီမှမပေးဘူးစတဲ့ပြင်းပြင်းထန်ထန်ပြောသွားတာတွေ.မီဒီယာကနေဖတ်ရ.ကြားရပါတယ်။.နားထောင်တဲ့အမတ်တွေ.ဘယ်လိုခံစားရမယ်မသိပေမဲ့.ဖတ်ရတဲ့လူတွေတောင်.ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားလုံးတွေက.ပြင်းထန်လှချည်လား.ကြမ်းလှချည်လားလို့ဝေဖန်ကြတယ်။

အခုဒေါ်အောင်ဆန်းစုကြည်ဟာ.မြန်မာနိုင်ငံရဲ့CEOနဲ့တူနေပါတယ်။.CEOဆိုတာ.ကုမ္ပဏီကြီးတခုရဲ့အမြင့်ဆုံးရာထူးရယူထားသူပါ။.ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန်က.CEOထက်.အဆင့်အဆပေါင်းများစွာမြင့်လို့.တကယ်တော့.အဆင့်အတန်းအရ.နိုင်းယှဉ်ခြင်းမဟုတ်ပါ။.လုပ်ပုံလုပ်နည်းကိုပဲ.နိုင်းယှဉ်ပြချင်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ..စီးပွားရေးချွှတ်ခြုံကျနေပြီး.နိုင်ငံရေး.စီးပွားရေး.လူမှုရေးပညာရေး.ကျန်းမားရေး.ပြည်တွင်းငြိမ်းချမ်းရေးတွေအပါအဝင်အားလုံးဟာ.အနှစ်(၅၀)ကြာ.ပျက်စီးယိုယွင်းနေတဲ့မြန်မာနိုင်ငံတော်ကို.အမြန်ဆုံးပြန်လည်ထူထောင်ရမှာမို့.စောစောကပြောခဲ့တဲ့CEOလုပ်သလို.ဆေးခါးကြီးတွေတိုက်ကြွေးပါလိမ့်မယ်။.သူမရဲ့နားဝင်မချိုတဲ့အပြောတွေကြားရတော့မယ်။.လူတွေစည်းကမ်းရှိကြရတော့မယ်။.အလုပ်တွေပိုတိုးလုပ်ကြရတော့မယ်။.အလုပ်မဖြစ်တဲ့နည်းစံနစ်တွေပြောင်းပစ်မယ်။.လဘ်စားသူတွေကို.ထိထိရောက်ရောက်အရေးယူမယ်.တရားဥပဒေနဲ့မညီရင်.ဘယ်သူ့ကိုမှ.ညှာတာမှာမဟုတ်ဖူး.စတာတွေပေါ့။.အရင်က.ဗိုလ်ချုပ်အောင်ဆန်းရဲ့ရင်ထဲမှာရှိတာကို.ပွင့်ပွင့်လင်းလင်း.စကားလုံးကြမ်းကြမ်းတွေနဲ့ပြောခဲ့တဲ့စကားမျိုးတွေ.အခုပြန်ကြားရတော့မယ်။.အဲဒီတုံးက.အပြောကြမ်းလို့ဆိုပြီး.ဗိုလိချုပ်ကိုမုန်းသွားကြလို့လား။

သူမရဲ့တိုင်းပြည်အပေါ်ထားတဲ့စေတနာ.လူထုအပေါ်ထားတဲ့မေတ္တာတွေကို.ခံစားနားလည်သဘောပေါက်ကြမယ်ဆိုရင်.အမေစု.တိုက်ကြွေးမဲ့ဆေးခါးကြီးတွေကိုမြိုချသောက်သုံးဖို့.ကျနော်တို့အားလုံး.ဝန်မလေးကြဘူးလို့ထင်ပါတယ်။

ထပ်ဖြည့်ပါရစေ။.တသက်လုံးလဲ.ရောဂါမပျောက်တဲ့အပြင်.ရောဂါပိုဆိုးလာတဲ့ဆေးခါးကြီးတွေ.သောက်နေခဲ့ကြရတာပါ။.အခုမှ.ရောဂါတကယ်ပျောက်မဲ့ဆေးခါးကြီးသောက်ရတော့မှာပါ။

ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၃၀)ရက်



သိကောင်းစရာ : “ မြန်မာနိုင်ငံတွင်း အသုံးအများဆုံး ဝက်ဘ်ဆိုက်နှင့်လှုမှုကွန်ရက်များ ”
မြန်မာနိုင်ငံရှိထိပ်တန်း ဝက်(ဘ်)ဆိုဒ်မှာ အခြားနိုင်ငံများနှင့်များစွာ ကွာခြားမှုမရှိပဲ ထိပ်ဆုံးတွင် Google မှရပ်တည်နေပြီး နာမည်အကြီးဆုံး ဗီဒီယိုမျှဝေမှုဝက်(ဘ်)ဆိုဒ် Youtube, Alibaba နှင့် facebook တို့မှ အစဉ်လိုက်ရပ်တည်လျှက်ရှိသည်။ ထိပ်တန်းလူမှုကွန်ယက်တွေအနေနဲ့ Facebook, Viber, Wechat နှင့် Beetalk တို့ဖြစ်သည်။
(အချက်အလက်များကို wearesocial မှအချက်အလက်အချို့ကိုရယူပါသည်။)


Sunday, November 22, 2015

Facebook v57 + Messenger v50 Download apk
facebook version 57 download
messenger version 50 download

Monday, October 26, 2015

မှတ်ချက်။     ။ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို post ရဲ့ ကော်မန့်တွေမှာ အသေးစိတ်သေချာရှင်းပြထားပါတယ်။ ဖတ်ကြည့်ပေးပါ။

သိတဲ့သူတွေက ကစားနေကြပြီ။ ဒါပေမယ့် မသိတဲ့လူတွေ အရမ်းများလို့။

ပြီးတော့ ဘေးကလူတွေ ကို လုပ်ခိုင်းရင် အကောင့်တွေ ပါကုန်မှာစိုးလို့

step by step အသေးစိတ်ကို  1st comment အောက်က  replies နဲ့ အောက်ဆုံးကော်မန့် တွေမှာ ပုံနဲ့တကွ အသေးစိတ် ရှင်းပြထားပါတယ်။ အရေးကြီးပါသည်။
မိမိကိုယ်တိုင် သာ လုပ်ပါ။

ဘာမှ မသိသေးသူများ အဖို့ 1st comment အောက်က  replies နဲ့ အောက်ဆုံးကော်မန့် တွေကို သေချာဖတ်ပေးပါ။

ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို post ရဲ့ ကော်မန့်တွေမှာ အသေးစိတ်သေချာရှင်းပြထားပါတယ်။ ဖတ်ကြည့်ပေးပါ။

+++++++++++++++++++++++++++++++++++++++++++

ပြောလို့မှမဆုံးသေးဘူး။ Town Hall-11 လာတော့မယ်တဲ့။ LOL :V :V

သူငယ်ချင်းတို့ကို အကောင်းဆုံးအကြံဥာဏ်ပေးလိုက်မယ်။

ဒီကောင်တွေ ခိုင်းတာကို ကွန်ပြုတာနဲ့ပဲ ပြန်ယိုးခိုင်းလိုက်။

သိတဲ့သူတွေက သိကြမှာပါ။
သူများတွေထက်သာအောင်ဆိုပြီး တိတ်တိတ်လေး ဒိုင်လျှိုဆော့နေကြမှာ။  :3 :3

ကျွန်တော်ကတော့ အားလုံး သိအောင် ပြောလိုက်ပြီ။  :D :D

၁။ ကွန်ပြူတာ or laptop ရှိရမယ်
၂။ အင်တာနက်ရှိရမယ်။ ဒါဆိုရပြီ

clash farmer ဆိုတာရှိတယ်။ ကွန်ပြူတာက သူ့အလိုလိုရွှေရှာပေးတာ။

Town Hall-7,8 လောက်ဆို စပြီး run လို့ရပြီ

သူ့အလိုလို ကွန်ပြူတာက စစ်သားထုတ်ရွှေရှာ အကုန်လုပ်ပေးသွားမယ်။
ကိုယ်က အိပ်နေရုံပဲ။

ကွန်ပြူတာဖွင့်ထားခဲ့၊ အင်တာနက်ဖွင့်ထားခဲ့ ရုံပဲ

အပြင်သွားစရာရှိသွား၊ အလုပ်သွား၊ ကျောင်းသွားစရာရှိတာသွား၊

ပြန်လာရင် ရွှေတွေ အပြည့်ဖြစ်နေရော Wooh!! :D

barrack လည်း gem သုံးပြီး boost စရာ မလိုတော့လို့ gem ၁ တုံးမှ ကို မကုန်ဘူး။
gem တွေဆို ပိုလို့ :D

တစ်ရက် ပစ်ထားလိုက်ရင် ရွှေသိန်း ၄၀၊ ခရမ်းရောင်အရည် Elixir သိန်း ၄၀ လောက်ရတယ်။
၂ရက်ဆို သိန်း၈၀ ပြည့်ပြီပေါ့။ ကိုယ်ကြိုက်ရာ Defense, troops, upgrade လုပ်ရုံပဲ။

http://clashfarmer.com/static/ClashFarmer107f.rar  မှာ clash farmer ကို ဒေါင်းလုပ်ဆွဲလိုက်။

ကွန်ပြူတာ၊ လက်တော့မှာ blackstacks ရှိဖို့လိုတယ်။
bluestacks မရှိရင် ဒီမှာဒေါင်း

http://www.bluestacks.com/download.html

ဖုန်းသီးသန့်မှာတော့ မရဘူး။

အဲ့ဒါကြောင့် ဖုန်းနဲ့သီးသန့်ဆော့တဲ့သူတွေ အနေနဲ့ ကွန်ပြူတာ၊ laptop တစ်လုံးလောက်တော့လိုနေပြီနော်။

မဟုတ်ရင် ဖုန်းနဲ့သီးသန့်ဆော့တဲ့သူတွေထက် ကွန်ပြူတာနဲ့ ဆော့တဲ့သူတွေက အပြတ်အသတ် သာကုန်တော့မယ် :3

၁။ ကွန်ပြူတာမှာ Bluestacks ကို install လုပ်၊ ပြီးရင် bluestacks မှာ ဖုန်းအတိုင်းပဲ coc အကောင့်ထည့် ပြီးတာနဲ့ ဒီအတိုင်း bluestacks နဲ့ coc ရိုးရိုးဆော့ကြည့်။

၂။ အိုကေတယ်ဆိုရင် clash farmer ကို ကွန်ပြူတာမှာ ထပ်ပြီး install လုပ်

၃။ clash farmer မှာ settings ချိန်။ ကိုယ်လိုချင်တဲ့  ဘယ်လိုစခန်းမျိုးဆို တိုက်မလဲပေါ့။

ကိုယ်ဘယ်လောက် လိုချင်လဲ။ ဥပမာ gold ၁ သိန်းကျော်၊ elixir ၁သိန်းကျော်ဆို တိုက်မယ်ပေါ့။ search ဆိုတဲ့နေရာမှာ ချိန်ရမှာ

ပြီးတော့ live bases လား dead bases လား ထပ်ချိန်ပေး။

dead bases က သူများတွေပစ်ထားတဲ့ စခန်းအသေတွေပေါ့။
အဲ့ဒီစခန်းတွေက Xbow, Inferno တွေ ကျည်ဆံ reload မလုပ်ရသေးဘူးလေ။ အသေစခန်းတွေပေါ့။

Live bases က တော့ Xbow၊ Inferno တိုင် တွေ ကျည်အပြည့်နဲ့ စခန်းမျိုးပေါ့။
ကျနော်ကတော့ Dead bases only ပဲထားတယ်။
ပစ်ထားတဲ့စခန်းတွေက drill တွေလည်း အပြည့်ပဲလေ။

ဘယ်လို troops သုံးမှာလဲ။ ဒါ က troops settings မှာ ချိန်ပေါ့။

သာမန် farming ဆိုတော့ ထုံးစံအတိုင်း barbar archer ဒါမျိုးပေါ့။
တ၀က်စီ ၅၀% စီ ချိန်ထားလိုက်ပေါ့။

အဲ့မှာ settings ချိန်ပြီး Troops settings, Search settings, Attack Settings, အားလုံး ချိန်ပြီးပြီဆိုတာနဲ့

၎။ " Start Bot " ဆိုတာလေးကို နှိပ်လိုက်ရင် သူ့ဘာသူ non-stop ရှာပြီ။

ရပ်မယ်ဆိုရင် " Stop Bot " ပေါ့ :)

ကွန်ပြူတာ အင်တာနက်တော့ အမြဲတမ်းဖွင့်ထားရမယ်။

သူ့အလိုလို ကွန်ပြူတာက စစ်သားထုတ်ရွှေရှာ အကုန်လုပ်ပေးသွားမယ်။
ကိုယ်က အိပ်နေရုံပဲ။

မသိရင် သရဲက screen ခလုပ်တွေကို touch လုပ်နှိပ်နေသလိုပဲ။ ရေလည်မိုက်တယ်

3 မိနစ်နေရင် လာတိုက်တာတို့ဘာတို့ လုံးဝမရှိဘူး။
၆နာရီကြာလို့ your villagers need to rest တောင် စောင့်ပေးပြီး သူ့အလိုလို ပြန်ဝင်ပေးတယ်။

ကွန်ပြုတာလေး စစ်သားထုတ်ပြီး non-stop ရွှေရှာတိုက်နေတာကို ဘေးကကြည့်ရင်း
supercell က ဘယ်လောက်ဗျင်းထားလဲဆိုတာ ဘေးကကြည့်ပြီး PC လေးကိုတောင် သနားသွားလိမ့်မယ်။

ကျွန်တော်ကိုယ်တိုင်စမ်း ကြည့်တာ မကြာသေးဘူး။ အားလုံးအိုကေပဲ။
အခု TH-10 max တော့မယ် LOL
ကိုယ်တိုင် သောက်ချိန်ပေးပြီးလုံးဝမဆော့ဘူးနော်။ ပစ်ထားရုံပဲ။

clash farmer က ဘာ password  ဘာ gmail မှ မတောင်းဘူး။
သူ့တာဝန်က ဘယ်အကောင့်လာလာ auto စစ်သားထုတ်၊ ရွှေရှာပေးမယ်။ဒါပဲ။

တစ်ရက် ပစ်ထားလိုက်ရင် ရွှေသိန်း ၄၀၊ ခရမ်းရောင်အရည် elixir သိန်း ၄၀ လောက်ရတယ်။
၂ရက်ဆို သိန်း၈၀  ပြည့်ပြီပေါ့။ ကိုယ်ကြိုက်ရာ Defense, troops, upgrade လုပ်ရုံပဲ။

no more fucking wasting time

ကဲ COC ကို အဲ့လို သာဆော့ကြပေတော့။
အချိန်တန်ရင် ကွန်ုပြူတာက သူ့အလိုလိုဆောက်ပေးသွားလိမ့်မယ်။

ကွန်ပြူတာဖွင့်ထားခဲ့၊ အင်တာနက်ဖွင့်ထားခဲ့ ရုံပဲ

LED ကို power မီးပိတ်ထားခဲ့လို့ တော့ရ တယ်။
LED power မီးပိတ်ထားလည်း တိုက်နေတာပဲ။

ဒါပေမယ့် ကွန်ပြူတာကို Password Screen Lock Down တော့ ချလို့မရဘူး။
Computer ထဲမှာ Personal Data တွေရှိရင် အပြင်သွားရင် အခန်းတံခါးပိတ်သွားပေါ့။ :3 :3

အပြင်သွားစရာရှိသွား၊ အလုပ်သွား၊ ကျောင်းသွားစရာရှိတာသွား၊

ပြန်လာရင် ရွှေတွေ အပြည့်ဖြစ်နေရော Wooh!! :D

ကိုယ်က clan war လေးပဲ အပျင်းပြေတိုက်ပြီး ဂိမ်းကို ဂိမ်းလိုဆော့ကြပေတော့။

COC ပိရမစ်မှာ စခန်းကြီးကြီးပြီးထားတဲ့သူတွေကတော့ သူတို့ တွေကို  မှီကုန်တော့မယ်။

သူတို့နဲ့ လယ်ဗယ်ဖြစ်တော့မယ်ဆိုပြီး မနာလိုဖြစ်ပြီး စိတ်တွေဆိုးကြတော့မှာပဲ :D :D

မတတ်နိုင်ဘူး။

ဒီကောင်တွေ supercell ခိုင်းသမျှ ကိုလိုက်ဆောက်နေရင် လူပင်ပန်းခံဆော့တဲ့သူတွေ ကြာရင်ရွာသာကြီးရောက်ဖို့သာရှိတော့တယ်။

အခုချိန်ကစပြီး ကျောင်းသားတွေလည်း အေးဆေးစာကျက်လို့ရပြီ။
ကျန်လူတွေလည်း ကိုယ်လုပ်စရာ ရှိတာ အေးဆေးလုပ်လို့ရပြီ

COCက ဆောက်ခိုင်းသမျှ စောက်လုပ်တွေကို ကွန်ပြူတာက သူ့အလိုလို ရှာပေးသွားလိမ့်မယ်။

ကွန်ပြူတာဖွင့်ထားခဲ့၊ အင်တာနက်ဖွင့်ထားခဲ့ ရုံပဲ

ဂိမ်းကို ဂိမ်းလိုပဲ အေးရာအေးကြောင်း သက်သက်သာသာ ဆော့ကြပေတော့

၂ ရက်ကို သိန်း ၈၀ နှုန်းနဲ့ ( Gold + Elixir ) coc ဆော့သူ အားလုံး မီးရထားတွဲကြီးလိုပဲ တစ်အိအိနဲ့ အားလုံး အချိန်တန်ရင်  ရှေ့ဆင့်နောက်ဆင့် max ဖြစ်သွားမှာပဲ

ကိုယ့်နီးစပ်ရာ coc ရောဂါစွဲနေတဲ့ သူငယ်ချင်းတွေကိုလည်း ရှယ်ပေးပြီး ပြောပြကြပါ။

ဒီကောင်တွေ supercell  ဆောက်ခိုင်းသမျှ နွားလိုကုန်းရုန်းရှာမနေနဲ့တော့လို့
ကွန်ပြူတာကို ကွန်ပြူတာနဲ့ပဲပြန်ဆော့ခိုင်းပြီး အေးဆေး နေလို့ရပြီလို့

supercell ကို ယိုးမဲ့ကောင်ပေါ်လာပြီ :D :D

ဒီကောင်တွေ fix လုပ်လည်း နောက် အာ့မျိုး auto play software တွေ ထပ်ပေါ်လာအုန်းမှာပါ။

တကမ္ဘာလုံးဆော့နေကြတာ။ ဘန်းလို့မရဘူး ။

ကျနော်လည်း town hall -10 max ခါနီးပဲ။ မသေချာပဲ ဘယ်လုပ်ရဲပါ့မလဲ :D :D

X-mod လိုပဲ သူတို့ ဘန်းလို့မရဘူး။

အဲ့လို autoplay လို့မရအောင် သူတို့ COC ဂိမ်းကိုပဲ သူတို့ပြန် ကာတာမျိုးပဲ လုပ်လို့ရမယ်။

ဆော့တဲ့သူကို ဘမ်းလို့မရဘူး။

Stealth mode နဲ့ ဗျင်းထားတာ လိုက်စစ်လို့မရဘူး။

COC Town Hall-11 updates ထွက်လာရင်လည်း Clash Farmer website http://www.clashfarmer.com/ မှာ updated version ကို ဒေါင်းလုပ်ထပ်ဆွဲပေါ့။

COC အသစ်တစ်ခုထွက်လာရင် x-mod ကို update လုပ်ရသလိုမျိုးပေါ့

ကိုယ့်နီးစပ်ရာ coc ရောဂါစွဲနေတဲ့ သူငယ်ချင်းတွေကိုလည်း ရှယ်ပေးကြပါ။

၁။ ကွန်ပြူတာ or laptop ရှိရမယ်
၂။ အင်တာနက်ရှိရမယ်။ ဒါဆိုရပြီ
၃။ ကွန်ပြူတာ၊ လက်တော့မှာ blackstacks ရှိဖို့လိုတယ်။
bluestack မရှိရင် ဒီမှာဒေါင်း
http://www.bluestacks.com/download.html
bluestack မှာ ကိုယ့် coc အကောင့် ဖုန်းမှာလိုပဲ gmail ထည့်ဆော့
၎။ clash farmer ကို http://clashfarmer.com/static/ClashFarmer107f.rar  မှာ ဒေါင်းလုပ်ဆွဲလိုက်။
ပြီးတာနဲ့ ဖွင့် setting ချိန်၊ bluestack coc နဲ့ တွဲဆော့ပေတော့။

တစ်ရက် ပစ်ထားလိုက်ရင် ရွှေသိန်း ၄၀၊ ခရမ်းရောင်အရည် elixir သိန်း ၄၀ လောက်ရတယ်။
၂ရက်ဆို သိန်း၈၀  ပြည့်ပြီပေါ့။ ကိုယ်ကြိုက်ရာ Defense, troops, upgrade လုပ်ရုံပဲ။

no more fucking wasting time

ကဲ COC ကို အဲ့လို သာဆော့ကြပေတော့။

problem ရှိရင် solution ရှိရမယ်။ :V :V

ကဲ ဘော်ဒါတို့ supercell ကို ကွန်ပြူတာနဲ့ ပြန်ယိုးခိုင်းကြစို့ :D :D


Blogger Tips and TricksLatest Tips And TricksBlogger Tricks

ရှာလိုရာရှာပါ

Widgets for Blogger

Unordered List

Sample Text

Sample text

Blockquote

Pages

Powered by Blogger.

Social Icons

Social Icons

Followers

Featured Posts

ပြည်တောင်စုမြန်မာနိုင်ငံတော်အလံ


Popular Posts

Recent Posts

မေသက်ထားဆွေ

http://may-thet-htar-swe.blogspot.com/

Text Widget