HINTHADA CITY
ဟင်္သာတမြို့မှ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များအတွက် ကြော်ငြာများလက်ခံပေးနေပါသည်
Ads
smile smile smile smile smile smile
Monday, October 26, 2015
မှတ်ချက်။     ။ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို post ရဲ့ ကော်မန့်တွေမှာ အသေးစိတ်သေချာရှင်းပြထားပါတယ်။ ဖတ်ကြည့်ပေးပါ။
သိတဲ့သူတွေက ကစားနေကြပြီ။ ဒါပေမယ့် မသိတဲ့လူတွေ အရမ်းများလို့။
ပြီးတော့ ဘေးကလူတွေ ကို လုပ်ခိုင်းရင် အကောင့်တွေ ပါကုန်မှာစိုးလို့
step by step အသေးစိတ်ကို  1st comment အောက်က  replies နဲ့ အောက်ဆုံးကော်မန့် တွေမှာ ပုံနဲ့တကွ အသေးစိတ် ရှင်းပြထားပါတယ်။ အရေးကြီးပါသည်။
မိမိကိုယ်တိုင် သာ လုပ်ပါ။
ဘာမှ မသိသေးသူများ အဖို့ 1st comment အောက်က  replies နဲ့ အောက်ဆုံးကော်မန့် တွေကို သေချာဖတ်ပေးပါ။
ကြုံတွေ့နေရတဲ့ အခက်အခဲလေးတွေကို post ရဲ့ ကော်မန့်တွေမှာ အသေးစိတ်သေချာရှင်းပြထားပါတယ်။ ဖတ်ကြည့်ပေးပါ။
+++++++++++++++++++++++++++++++++++++++++++
ပြောလို့မှမဆုံးသေးဘူး။ Town Hall-11 လာတော့မယ်တဲ့။ LOL :V :V
သူငယ်ချင်းတို့ကို အကောင်းဆုံးအကြံဥာဏ်ပေးလိုက်မယ်။
ဒီကောင်တွေ ခိုင်းတာကို ကွန်ပြုတာနဲ့ပဲ ပြန်ယိုးခိုင်းလိုက်။
သိတဲ့သူတွေက သိကြမှာပါ။
သူများတွေထက်သာအောင်ဆိုပြီး တိတ်တိတ်လေး ဒိုင်လျှိုဆော့နေကြမှာ။  :3 :3
ကျွန်တော်ကတော့ အားလုံး သိအောင် ပြောလိုက်ပြီ။  :D :D
၁။ ကွန်ပြူတာ or laptop ရှိရမယ်
၂။ အင်တာနက်ရှိရမယ်။ ဒါဆိုရပြီ
clash farmer ဆိုတာရှိတယ်။ ကွန်ပြူတာက သူ့အလိုလိုရွှေရှာပေးတာ။
Town Hall-7,8 လောက်ဆို စပြီး run လို့ရပြီ
သူ့အလိုလို ကွန်ပြူတာက စစ်သားထုတ်ရွှေရှာ အကုန်လုပ်ပေးသွားမယ်။
ကိုယ်က အိပ်နေရုံပဲ။
ကွန်ပြူတာဖွင့်ထားခဲ့၊ အင်တာနက်ဖွင့်ထားခဲ့ ရုံပဲ
အပြင်သွားစရာရှိသွား၊ အလုပ်သွား၊ ကျောင်းသွားစရာရှိတာသွား၊
ပြန်လာရင် ရွှေတွေ အပြည့်ဖြစ်နေရော Wooh!! :D
barrack လည်း gem သုံးပြီး boost စရာ မလိုတော့လို့ gem ၁ တုံးမှ ကို မကုန်ဘူး။
gem တွေဆို ပိုလို့ :D
တစ်ရက် ပစ်ထားလိုက်ရင် ရွှေသိန်း ၄၀၊ ခရမ်းရောင်အရည် Elixir သိန်း ၄၀ လောက်ရတယ်။
၂ရက်ဆို သိန်း၈၀ ပြည့်ပြီပေါ့။ ကိုယ်ကြိုက်ရာ Defense, troops, upgrade လုပ်ရုံပဲ။
http://clashfarmer.com/static/ClashFarmer107f.rar  မှာ clash farmer ကို ဒေါင်းလုပ်ဆွဲလိုက်။
ကွန်ပြူတာ၊ လက်တော့မှာ blackstacks ရှိဖို့လိုတယ်။
bluestacks မရှိရင် ဒီမှာဒေါင်း
http://www.bluestacks.com/download.html
ဖုန်းသီးသန့်မှာတော့ မရဘူး။
အဲ့ဒါကြောင့် ဖုန်းနဲ့သီးသန့်ဆော့တဲ့သူတွေ အနေနဲ့ ကွန်ပြူတာ၊ laptop တစ်လုံးလောက်တော့လိုနေပြီနော်။
မဟုတ်ရင် ဖုန်းနဲ့သီးသန့်ဆော့တဲ့သူတွေထက် ကွန်ပြူတာနဲ့ ဆော့တဲ့သူတွေက အပြတ်အသတ် သာကုန်တော့မယ် :3
၁။ ကွန်ပြူတာမှာ Bluestacks ကို install လုပ်၊ ပြီးရင် bluestacks မှာ ဖုန်းအတိုင်းပဲ coc အကောင့်ထည့် ပြီးတာနဲ့ ဒီအတိုင်း bluestacks နဲ့ coc ရိုးရိုးဆော့ကြည့်။
၂။ အိုကေတယ်ဆိုရင် clash farmer ကို ကွန်ပြူတာမှာ ထပ်ပြီး install လုပ်
၃။ clash farmer မှာ settings ချိန်။ ကိုယ်လိုချင်တဲ့  ဘယ်လိုစခန်းမျိုးဆို တိုက်မလဲပေါ့။
ကိုယ်ဘယ်လောက် လိုချင်လဲ။ ဥပမာ gold ၁ သိန်းကျော်၊ elixir ၁သိန်းကျော်ဆို တိုက်မယ်ပေါ့။ search ဆိုတဲ့နေရာမှာ ချိန်ရမှာ
ပြီးတော့ live bases လား dead bases လား ထပ်ချိန်ပေး။
dead bases က သူများတွေပစ်ထားတဲ့ စခန်းအသေတွေပေါ့။
အဲ့ဒီစခန်းတွေက Xbow, Inferno တွေ ကျည်ဆံ reload မလုပ်ရသေးဘူးလေ။ အသေစခန်းတွေပေါ့။
Live bases က တော့ Xbow၊ Inferno တိုင် တွေ ကျည်အပြည့်နဲ့ စခန်းမျိုးပေါ့။
ကျနော်ကတော့ Dead bases only ပဲထားတယ်။
ပစ်ထားတဲ့စခန်းတွေက drill တွေလည်း အပြည့်ပဲလေ။
ဘယ်လို troops သုံးမှာလဲ။ ဒါ က troops settings မှာ ချိန်ပေါ့။
သာမန် farming ဆိုတော့ ထုံးစံအတိုင်း barbar archer ဒါမျိုးပေါ့။
တ၀က်စီ ၅၀% စီ ချိန်ထားလိုက်ပေါ့။
အဲ့မှာ settings ချိန်ပြီး Troops settings, Search settings, Attack Settings, အားလုံး ချိန်ပြီးပြီဆိုတာနဲ့
၎။ " Start Bot " ဆိုတာလေးကို နှိပ်လိုက်ရင် သူ့ဘာသူ non-stop ရှာပြီ။
ရပ်မယ်ဆိုရင် " Stop Bot " ပေါ့ :)
ကွန်ပြူတာ အင်တာနက်တော့ အမြဲတမ်းဖွင့်ထားရမယ်။
သူ့အလိုလို ကွန်ပြူတာက စစ်သားထုတ်ရွှေရှာ အကုန်လုပ်ပေးသွားမယ်။
ကိုယ်က အိပ်နေရုံပဲ။
မသိရင် သရဲက screen ခလုပ်တွေကို touch လုပ်နှိပ်နေသလိုပဲ။ ရေလည်မိုက်တယ်
3 မိနစ်နေရင် လာတိုက်တာတို့ဘာတို့ လုံးဝမရှိဘူး။
၆နာရီကြာလို့ your villagers need to rest တောင် စောင့်ပေးပြီး သူ့အလိုလို ပြန်ဝင်ပေးတယ်။
ကွန်ပြုတာလေး စစ်သားထုတ်ပြီး non-stop ရွှေရှာတိုက်နေတာကို ဘေးကကြည့်ရင်း
supercell က ဘယ်လောက်ဗျင်းထားလဲဆိုတာ ဘေးကကြည့်ပြီး PC လေးကိုတောင် သနားသွားလိမ့်မယ်။
ကျွန်တော်ကိုယ်တိုင်စမ်း ကြည့်တာ မကြာသေးဘူး။ အားလုံးအိုကေပဲ။
အခု TH-10 max တော့မယ် LOL
ကိုယ်တိုင် သောက်ချိန်ပေးပြီးလုံးဝမဆော့ဘူးနော်။ ပစ်ထားရုံပဲ။
clash farmer က ဘာ password  ဘာ gmail မှ မတောင်းဘူး။
သူ့တာဝန်က ဘယ်အကောင့်လာလာ auto စစ်သားထုတ်၊ ရွှေရှာပေးမယ်။ဒါပဲ။
တစ်ရက် ပစ်ထားလိုက်ရင် ရွှေသိန်း ၄၀၊ ခရမ်းရောင်အရည် elixir သိန်း ၄၀ လောက်ရတယ်။
၂ရက်ဆို သိန်း၈၀  ပြည့်ပြီပေါ့။ ကိုယ်ကြိုက်ရာ Defense, troops, upgrade လုပ်ရုံပဲ။
no more fucking wasting time
ကဲ COC ကို အဲ့လို သာဆော့ကြပေတော့။
အချိန်တန်ရင် ကွန်ုပြူတာက သူ့အလိုလိုဆောက်ပေးသွားလိမ့်မယ်။
ကွန်ပြူတာဖွင့်ထားခဲ့၊ အင်တာနက်ဖွင့်ထားခဲ့ ရုံပဲ
LED ကို power မီးပိတ်ထားခဲ့လို့ တော့ရ တယ်။
LED power မီးပိတ်ထားလည်း တိုက်နေတာပဲ။
ဒါပေမယ့် ကွန်ပြူတာကို Password Screen Lock Down တော့ ချလို့မရဘူး။
Computer ထဲမှာ Personal Data တွေရှိရင် အပြင်သွားရင် အခန်းတံခါးပိတ်သွားပေါ့။ :3 :3
အပြင်သွားစရာရှိသွား၊ အလုပ်သွား၊ ကျောင်းသွားစရာရှိတာသွား၊
ပြန်လာရင် ရွှေတွေ အပြည့်ဖြစ်နေရော Wooh!! :D
ကိုယ်က clan war လေးပဲ အပျင်းပြေတိုက်ပြီး ဂိမ်းကို ဂိမ်းလိုဆော့ကြပေတော့။
COC ပိရမစ်မှာ စခန်းကြီးကြီးပြီးထားတဲ့သူတွေကတော့ သူတို့ တွေကို  မှီကုန်တော့မယ်။
သူတို့နဲ့ လယ်ဗယ်ဖြစ်တော့မယ်ဆိုပြီး မနာလိုဖြစ်ပြီး စိတ်တွေဆိုးကြတော့မှာပဲ :D :D
မတတ်နိုင်ဘူး။
ဒီကောင်တွေ supercell ခိုင်းသမျှ ကိုလိုက်ဆောက်နေရင် လူပင်ပန်းခံဆော့တဲ့သူတွေ ကြာရင်ရွာသာကြီးရောက်ဖို့သာရှိတော့တယ်။
အခုချိန်ကစပြီး ကျောင်းသားတွေလည်း အေးဆေးစာကျက်လို့ရပြီ။
ကျန်လူတွေလည်း ကိုယ်လုပ်စရာ ရှိတာ အေးဆေးလုပ်လို့ရပြီ
COCက ဆောက်ခိုင်းသမျှ စောက်လုပ်တွေကို ကွန်ပြူတာက သူ့အလိုလို ရှာပေးသွားလိမ့်မယ်။
ကွန်ပြူတာဖွင့်ထားခဲ့၊ အင်တာနက်ဖွင့်ထားခဲ့ ရုံပဲ
ဂိမ်းကို ဂိမ်းလိုပဲ အေးရာအေးကြောင်း သက်သက်သာသာ ဆော့ကြပေတော့
၂ ရက်ကို သိန်း ၈၀ နှုန်းနဲ့ ( Gold + Elixir ) coc ဆော့သူ အားလုံး မီးရထားတွဲကြီးလိုပဲ တစ်အိအိနဲ့ အားလုံး အချိန်တန်ရင်  ရှေ့ဆင့်နောက်ဆင့် max ဖြစ်သွားမှာပဲ
ကိုယ့်နီးစပ်ရာ coc ရောဂါစွဲနေတဲ့ သူငယ်ချင်းတွေကိုလည်း ရှယ်ပေးပြီး ပြောပြကြပါ။
ဒီကောင်တွေ supercell  ဆောက်ခိုင်းသမျှ နွားလိုကုန်းရုန်းရှာမနေနဲ့တော့လို့
ကွန်ပြူတာကို ကွန်ပြူတာနဲ့ပဲပြန်ဆော့ခိုင်းပြီး အေးဆေး နေလို့ရပြီလို့
supercell ကို ယိုးမဲ့ကောင်ပေါ်လာပြီ :D :D
ဒီကောင်တွေ fix လုပ်လည်း နောက် အာ့မျိုး auto play software တွေ ထပ်ပေါ်လာအုန်းမှာပါ။
တကမ္ဘာလုံးဆော့နေကြတာ။ ဘန်းလို့မရဘူး ။
ကျနော်လည်း town hall -10 max ခါနီးပဲ။ မသေချာပဲ ဘယ်လုပ်ရဲပါ့မလဲ :D :D
X-mod လိုပဲ သူတို့ ဘန်းလို့မရဘူး။
အဲ့လို autoplay လို့မရအောင် သူတို့ COC ဂိမ်းကိုပဲ သူတို့ပြန် ကာတာမျိုးပဲ လုပ်လို့ရမယ်။
ဆော့တဲ့သူကို ဘမ်းလို့မရဘူး။
Stealth mode နဲ့ ဗျင်းထားတာ လိုက်စစ်လို့မရဘူး။
COC Town Hall-11 updates ထွက်လာရင်လည်း Clash Farmer website http://www.clashfarmer.com/ မှာ updated version ကို ဒေါင်းလုပ်ထပ်ဆွဲပေါ့။
COC အသစ်တစ်ခုထွက်လာရင် x-mod ကို update လုပ်ရသလိုမျိုးပေါ့
ကိုယ့်နီးစပ်ရာ coc ရောဂါစွဲနေတဲ့ သူငယ်ချင်းတွေကိုလည်း ရှယ်ပေးကြပါ။
၁။ ကွန်ပြူတာ or laptop ရှိရမယ်
၂။ အင်တာနက်ရှိရမယ်။ ဒါဆိုရပြီ
၃။ ကွန်ပြူတာ၊ လက်တော့မှာ blackstacks ရှိဖို့လိုတယ်။
bluestack မရှိရင် ဒီမှာဒေါင်း
http://www.bluestacks.com/download.html
bluestack မှာ ကိုယ့် coc အကောင့် ဖုန်းမှာလိုပဲ gmail ထည့်ဆော့
၎။ clash farmer ကို http://clashfarmer.com/static/ClashFarmer107f.rar  မှာ ဒေါင်းလုပ်ဆွဲလိုက်။
ပြီးတာနဲ့ ဖွင့် setting ချိန်၊ bluestack coc နဲ့ တွဲဆော့ပေတော့။
တစ်ရက် ပစ်ထားလိုက်ရင် ရွှေသိန်း ၄၀၊ ခရမ်းရောင်အရည် elixir သိန်း ၄၀ လောက်ရတယ်။
၂ရက်ဆို သိန်း၈၀  ပြည့်ပြီပေါ့။ ကိုယ်ကြိုက်ရာ Defense, troops, upgrade လုပ်ရုံပဲ။
no more fucking wasting time
ကဲ COC ကို အဲ့လို သာဆော့ကြပေတော့။
problem ရှိရင် solution ရှိရမယ်။ :V :V
ကဲ ဘော်ဒါတို့ supercell ကို ကွန်ပြူတာနဲ့ ပြန်ယိုးခိုင်းကြစို့ :D :D
==========
လက်၇ှိအချိန်အထိ MPT သည် Mobile ဖုန်းအသုံးပြုသူစုစုပေါင်း ၁၆ သန်း ရှိပြီး ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်၊ ပုံမှန်အသုံးပြုသူ ၆ သန်းကျော် ပိုင်ဆိုင်ထားသော အော်ပရေတာ တစ်ခုဖြစ်သည်။
xxxxxxxxxxxxxxxxx
"MPT မိုဘိုင်းဖုန်းများ သီတင်းကျွတ် လပြည့်နေ့တွင် အခမဲ့ SMS ပေးပို့နိုင် "
==========
သီတင်းကျွတ် ကာလ အထိမ်းအမှတ်အဖြစ် MPT သုံးစွဲသူများသည် အောက်တိုဘာလ ၂၈ ရက်နေ့ တစ်ရက်လုံး စာတိုပေးပို့မှုများကို အခမဲ့ပြုလုပ်နိုင်မည်ဖြစ်သည်။
အဆိုပါအစီအစဉ်သည် MPT ၏ GSM/WCDMA နှင့် CDMA သုံးစွဲသူအားလုံးအတွက်ဖြစ်ပြီး အောက်တိုဘာလ ၂၇ ရက် ည ၁၂းဝဝ နာရီကျော်မှသည့် အချိန်မှ စတင်၍ အောက်တိုဘာလ ည ၁၂းဝဝ နာရီ တိတိအချိန် (၂၄ နာရီ) အတွင်း MPT နံပါတ် အချင်းချင်းပေးပို့သည့် SMS စာတိုအားလုံး အခမဲ့ပေးပို့ရရှိမည်ဖြစ်သည်။ တစ်နေ့တာအတွက် မိုဘိုင်းဖုန်း နံပါတ်တစ်ခုလျှင် အများဆုံး SMS စောင်ရေ ၂၈ စောင် ပေးပို့နိုင်မည်ဖြစ်သည်။
လက်ရှိအချိန်အထိ MPT သည် Mobile ဖုန်းအသုံးပြုသူစုစုပေါင်း ၁၆ သန်းရှိပြီး ဆွေသဟာအသုံးပြုသူ ၁၀ သန်းကျော်၊ ပုံမှန်အသုံးပြုသူ ၆ သန်းကျော် ပိုင်ဆိုင်ထားသော အော်ပရေတာ တစ်ခုဖြစ်သည်။
Tuesday, October 20, 2015
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် ၂၃ ဦးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။
ဘောလုံးလောက၏ တစ်ဦးချင်းထူးချွန်ဆုများတွင် အမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရသည့် ထိုဆုအတွက် ပြီးခဲ့သည့်နှစ်က ဆုရရှိထားသည့် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို၊ လေးကြိမ်ဖြင့် အကြိမ်အများဆုံးရရှိထားသည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ကပင် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။
ထုတ်ပြန်ကြေညာခဲ့သည့် ဆန်ခါတင်စာရင်းတွင် အင်္ဂလန်ကစားသမားတစ်ဦးမှ ပါဝင်ခဲ့ခြင်း မရှိဘဲ ဗြိတိန်ကျွန်းပေါ်မှ ဝေးလ်လက်ရွေးစင် ရီးယဲလ်တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်တစ်ဦးသာ ပါဝင်ခဲ့သည်။
ပရီးမီးယားလိဂ်မှ အဂူရို၊ ဒီဘရိုင်း၊ ဟက်ဇက်၊ ဆန်းချက်ဇ်နှင့် ယာယာတိုရေးတို့သာ ပါဝင်ခဲ့ပြီး စီးရီးအေမှ ပေါ့ဂ်ဘာနှင့် ပြင်သစ်လိဂ်မှ အီဗရာဟီမိုဗစ်ခ်ျတို့သာ ပါဝင်ခဲ့သည်။
လာလီဂါမှ အများဆုံးပါဝင်ခဲ့ပြီး  ရီးယဲလ်အသင်းမှ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်၊ ဘန်ဇီမာ၊ တိုနီခရို့စ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ ပါဝင်ခဲ့ကာ ဘာစီလိုနာမှ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်၊ အင်နီယေစတာ၊ ရာကီတစ်၊ မာရှေယာနိုတို့ ပါဝင်ခဲ့သည်။
ဘိုင်ယန်မြူးနစ်အသင်းမှလည်း ဗီဒယ်၊ ရော်ဘင်၊ နျူအာ၊ မူလာ၊ လီဝန်ဒေါစကီးစသည့် ကစားသမားများပါဝင်ခဲ့သည်။
ဖီဖာသည် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၁၀ ဦးစာရင်းကိုလည်း ကြေညာခဲ့သည်။ ထိုနည်းပြဆယ်ဦးမှာ လူးဝစ္စအင်းနရစ်၊ မော်ရင်ဟို၊ အယ်လီဂရီ၊ အန်စလော့တီ၊ လောရင့်ဘလန့်၊ အမ်မရီ၊ ဂွါဒီယိုလာ၊ ဆမ်ပါအိုလီ၊ ဆီမြွန်နီနှင့် အာစင်ဝင်းဂါးတို့ ဖြစ်သည်။
နောက်ဆုံးဆုရရှိသူများကို နိုင်ငံလက်ရွေးစင်အသင်းများ၏ နည်းပြများနှင့် ကစားသမားများ၊ ကမ္ဘာတစ်ဝှမ်းလုံးမှ နိုင်ငံတကာအသိအမှတ်ပြု မီဒီယာများနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့က ရွေးချယ်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့၌ အခမ်းအနားကျင်းပကာ ဆုပေးအပ်မည် ဖြစ်သည်။
ဆန်ခါတင် ၂၃ ဦးစာရင်း
-----------------------------
အဂူရို(အာဂျင်တီးနား/ မန်စီးတီး)
ကီဗင်ဒီဘရိုင်း(ဘယ်လ်ဂျီယံ/ ၀ုဖ်ဘတ်/ မန်စီးတီး)
အီဒင်ဟက်ဇက်(ဘယ်လ်ဂျီယံ/ ချယ်လ်ဆီး)
ဆန်းချက်ဇ်(ချီလီ/ အာဆင်နယ်)
ယာယာတိုရေး(အိုင်ဗရီကို့စ်/ မန်စီးတီး)
စီရော်နယ်ဒို(ပေါ်တူဂီ/ ရီးယဲလ်)
ဂါရတ်ဘေးလ်(ဝေးလ်/ ရီးယဲလ်)
ဘန်ဇီမာ(ပြင်သစ်/ ရီးယဲလ်)
ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ကိုလံဘီယာ/ ရီးယဲလ်)
တိုနီခရို့စ်(ဂျာမနီ/ ရီးယဲလ်)
မက်ဆီ(အာဂျင်တီးနား/ ဘာစီလိုနာ)
နေမာ(ဘရာဇီး/ ဘာစီလိုနာ)
ဆွာရက်ဇ်(ဥရုဂွေး/ ဘာစီလိုနာ)
အင်နီယေစတာ(စပိန်/ ဘာစီလိုနာ)
ရာကီတစ်(ခရိုအေးရှား/ ဘာစီလိုနာ)
မာရှေယာနို(အာဂျင်တီးနား/ ဘာစီလိုနာ)
လီဝန်ဒေါစကီး(ပိုလန်/ ဘိုင်ယန်မြူးနစ်)
ရော်ဘင်(နယ်သာလန်/ ဘိုင်ယန်မြူးနစ်)
မူလာ(ဂျာမနီ/ ဘိုင်ယန်မြူးနစ်)
နျူအာ(ဂျာမနီ/ ဘိုင်ယန်မြူးနစ်)
ဗီဒယ်(ချီလီ/ ဂျူဗင်တပ်စ်/ ဘိုင်ယန်မြူးနစ်)
ပေါ့ဂ်ဘာ(ပြင်သစ်/ ဂျူဗင်တပ်စ်)
အီဗရာဟီမိုဗစ်ခ်ျ(ဆွီဒင်/ ပီအက်စ်ဂျီ)
အရည်အသွေးမြင့် ဖုန်းများကို သင့်တော်သည့်ဈေးနှုန်းဖြင့် ရောင်းချသည့် တရုတ်ကုမ္ပဏီသည် ၆၀ လက်မ 4K TV သစ်တစ်မျိုးကို တနင်္လာနေ့ က ဘေကျင်းမြို့တွင် ပြုလုပ်ခဲ့သောပွဲ၌ မိတ်ဆက်ပေးခဲ့သည်။
######
Xiaomi ၏ ၆၀ လက်မ 4K TV သစ်ကို ဒေါ်လာ ၈၀၀ အောက်ဖြင့် ရောင်းချမည်
=====
Xiaomi သည် ကုမ္ပဏီ၏ စမတ်ဖုန်းများကဲ့သို့ပင် စမတ်တီဗီလုပ်ငန်းကို အပြောင်းအလဲ ဖြစ်စေမည့် ထုတ်ကုန်သစ်တစ်မျိုးအား မိတ်ဆက်ပေးခဲ့သည်။
အရည်အသွေးမြင့် ဖုန်းများကို သင့်တော်သည့်စျေးနှုန်းဖြင့် ရောင်းချသည့် တရုတ်ကုမ္ပဏီသည် ၆၀ လက်မ 4K TV သစ်တစ်မျိုးကို တနင်္လာနေ့ က ဘေကျင်းမြို့တွင် ပြုလုပ်ခဲ့သောပွဲ၌ မိတ်ဆက်ပေးခဲ့သည်။
Ultra high-definition 4K resolution ဖြင့် ဖော်ပြပေးနိုင်သည့် screen အရွယ်အစားကြီးမားသည့် အဆိုပါ တီဗီကို ၄,၉၉၉ ယွမ် (၇၈၅ ဒေါ်လာ ခန့်) ဖြင့် ရောင်းချရန် စီစဉ်ထားကြောင်း အမှုဆောင် အရာရှိချုပ် လေဂျွန်က ပြောကြားခဲ့သည်။
Xiaomi ၏ ၆၀ လက်မ MiTV သစ်သည် တီထွင်ဆန်းသစ်ပြီး စမတ်တီဗီ အများစုကဲ့သို့ စပီကာများနှင့် အီလက်ထရွန်နစ်များကို ကိုယ်ထည်တွင် ထည့်ထားခြင်းသို့ မဟုတ်ဘဲ ၎င်း၏ motherboard နှင့် processor ကို ဖြုတ်နိုင် တပ်နိုင်သေ စပီကာတွင် ထည့်သွင်းထားသည်။ ထို့အတွက်ကြောင့် တီဗီ port အားလုံးကို display အစား သီးသန့် တည်ရှိသော စပီကာတွင်သာ တွေ့ရှိရမည် ဖြစ်သည်။ Screen နှင့် စပီကာကို singal နှင့် power line များ ပေါင်းစပ်ထားသော ကြိုးတစ်ချောင်းတည်းဖြင့် ချိတ်ဆက်ထားသည်။
MiTV 3 ကို နိုဝင်ဘာလ အစောပိုင်းတွင် တရုတ်နိုင်ငံ၌ ရောင်းချမည် ဖြစ်သည်။
http://www.internetjournal.media/news/4542
Monday, October 19, 2015
credit by channyein
အကြိုက်​ရှယ်ထားပေတော့...
ညတုန်းက မြန်မာစာတန်းထိုး ရုပ်ရှင်ဇာတ်ကား ၂၀၀ ကျော်ကို
စုစည်းပြီး တင်ပေးခဲ့တာ ပို့စ်က အရမ်းရှည်သွားတော့ ဖုန်းသမားတွေ ရှယ်လို့
မရ ဖြစ်သွားလို့ ၂ ခါခွဲပြီး တင်ပေးလိုက်ပါတယ်..
အမှတ်စဉ် ( ၁၀၀ ) ကို မြန်မာစာတန်းထိုးရုပ်ရှင် စုစည်းမှု ( ၁ )
အဖြစ် သီးသန့် ထက်တင်ပေးလိုက်ပါတယ်..
မြန်မာစာတန်းထိုးရုပ်ရှင် စုစည်းမှု ( ၂ ) ကို ထက်တင်ပေးသွားပါ့မယ်
အခု ဒီ စုစည်းမှု  မှာတော့ မြန်မာစာတန်းထိုး ရုပ်ရှင်းဇာတ်ကားပေါင်း
(၂၀၀) နှင့် ကမ္ဘာကျော် The Lord of the Rings ( ၃ ) ကား ၊
The Hobbit ( ၃ ) ကားနှင့်တကွ
Harry Potter  ဇာတ်လမ်းတွဲ ( ၈ ) ကား..
Buddha (လောကကိုအလင်းဆောင်သူ)ကို မြန်မာစာတန်းထိုး
အစအဆုံး ( ၅၄ ) ပိုင်းနှင့်
( ထောင်ဖောက်ကားအဖြစ်လူသိများလှ တဲ့ )
Prison Break Season အစအဆုံး မြန်မာစာတန်းထိုး ( ၈၂ ) ပိုင်းအပါအ၀င်
သရဲဖမ်းညီအကို ဇာတ်ကားအဖြစ် လူသိများလှ တဲ့
Supernatural ဇာတ်လမ်းတွဲကို season (1) ကနေ လက်ရှိပြီးသွားတဲ့ season (9)
အထိ အပိုင်း ( ၂၀၁)ပိုင်း ကို စုစည်းပေးထားပါတယ်..
ရုပ်ရှင် ဇာတ်ကားတွေကို A to Z အစဉ်အတိုင်း စုစည်းပေးထားပါတယ်..
ဒါပေမယ့် The Avengers (2012) ဆိုရင် ကျနော် A အဖြစ်ယူထားသလို
The Hobbit ဆိုရင်လည်း  Hobbit အဖြစ် အလွယ်သိတဲ့သူများတာမို့
H အဖြစ်နဲ့ ယူထားပါတယ်..
အဆင်မပြေတဲ့ ဇာတ်ကားရှိရင် နံပါတ် မှတ်ပြီး comments မှာ ပြောပေးခဲ့ပါ..
လွတ်လပ်စွာ ကူးယူမျှဝေ နိုင်ပါသည်....
မှတ်ချက်။ ( က ) ( ခ ) ( ဂ ) ( ဃ ) အဖြစ်
အသစ် ဖြည့်စွက် ထားပါတယ်..။
Posts by:#ချမ်းငြိမ်း-မှော်ဝန်း
movie.channyein.org/
https://www.facebook.com/pages/%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%BB%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8-%E1%80%B1%E1%80%99%E1%80%BD%E1%80%AC%E1%80%B9%E1%81%80%E1%80%94%E1%80%B9%E1%80%B8/497608463651384?fref=nf
(က) Buddha (လောကကိုအလင်းဆောင်သူ) မြန်မာစာတန်းထိုး
အစအဆုံး ၅၄ ပိုင်းရှိပါတယ်...
၅၄ ပိုင်းလုံးကို pCloud ကနေ တင်ပေးထားပါတယ်..
အောက်က လင့်ကမှာ တစုတစည်းတည်း ကြည့်နိုင်ပါတယ်
http://movie.channyein.org/2015/02/buddha.html
( ခ ) ကမ္ဘာကျော် ရုပ်ရှင် ဇာတ်ကားကြီးတွေအဖြစ်
ကျော်ကြားလှတဲ့ The Lord of the Rings ၃ ကားကို
မြန်မာစာတန်းထိုးနဲ့ အောက်က လင့်မှာ ကြည့်နိုင်ပါတယ်..
http://movie.channyein.org/search/label/The%20Lord%20of%20the%20Rings
( ဂ )  မြန်မာစာတန်းထိုး အန္ဒိယရုပ်ရှင် ၂၃ ကားကို
အောက်က လင့်ကနေ ကြည့်နိုင်ပါတယ်..။
http://movie.channyein.org/search/label/%E1%80%A1%E1%82%8F%E1%81%B5%E1%80%AD%E1%80%9A%E1%80%9B%E1%80%AF%E1%80%95%E1%80%B9%E1%80%9B%E1%80%BD%E1%80%84%E1%80%B9
( ဃ ) မြန်မာစာတန်းထိုး  Animation ရုပ်ရှင် ၂၆ ကား ကို
အောက်က လင့်ကနေ ကြည့်နိုင်ပါတယ်..။
http://movie.channyein.org/search/label/Animation
( ၂၀၀၁ ) ကနေ ( ၂၀၁၁ ) အထိ ( ၈ ) ကားထွက်ခဲ့တဲ့
ကမ္ဘာကျော် Harry Potter  ဇာတ်လမ်းတွဲပါ..
( ၈ ) ကားလုံး မြန်မာစာတန်းထိုးပါ..
( 1 ) Harry Potter and the Sorcerer's Stone (2001) မြန်မာစာတန်းထိုး
http://movie.channyein.org/2014/10/harry-potter-and-sorcerer-stone-2001.html
( 2 ) Harry Potter and the Chamber of Secrets (2002) မြန်မာစာတန်းထိုး
http://movie.channyein.org/2014/10/harry-potter-and-chamber-of-secrets-2002.html
( 3 ) Harry Potter and the Prisoner of Azkaban (2004) မြန်မာစာတန်းထိုး
http://movie.channyein.org/2014/10/harry-potter-and-prisoner-of-azkaban.html
( 4 ) Harry Potter and the Goblet of Fire (2005) မြန်မာစာတန်းထိုး
http://movie.channyein.org/2014/11/harry-potter-and-goblet-of-fire-2005.html
( 5 )  Harry Potter and the Order of the Phoenix (2007) မြန်မာစာတန်းထိုး
http://movie.channyein.org/2014/11/harry-potter-and-order-of-phoenix-2007.html
( 6 ) Harry Potter and the Half-Blood Prince (2009) မြန်မာစာတန်းထိုး
http://movie.channyein.org/2014/11/harry-potter-and-half-blood-prince-2009.html
( 7 ) Harry Potter and the Deathly Hallows Part 1 (2010)  မြန်မာစာတန်းထိုး
http://movie.channyein.org/2014/11/harry-potter-and-deathly-hallows-part-1.html
( 8 ) Harry Potter and the Deathly Hallows Part 2 (2011)  မြန်မာစာတန်းထိုး
http://movie.channyein.org/2014/12/harry-potter-and-deathly-hallows-part-2.html
အောက်မှာ A to Z အစဉ်အတိုင်း စုစည်းပေးလိုက်ပါတယ်..
( 1 ) 10,000 BC (2008) မြန်မာစာတန်းထိုး
Action | Adventure | Drama အမျိုးအစားဇာတ်ကားကောင်းလေးပါ..
http://movie.channyein.org/2015/01/10000-bc-2008.html
( 2 ) 3 idiots full movie (မြန်မာစာတန်းထိုး)
ကျနော်ကြည့်ဖူးသမျှ အန္ဒိယ ရုပ်ရှင်တွေထဲမှာ အကြိုက်ဆုံး ဇာတ်ကားပါ..
အန္ဒိယ လူအဖွဲ့အစည်းနှင့် ပညာရေးစနစ်ကို သာမက
အာရှတိုက်တခုလုံးရဲ့ ပညာရေးစနစ်တခုလုံးကိုပါ..
မေးခွန်းထုတ် သရော်ထားတဲ့ ဒီဇာတ်ကားဟာ
ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကား တကားလည်း ဖြစ်ပါတယ်..
http://movie.channyein.org/2015/01/3-idiots-full-movie.html
( 3 ) 12 Years a Slave (2013)  မြန်မာစာတန်းထိုး
တောင်းဆိုထားကြတဲ့ Biography | Drama | History
  အမျိုးအစားဇာတ်ကားလေးပါ.. IMDb မှာ Ratings: 8.2/10
ရတဲ့အထိ အောင်မြင်တဲ့ကားလေးမို့ မကြည့်ရသေးတဲ့
သူငယ်ချင်းတွေ ကြည့် ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ..
http://movie.channyein.org/2014/09/12-years-slave-2013.html
( 4 ) 300 Rise Of An Empire (2014) မြန်မာစာတန်းထိုး
http://movie.channyein.org/2014/11/300-rise-of-empire-2014.html
( 5 ) 47-Ronin ( 2013 ) မြန်မာစာတန်းထိုး
ကျနော်တင်ပေးဖူးသမျှ movie တွေ ထဲမှာ
လူကြည့် အများဆုံးလို့  ဆိုရအောင် အများနှစ်သက်ခဲ့ကြတဲ့ ကားလေးပါ.
http://movie.channyein.org/2014/12/47-ronin-2013.html
( 6 ) 407 Dark Flight 3D (2012) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကတော့ Horror အမျိုးအစား ထိုင်းသရဲကားပါ..
http://movie.channyein.org/2014/11/407-dark-flight-2012.html
( 7 ) 999-9999 ( မြန်မာစာတန်းထိုး)
ထိုင်းသရဲကားလေးပါ.. တော်တော်လေးကောင်းလို့
မြန်မာပြည်မှာတောင် copy ကားထွက်ခဲ့တဲ့ ဇာတ်ကားလေးလို့ ဆိုပါတယ်
http://movie.channyein.org/2014/10/999-9999.html
( 8 ) A Single Shot (2013) မြန်မာစာတန်းထိုး 
Crime | Drama | Thriller အမျိုးအစားဇာတ်ကားပါ..
http://movie.channyein.org/2014/11/a-single-shot-2013.html
( 9 ) The Avengers (2012) မြန်မာစာတန်းထိုး
Super Hero တွေ စုစည်းထားတဲ့  Action | Adventure | Sci-Fi
  အမျိုးအစား ဇာတ်ကားဖြစ်ပါတယ်..
http://movie.channyein.org/2015/02/the-avengers-2012.html
( 10 )  Avatar (2009) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကတော့ နိုင်ငံခြားရုပ်ရှင်တွေထဲမှာ
ကျနော်အနှစ်သက်ဆုံးလို့ ယူဆရမယ့် ဇာတ်ကားပါ..
http://movie.channyein.org/2014/12/avatar-2009.html
( 11 )  Aashiqui 2 (2013) မြန်မာစာတန်းထိုး
ဒီဇာတ်ကားလေးကတော့ IMDb မှာ Your rating: 7.1
အထိရထားတဲ့ Drama | Music | Musical အမျိုးအစား အိန္ဒိယဇာတ်ကားလေးပါ..
http://movie.channyein.org/2014/10/aashiqui-2-2013.html
( 12 ) After Earth (2013) မြန်မာစာတန်းထိုး
ပြီးခဲ့နှစ်က ထွက်ခဲ့တဲ့  Action | Adventure | Sci-Fi ဇာတ်ကားပါ..
တော်တော်များများသိပြီး ဖြစ်ကြမှာမို့ အညွန်းမရေးပေးတော့ပါဘူး..
ကြိုက်သူ မကြိုက်သူတွေ ကြားကဝေဖန်သံတွေ ညံခဲ့တဲ့ ဇာတ်ကားပါ။
http://movie.channyein.org/2014/12/after-earth-2013.html
( 13 ) The Amazing Spider-Man 2  ( မြန်မာစာတန်းထိုး )
မိတ်ဆက်မပေးတော့ဘူးနော်..
http://movie.channyein.org/2014/12/the-amazing-spider-man-2.html
( 14 ) Arthur Christmas (2011) မြန်မာစာတန်းထိုး
Animation | Comedy | Drama အမျိုးအစားဇာတ်ကားလေးပါ..
Christmas အမှတ်တရပေါ့..
http://movie.channyein.org/2014/12/arthur-christmas-2011.html
( 15 ) Apocalypto (2006) မြန်မာစာတန်းထိုး
ဒီကားကတော့ လူအများပြောနေကြတဲ့ ရေထဲမှာကလေးမွေးတဲ့
လူရိုင်းကားလေးပါပဲ နာမည်အလွန်ကြီးတဲ့ဇာတ်ကားလည်းဖြစ်ပါတယ်..
တော်တော်များများကြည့်ဖူးကြပြီး ဖြစ်မှာပါ... 
အဟောင်းဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့်
မရိုးနိုင်အောင်ကောင်းလွန်းလို့ မြန်မာဘာသာပြန်ပြီး
အများကြည့်နိုင်အောင်  မြန်မာစာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်..
http://movie.channyein.org/2014/12/apocalypto-2006.html
( 16 ) A Lonely Place to Die (2011)  မြန်မာစာတန်းထိုး
  Action | Adventure | Crime အမျိုးအစားဇာတ်ကားဟောင်းလေးပါ.
http://movie.channyein.org/2014/09/a-lonely-place-to-die-2011.html
( 17 ) Breaking the Girls (2013)  မြန်မာစာတန်းထိုး
Crime | Thriller  အမျိုးအစားအမျိုးသမီး ဇာတ်လမ်းလေးပါ.
http://movie.channyein.org/2014/12/breaking-girls-2013.html
( 18 ) Broken City (2013) မြန်မာစာတန်းထိုး
ဒီကားကတော့ Crime | Drama | Thriller   အမျိုးအစားဇတ်ကားလေးပါ..
မင်းသား Russell Crowe နဲ့ ထရယ်စမာကားထဲကလူကြိုက်များတဲ့ 
မင်းသား Mark Wahlberg တို့ပါဝင်သရုပ်ဆောင်ထားပါတယ်..
http://movie.channyein.org/2015/01/broken-city-2013.html
( 19 ) Bullett Raja (2013) မြန်မာစာတန်းထိုး
Action | Crime | Drama အမျိုးအစား အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးပါ.
http://movie.channyein.org/2014/11/bullett-raja-2013.html
( 20 ) Barfi! (2012) မြန်မာစာတန်းထိုး
Adventure | Comedy | Drama အမျိုးအစား အန္ဒိယ ဇာတ်ကားလေးပါ..
http://movie.channyein.org/2014/12/barfi-2012.html
( 21 ) Battleship (2012) မြန်မာစာတန်းထိုး
ဂြိုလ်သားတွေနဲ့ လူသားတွေ တိုက်ခိုက်တဲ့
Action | Adventure အမျိုးအစား  ကမ္ဘာကျော် ရုပ်ရှင်ဇာတ်ကားပါ.
http://movie.channyein.org/2014/11/battleship-2012.html
( 22 ) Blood of Redemption (2013) မြန်မာစာတန်းထိုး
ရုရှားအားနိုး အဖြစ် ကျနော်တို့ မြန်မာတွေ ခေါ်ကြတဲ့
Dolph Lundgren ရဲ့  Action | Crime | Drama အမျိုးအစားဇာတ်ကားပါ..
http://movie.channyein.org/2014/12/blood-of-redemption-2013.html
( 23 )  Big Mommas: Like Father, Like Son (2011)  မြန်မာစာတန်းထိုး
Action | Comedy | Crime အမျိုးအစားဇာတ်ကားပါ..
http://movie.channyein.org/2014/11/big-mommas-like-father-like-son-2011.html
( 24 ) Bbuddah Hoga Terra Baap (2011) မြန်မာစာတန်းထိုး
မင်းသားကြီး  Amitabh Bachchan ရဲ့ Action | Crime | Drama အမျိုးအစား ဇာတ်ကားဟောင်းလေးပါ.. Action | Crime | Drama ဇာတ်ကားဖြစ်တာမို့
မိတ်ဆက်ပေးဖို့မလိုဘူးထင်ပါတယ်..။
http://movie.channyein.org/2015/01/bbuddah-hoga-terra-baap-2011.html
( 25 ) Closed Circuit (2013) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကတော့ Crime | Drama | Mystery
အမျိုးအစားဖြစ်ပြီး သိပ်စိတ်ဝင်စားစရာ ဇာတ်ကားကောင်းလေးပါ..
ဇာတ်လမ်းအစကတော့ အကြမ်းဖက်ဖောက်ခွဲမှုတခု
အဲဒီနောက် ထောက်လှန်းရေးရဲ့ လက်တံရှည်ရှည်
အဲဒီနောက် တရားခံအဖြစ်ပုံဖေါ်မှုနဲ့ London ရဲ့
အကောင်းဆုံးရှေ့နေအဖြစ်သရုပ်ဆောင်တဲ့  မင်းသား Eric Bana နဲ့
မင်းသမီး Rebecca Hall တို့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးပါ..
http://movie.channyein.org/2014/10/closed-circuit-2013.html
( 26 ) Captain America: The Winter Soldier (2014) မြန်မာစာတန်းထိုး
ဒီဇာတ်ကား ကို မိတ်ဆက်ပေးစရာ မလိုဘူးထင်ပါတယ်..
http://movie.channyein.org/2014/12/captain-america-winter-soldier-2014.html
( 27 ) Captain America: The First Avenger (2011) မြန်မာစာတန်းထိုး
ဒီနှစ်ထဲမှာ ထွက်တဲ့  The winter soldier ကိုလည်းပြန်တင်ပေးထားပါတယ်..
http://movie.channyein.org/2014/12/captain-america-first-avenger-2011.html
( 28 ) Chinese Zodiac (2012) မြန်မာစာတန်းထိုး
Jackie Chan (ဂျက်ကီချမ်း) ရဲ့ ကိုယ်တိုင်ရေး ၊ ကိုယ်တိုင်ရိုက် ၊
ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားပြီး သူ့ရဲ့
အပြင်းစားနောက်ဆုံး အက်ရှင်ဇာတ်ကားဖြစ်တဲ့
Chinese Zodiac (2012) ကို မြန်မာစာတန်းထိုးနဲ့ တင်ပေးလိုက်ပါတယ်...
http://movie.channyein.org/2014/11/chinese-zodiac-2012.html
( 29 ) Carrie (2013) မြန်မာစာတန်းထိုး
Drama | Horror  ဆိုပေမယ့် Drama
ပိုဆန်တဲ့ကားလေးမို့ ကြည့်လို့ ကောင်းတဲ့ ဇာတ်ကားလေးပါ..
http://movie.channyein.org/2014/12/carrie-2013.html
( 30 ) Chennai Express (2013) မြန်မာစာတန်းထိုး
နာမည်ကျော် အိန္ဒိယ ရုပ်ရှင်မင်းသား Shah Rukh Khan ရဲ့
Action | Comedy | Romance အမျိုးအစား ဇာတ်ကားပါ.
http://movie.channyein.org/2014/10/chennai-express-2013.html
( 31 ) Croods (2013) မြန်မာစာတန်းထိုး
Animation | Adventure | Comedy အမျိုးအစားပါ..တောင်းဆိုထားတဲ့ သူလည်းတော်တော်များပါတယ်..ဇာတ်လမ်းကတော့ .........
ကမ္ဘာဦးခေတ်က မိသားစုလေးအကြောင်းကို ရိုက်ပြထားတဲ့
ဇာတ်ကားကောင်းလေးတစ်ခုပါ။ ကမ္ဘာကြီးဆင့်ကဲပြောင်းလဲမှုကြောင့်
သူတို့နေထိုင်ရာ ကျောက်ဂူလေးပျက်စီးသွားပြီးနောက်
အပြင်လောကထဲလျောက်သွားရင်း မိသားစုပြင်ပမှ
တီထွင်စဉ်းစားတတ်သော ကောင်လေးနှင့် ဆုံစည်းဖြစ်ခဲ့ပါတယ်။
ထူးခြားဆန်းပြားလှသော အပြင်လောကထဲ လျောက်သွားရင်း သာယာလှပသော...
http://movie.channyein.org/2014/12/croods-2013.html
( 32 ) Cyborg Girl (2008) မြန်မာစာတန်းထိုး
IMDb မှာ Ratings : 7.1 အထိရရှိခဲ့တဲ့
Action | Comedy | Romance အမျိုးအစား ဂျပန်ကားလေးပါ..
လူသားကောင်လေး နှင့် သူ့ချစ်သူ စက်ရုပ်မလေးတို့ရဲ့
ရင်ထဲ လှုပ်လှုပ်ခက်ခက် ခံစားရမယ့် ဇတ်ကားကောင်းလေးပါ..
http://movie.channyein.org/2014/12/cyborg-girl-2008.html
( 33 ) California Scheming (2014)  မြန်မာစာတန်းထိုး
လူငယ်အကြိုက် ဇာတ်ကားလေးပါ..
http://movie.channyein.org/2014/12/california-scheming-2014.html
( 34 ) Commando (2013) မြန်မာစာတန်းထိုး
Action အမျိုးအစား အိန္ဒိယ ဇာတ်ကားလေးပါ..
မကောင်းဘူးထင်လို့ မတင်ပဲ နေခဲ့တာ..
တော်တော်လေးကောင်းတယ် တင်ပေးပါလားဆိုလို့ တင်ပေးလိုက်ပါတယ်.
http://movie.channyein.org/2015/02/commando-2013.html
( 35 ) Commitment (2013) မြန်မာစာတန်းထိုး
Action | Drama အမျိုးအစား ကိုရီးယားဇာတ်ကားလေးပါ..
http://movie.channyein.org/2015/01/commitment-2013.html
( 36 )  Chariot ( 2013 ) မြန်မာစာတန်းထိုး
ဒီကားကတော့ Drama | Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်..
http://movie.channyein.org/2015/01/chariot-2013.html
( 37 ) Dracula Untold (2014) မြန်မာစာတန်းထိုး
http://movie.channyein.org/2014/12/dracula-untold-2014.html
( 38 )  Doomsday (2008) မြန်မာစာတန်းထိုး
Action | Horror | Sci-Fi အမျိုးအစားဇာတ်ကားလေးပါ..
တော်တော်လေးကောင်းဆို ခဏဆိုပြီး ဖွင့်ကြည့်မိတာ
ဇာတ်ကားဆုံးအောင်တခါတည်း ကြည့်လိုက်မိကြသူတွေ
တော်တော်များတဲ့ ဇာတ်ကားကောင်းလေးပါ..
http://movie.channyein.org/2015/01/doomsday-2008.html
( 39 )  Divergent (2014) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကတော့့ စိတ်ဝင်စားဖို့ကောင်းပါတယ်။  
ဇာတ်လမ်းအကျဉ်းကတော့ ကမ္ဘာစစ်ကြီးဖြစ်အပြီးမှာ
ကျန်ခဲ့တဲ့ မြို့တစ်မြို့ကို အခြေခံပြီးရိုက်ထားပါတယ်။
http://movie.channyein.org/2014/08/divergent-2014.html
( 40 ) Dark.Touch (2013) မြန်မာစာတန်းထိုး
Adventure | Horror သရဲကားအမျိုးအစားဇာတ်ကားဖြစ်ပါတယ်
စိတ်လှုပ်ရှားစရာ စိတ်ဝင်စားစရာဇာတ်လမ်းလေးပါ
http://movie.channyein.org/2014/12/darktouch-2013.html
( 41 ) Despicable Me 2(2013) မြန်မာစာတန်းထိုး
ဒီဇာတ်ကားလေးကတော့ The best animated film Oscar awards
ရရှိခဲ့တဲ့ ဇာတ်ကားလေးပါ.
http://movie.channyein.org/2014/09/despicable-me-22013.html
( 42 ) Date and Switch (2014) မြန်မာစာတန်းထိုး
ရယ်သောသူသည် အသက်ရှည်၏..
တခါတလေ ပေါ့ပေါ့ပါးပါး ခံစားကြည့်ရတာပေါ့..
ဟာသ ဆိုပေမယ့် ကျနော်တို့ ဆီကလို ငပေါကားမျိုးမဟုတ်သလို
ပေါ့ပေါ့ပါးပါး ဆိုပေသိ ပေါ့ပျက်ပျက် ခံစားရမှာမျိုးမဟုတ်ပါဘူး..
မကြည့်ရသေးတဲ့ သူငယ်ချင်းတွေ ကြည့် ကြည့်ပါ..
http://movie.channyein.org/2015/03/date-and-switch-2014.html
( 43 ) Dhoom-3 ( မြန်မာစာတန်းထိုး)
မြန်မာတွေကြားမှာတော့ သူခိုးဇာတ်ကားအဖြစ် နာမည်ကြီးတဲ့
ဒီကားမှာ အက တွေ ပိုမိုမြိုင်ဆိုင်လာသလို  အရင်  ၁ နဲ့ ၂ မှာ နဲ့ မတူတဲ့
ပုံစံနဲ့ မို့ တမျိုကြည့်ကောင်းပြန်ပါတယ်..
မင်းသားကတော့ 3 Idiots (2009) အပါအ၀င်
အခုတလော နာမည်ကြီးနေတဲ့ PK (2014) ဇာတ်ကားတွေရဲ့
မင်းသားဖြစ်တဲ့Aamir Khan ပါဝင်သရုပ်ဆောင်ထားတာပါ..
http://movie.channyein.org/2015/01/dhoom-3.html
( 44 ) Death Race 2 (2010) မြန်မာစာတန်းထိုး
ဇာတ်ကားကတော့ လူတိုင်းသိပြီးဖြစ်ကြမှာပါ..
Jason Statham ရဲ့ Death Race ကိုမနေ့ကတင်ပေးခဲ့ပါတယ်..
နောက်ဆက်တွဲအဖြစ် Death Race 2 ဆိုပြီး Luke Goss နဲ့ ဆက်ရိုက်ထားတာပါ..ကောင်းမကောင်းကတော့ Death Race 3 ဆိုပြီး ဆက်ထွက်ခဲ့တာကို
ကြည့်တာနဲ့ သိပါတယ်.. Death Race 3 ကိုလည်း ဆက်တင်ပေးပါ့မယ်..
http://movie.channyein.org/2014/12/death-race-2-2010.html
( 45 ) Death Race 3 (2012) မြန်မာစာတန်းထိုး
Action | Sci-Fi | Thriller အမျိုးအစား ထောင်သားတွေရဲ့
သေမင်းကားပြိုင်ပွဲပါ.. ဒီဇာတ်ကားမှာတော့ လှည့်ကွက်လေးနဲ့
အဆုံးသတ်ထားပါတယ်...
http://movie.channyein.org/2014/12/death-race-3-2012.html
( 46 ) Dawn of the Planet of the Apes (2014) မြန်မာစာတန်းထိုး
http://movie.channyein.org/2014/11/dawn-of-planet-of-apes-2014.html
( 47 ) Eagle Eye (2008)  မြန်မာစာတန်းထိုး
Action | Mystery | Thriller အမျိုးအစား ဇာတ်ကားဟောင်းလေးပါ
http://movie.channyein.org/2014/11/eagle-eye-2008.html
( 48 ) Edge of Tomorrow (2014) မြန်မာစာတန်းထိုး
၂၀၁၄ ရဲ့ အကောင်းဆုံး ဇာတ်ကားတွေပြပါဆိုရင်
ဒီဇာတ်ကားကို ချန်ထားလို့ မရပါဘူး..
ဒီတော့ ဇာတ်ကားကောင်းတကား ကြည့်သင့်တဲ့ ဇာတ်ကားပေါ့..
  LIVE DIE REPEAT....ဆိုတော့...
http://movie.channyein.org/2014/12/edge-of-tomorrow-2014.html
( 49 ) Epic (2013)  မြန်မာစာတန်းထိုး
Animation ချစ်သူတွေအတွက် Animation | Adventure | Family
အမျိုးအစား Epic (2013) ကို မြန်မာစာတန်းထိုး နဲ့တင်ပေးလိုက်ပါတယ်..
ကျနော်ကတော့ အားလပ်ရက်တွေမှာ ဒီလိုဇာတ်ကားလေးတွေ
ကြည့်ဖြစ်တာများပါတယ်..ပြီးတော့ ဒီကားလေးကအပျင်းပြေတင်မက
သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်အောင် စောင့်ရှောက်တန်ဖိုးထားတတ်အောင်
ပြီးတော့ ကျနော်တို့ နေ့စဉ်ထိတွေ့နေတဲ့ သဘာဝပတ်ဝန်းကျင်မှာ
ကျနော်တို့လို သက်ရှိတွေ ရှိနေတာတွေ..
သူတို့တတွေရဲ့ သဘာဝပန်းချီကားတချက်ဟာ
သက်ဝင်နေလှုပ်ရှားနေတာတွေကို ဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးပါ..
http://movie.channyein.org/2015/01/epic-2013.html
( 50 ) frozen full movie 2013 (မြန်မာစာတန်းထိုး) 
ဒီဇာတ်ကားကတော့ The best animated film Oscar awards.
ရရှိခဲ့ တဲ့ ဇာတ်ကားလေးဖြစ်သလို 
ကျနော်အကြိုက်ဆုံး Animation ဇာတ်ကားလည်းဖြစ်ပါတယ်.
http://movie.channyein.org/2014/12/frozen-full-movie-2013.html
( 51 ) Fury (2014)မြန်မာစာတန်းထိုး
Brad Pitt ရဲ့ လူပြောအတော်များနေတဲ့
  Action | Drama | Warအမျိုးအစား ဇာတ်ကားသစ်ပါ..
IMDb မှာ Ratings: 7.8/10 အထိရထားတဲ့ ဇာတ်ကားပါ..
ဇာတ်လမ်းကတော့ ဒုတိယကမ္ဘာစစ်အတွင်းက စစ်မြေပြင်
ကိုရှုထောင့်အမျိုးမျိုးကနေ တင်ပြထားတဲ့ ဇာတ်ကားပါ။
http://movie.channyein.org/2015/01/fury-2014.html
( 52 ) Fast & Furious 6 (2013) မြန်မာစာတန်းထိုး
Vin Diesel, Paul Walker, Dwayne Johnson တို့ရဲ့ ဇာတ်ကားပါ..
http://movie.channyein.org/2014/08/fast-furious-6-2013.html
( 53 ) Final Destination 5 (မြန်မာစာတန်းထိုး)
ဒီဇာတ်ကားကိုတော့ အသည်းငယ်တဲ့သူတွေ မကြည့်ပါနဲ့လို့ပဲ..
ကြိုတင် အသိပေးပါရစေ.. သေမင်းနဲ့ ဆက်နွယ်သူ တစုနှင့်
သူတို့နဲ့ ပတ်သတ်သူတွေကြုံတွေရတဲ့
သေခြင်းတရားတွေကို.. သဲထိတ်ရင်လှိုက် ခံစားရမဲ့ ဇာတ်လမ်းပါ
http://movie.channyein.org/2014/11/final-destination-5.html
( 54 ) Ghost ( 1990 )  မြန်မာစာတန်းထိုး
ဒီ Ghost ကတော့ တချိန်က ကမ္ဘာကျော်တဲ့ ဝိညာဉ်ချစ်သူကားလေးဖြစ်ပါတယ်
http://movie.channyein.org/2014/11/ghost-1990.html
( 55 ) Guardians of the Galaxy (2014) မြန်မာစာတန်းထိုး
ဒီGuardians of the Galaxy ဇာတ်ကားက ၂၀၀၈ခုနှစ်မှာ
အသစ် ပြန်ရေးထားတဲ့ ဇာတ်လမ်းကို အခြေခံထားတာဖြစ်ပါတယ်။
သူတို့အဖွဲ့မှာ Peter Quill / Star-Lord, Rocket Raccoon, Quasar, Adam Warlock, Gamora, Drax the Destroyer, နဲ့ Groot တို့အဓိကပါဝင်ပါတယ်။
Marvel Universe တစ်ခုတည်းမှာဖြစ်တာကြောင့် Avengers: The Earth Mightiest Heros နဲ့ Ultimate Spider-man ကာတွန်းဇာတ်လမ်းတွဲမှာ
Cameo ပါဝင်ဖူးတာကလွဲရင် ဒါက ပထမဆုံးအကြိမ်
ပိတ်သားထက်မှာကြည့်ရမှာဖြစ်ပါတယ်။
http://movie.channyein.org/2015/01/guardians-of-galaxy-2014.html
( 56 ) Gravity (2013) မြန်မာစာတန်းထိုး
ဇာတ်ကားကတော့...ကြည့်ကိုကြည့်သင့်တဲ့ကားပါ..။
ကဲစထဲကပြောထားလိုက်ပြီ။
မကြိုက်တဲ့ သူတွေက ဘာလို့ မကြိုက်ကြလည်းတော့မသိဘူး။
အကောင်းတကာ့ အကောင်းဆုံးကားတွေထဲမှာ ဒီကားလည်းပါပါတယ်။
http://movie.channyein.org/2015/02/gravity-2013.html
( 57 ) G.I. Joe: Retaliation (2013) မြန်မာစာတန်းထိုး
အဟောင်းဆိုပေမဲ့ FB မှာတောင်းဆိုတာများလို့
update လုပ်ပေးလိုက်ပါတယ်...
http://movie.channyein.org/2015/01/gi-joe-retaliation-2013.html
( 58 )  Hours ( 2013 ) မြန်မာစာတန်းထိုး
ဒီကားကတော့ အများသိကြတဲ့ ကွယ်လွန်သွားတဲ့
မင်းသားချော Paul Walker ရဲ့
Drama | Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပါတယ်
http://movie.channyein.org/2015/01/hours-2013.html
( 58 )  The Hunger Games: Catching Fire (2013)  မြန်မာစာတန်းထိုး
  အွန်လိုင်းမှာ ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့တဲ့
Jennifer Lawrence ရဲ့ နာမည်ကြီး ဇာတ်ကားလေးပါ
http://movie.channyein.org/2014/12/the-hunger-games-catching-fire-2013.html
( 60 ) Hachiko A Dog's Story (2009) မြန်မာစာတန်းထိုး
သနားစရာ ခွေးလိမ္မာလေးရဲ့ သခင်ပေါ်သစ္စာစောင့်သိမှုကို
ပေါ်လွင်အောင်ရိုက်ပြထားတဲ့ ကောင်းကားလေး တစ်ကားပါ
မကြည့်ရသေးသူတွေ ကြည့်ဖြစ်အောင်ကြည့်ပါ..
မျက်ရည်ကျလောက်အောင် ကောင်းပါတယ်..
http://movie.channyein.org/2015/01/hachiko-dog-story-2009.html
( 61 ) Hercules  (2014)မြန်မာစာတန်းထိုး
Action | Adventure အမျိုးအစားဖြစ်ပြီး
admin K.M.A ကမြန်မာဘာသာပြန်ပေးလို့
1080p bluray quality နဲ့ မြန်မာစာတန်းတွဲပြီးတင်ပေးလိုက်ပါတယ်..
Action | Adventure  အမျိုးအစားဖြစ်သလို ဒီနှစ်ထဲ ထွက်တဲ့
Hercules ကား ၃ ကားထဲမှာ လူကြိုက်အများဆုံး ဇာတ်ကားလည်းဖြစ်ပါတယ်..
http://movie.channyein.org/2014/11/hercules-2014.html
( 62 ) The Hobbit: The Battle of the Five Armies (2014) မြန်မာစာတန်းထိုး
ရုပ်သံအကြည် စာတန်းထိုးအမှန်နဲ့ တင်ပေးလိုက်ပါတယ်..။
  ဒီကားက တော့ Hobbit ဇာတ်လမ်းတွဲရဲ့ နောက်ဆုံးပိတ် ဖြစ်ပြီး၊
Middle Earth ဇာတ်လမ်းတွေရဲ့ ပရိတ်သတ်တွေအတွက်
နောက်ဆုံးပိတ် နုတ်ဆက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။
http://movie.channyein.org/2015/02/the-hobbit-battle-of-five-armies-2014.html
( 63 ) The Hobbit The Desolation of Smaug (2013) မြန်စာစာတန်းထိုး
ဒီဇာတ်ကားကိုတော့ မိတ်ဆက်ပေးစရာ မလိုဘူးထင်ပါတယ်..
http://movie.channyein.org/2015/02/the-hobbit-desolation-of-smaug-2013.html
( 64 ) The Hobbit ; An Unexpected Journey (2012) မြန်မာစာတန်းထိုး
ဒီကားကတော့ Hobbit ဇာတ်လမ်းတွဲရဲ့ပထမဆုံး ဇာတ်လမ်းပါ
ပရိတ်သတ်တွေအတွက် ပထမဆုံးမိတ်ဆက်တဲ့ ဇာတ်ကားဖြစ်ပါတယ်။
အထူးမိတ်ဆက်ပေးဖို့မလိုတော့ပါဘူး
အပိုင်း( ၁ )( ၂ )( ၃ ) အစုံ ကြည့်နိုင်အောင် တင်ပေးထားပါတယ်..
http://movie.channyein.org/2015/02/the-hobbit-unexpected-journey-2012.html
( 65 ) How to Train Your Dragon 2 (2014) မြန်မာစာတန်းထိုး
  Animation | Action | Adventure  အမျိုးအစားပါ..
http://movie.channyein.org/2014/10/how-to-train-your-dragon-2-2014.html
( 66 ) I.Frankenstein.2014 (မြန်မာစာတန်းထိုး)
ကြည့်လို့ ဒေါင်းလို့ အဆင်မပြေတဲ့ သူတွေအတွက်
YouTube ကနေထက်တင်ပေးထားပါတယ်..
ဒီဇာတ်ကားတော့ ဒီနှစ်အစောပိုင်းထွက်ခဲ့တဲ့ ရုပ်ရှင်တွေထဲမှာ
လူကြိုက်အများဆုံးဇာတ်ကား ဆိုရင်လည်းမမှားပါဘူး..
http://movie.channyein.org/2014/11/ifrankenstein2014.html
( 67 ) In Fear (2013) မြန်မာစာတန်းထိုး
Horror | Mystery | Thriller အမျိုးအစားပါ..
သဲထိတ်ရင်ဖို ဇာတ်လမ်းတွေ နှစ်သက်တဲ့ သူငယ်ချင်းတွေ
လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်း တကားပါ
http://movie.channyein.org/2014/10/in-fear-2013.html
( 68 )  Issaq (2013) မြန်မာစာတန်းထိုး
   Action, Drama  အမျိုးအစားဇာတ်ကားပါ..
http://movie.channyein.org/2014/11/issaq-2013.html
( 68 ) John Wick (2014) မြန်မာစာတန်းထိုး
2014 ရဲ့ အကောင်းဆုံး Action ဇာတ်ကားလို့ ဆိုနိုင်တဲ့ John Wick (2014) မကြည့်ရသေးရင် ကြည့် ဖို့တိုက်တွန်းလိုက်ပါရစေ..
http://movie.channyein.org/2015/03/john-wick-2014.html
( 70 ) Just Like a Woman (2012) မြန်မာစာတန်းထိုး
မင်းသမီး Sienna Miller နဲ့ Iran မင်းသမီးချောလေး Golshifteh Farahani တို့
ပါဝင်သရုပ်ဆောင်ထား Drama ဇာတ်ကားလေးပါ..
ဟာသနှောထားတဲ့ ဇာတ်မြုးလေးဖြစ်သလို ဆွဲဆောင်မှုရှိလှတဲ့ ဇာတ်ကားလေးပါ..
http://movie.channyein.org/2014/11/just-like-woman-2012.html
( 71 ) Journey to the West (2013)မြန်မာစာတန်းထိုး
ဟာသ လေးပါးပါးခပ်ထားတဲ့ ဟင်းကောင်းတခွက်လို့ ရသစုံတဲ့ ဇာတ်ကားလေးပါ..
http://movie.channyein.org/2014/12/journey-to-west-2013.html
( 72 )  22 Jump Street (2014)မြန်မာစာတန်းထိုး
Action | Comedy | Crime အမျိုးအစားဇာတ်ကားလေးပါ..
ပေါ့ပေါ့ပါးပါး ဟာသ Action နှစ်သက်သူတွေ
လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးပါ...
http://movie.channyein.org/2015/01/22-jump-street-2014.html
( 73 ) 21 Jump Street (2012) မြန်မာစာတန်းထိုး
Action | Comedy | Crime အမျိုးအစား ဇာတ်ကားလေးပါ..
22 Jump Street ( 2014 )ကိုလဲတင်ပေးထားဖူးပါတယ်..
ကမ္ဘာကျော်ဟာသ ကားတွေမို့ ကြည့်ဖြစ်အောင်သာကြည့်ပါ..
http://movie.channyein.org/2015/02/21-jump-street-2012.html
( 74 )  John Carter (2012) မြန်မာစာတန်းထိုး
Action | Adventure | Fantasy အမျိုးအစားဇာတ်ကားဖြစ်ပါတယ်
အရင်ကလဲတင်ပေးဖူးပါတယ် တောင်းဆိုထားလို့ထပ်တင်ပေးလိုက်ပါတယ် ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်အောင်ကောင်းလွန်းလို့
မြန်မာစာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်...
http://movie.channyein.org/2014/12/john-carter-2012.html
( 75 )  Jolly LLB (2013) မြန်မာစာတန်းထိုး
Comedy | Drama အမျိုးအစား အိန္ဒိယဇာတ်ကားလေးပါ..
IMDb မှာ Ratings: 7.1 အထိရထားတဲ့ ဇာတ်ကားလေးမို့
ရုပ်ရှင်ချစ်သူတွေ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားလေးပါ...
http://movie.channyein.org/2015/02/jolly-llb-2013.html
( 76 ) Kung Fu Jungle (2014)မြန်မာစာတန်းထိုး
Donnie Yen ရဲ့ ဇာတ်ကားသစ်လေးပါ..
Action | Thriller  အမျိုးအစားဖြစ်ပြီး
IMDb မှာ Rating:7.1/10 အထိရထားပါတယ်..
ကျနော့်သူငယ်ချင်း ဆူးခင်းလမ်းသုတရသ က မြန်မာဘာသာပြန်ပေးထားတာပါ..
ဇာတ်လမ်း ကတော့...
Hahou Mo အဖြစ်သရုပ်ဆောင်တဲ့ Donnie Yen ဟာ
သိုင်းပြိုင်ရင်းကနေ လူသတ်မိပြီး ကိုယ်တိုင်အဖမ်းခံထောင်ကျသွားပါတယ်။
သူထောင်ကျပြီး ၃ နှစ်လောက်ကြာတဲ့အခါမှာ
လူသတ်မှုတခုကို သတင်းတခုမှာ တွေ့ရာကနေ..
ထောက်လှမ်းရေးအရာရှိ Luk Yuen-Sum အဖြစ်သရုပ်ဆောင်တဲ့
မင်းသမီး Charlie Yeung ကိုဆက်သွယ်ဖို့ ကြိုးစားပါတယ်..။
အဆင်မပြေတဲ့ အတွက်ထောင်ထဲမှာတိုက်ခိုက်မှုလုပ်ပြီး ကြိုးစားမှ
ထောက်လှမ်းရေးအရာရှိ Luk Yuen-Sum နဲ့ တွေ့ရပါတယ်..
အဲဒီမှာ လူသတ်သမားကို သူဖော်ထုတ်နိုင်ကြောင်းနဲ့
အဲဒီအတွက် သူ့ကို လွှတ်ပေးဖို့ တောင်းဆိုပါတယ်..။
လူ ၇ ယောက်ရဲ့ နာမည်တွေ ရွတ်ပြပြီး..
အဲဒီလူတွေ အသတ်ခံရလိမ့်မယ်လို့ သူပြောခဲ့ပါတယ်...။
ထောက်လှမ်းရေးအရာရှိ Luk Yuen-Sum က လက်ခံခဲ့ပါဘူး..။
မကြာခင်မှာပဲ သူပြောတဲ့ လူ ၇ ယောက်ထဲက တယောက်အသတ်ခံရပြန်ပါတယ်..။
အဲဒီနောက်....
http://movie.channyein.org/2015/02/kung-fu-jungle-2014.html
( 77 ) Krrish 3 (2013) မြန်မာစာတန်းထိုး
နာမည်ကျော် အန္ဒိယ ဇာတ်ကားပါ.
http://movie.channyein.org/2014/11/krrish-3-2013.html
( 78 ) Like Stars on Earth (2007) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကတော့ ကမ္ဘာကျော်အိန္ဒိယရုပ်ရှင် တွေထဲက ထိပ်ဆုံးနားမှာ ရှိနေတဲ့ Drama | Family အမျိုးအစား ဇာတ်ကားလေးဖြစ်ပြီး ဒီဇာတ်ကားကို ကမ္ဘာကျော်ရုပ်ရှင်တွေဖြစ်တဲ့ 3 Idiots (2009) အပါအ၀င် အခုတလော နာမည်ကြီးနေတဲ့ PK (2014) ဇာတ်ကားတွေရဲ့ မင်းသားဖြစ်တဲ့Aamir Khan ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားပါ..
http://movie.channyein.org/2015/01/like-stars-on-earth-2007.html
( 79 ) Lucy (2014)  မြန်မာစာတန်းထိုး     
ဒီ Lucy ဇာတ်ကားကတော့ ထပ်ပြီးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်
http://movie.channyein.org/2014/12/lucy-2014.html
( 80 ) Legend of the Fist: The Return of Chen Zhen (2010) မြန်မာစာတန်းထိုး
ဒီဇာတ်ကားကတော့ IPMan ဇာတ်ကားတွေနဲ့
ကမ္ဘာကျော်ခဲ့တဲ့Donnie Yen ရဲ့ နာမည်ကြီး ဇာတ်ကားပါ..
ကျနော်ကိုယ်တိုင် ကြိုက်လွန်းလို့ မြန်မာဘာသာပြန်ပြီးတင်ပေးလိုက်ပါတယ်
http://movie.channyein.org/2014/12/legend-of-fist-return-of-chen-zhen-2010.html
( 81 )  Life of Pi ( 2012 ) မြန်မာစာတန်းထိုး
Life of Pi ရုပ်ရှင်ကို မကြာသေးခင်ကပဲ မိတ်ဆွေတစ်ယောက်နဲ့အတူ
ကြည့်ခဲ့ပါတယ်။ ကျနော်လည်း စာရေးဆရာ Yann Martel ရဲ့ Life of Pi ၀တ္ထုကို ဖတ်ပြီးကာစ။ ဒီစာအုပ်ဟာ ခိုင်မြဲတဲ့ ယုံကြည်မှုတွေနဲ့
လူငယ်လေးတစ်ယောက်ရဲ့ အန္တရာယ်တွေကြားက အသက်ဆက်
လွတ်မြောက်ခဲ့တဲ့ အံ့သြဖွယ် ဇာတ်လမ်းတစ်ပုဒ်ပါ။
စာပေဆိုင်ရာ ဆုတွေ ရရှိခဲ့တဲ့အပြင် ရုပ်ရှင်ရိုက်တော့လည်း
အော်စကာဆု ရခဲ့ပါတယ်။ Life of Pi ဟာ လက်ရာမြောက်တဲ့
ဖန်တီးချက်တွေနဲ့ သင့်ရဲ့ အာရုံကို ထူးထူးခြားခြား ဖမ်းစားနိုင်တဲ့အပြင်
ဒီဇာတ်ကားမှာ ဘ၀အတွက် အရေးကြီးတဲ့ သင်ခန်းစာတွေလည်း ရှိပါတယ်။
http://movie.channyein.org/2014/12/life-of-pi-2012.html
( 82 ) Lone Survivor (2013) မြန်မာစာတန်းထိုး
Action | Biography | Drama အမျိုးအစား ဇာတ်ကားလေးပါ..
http://movie.channyein.org/2014/10/lone-survivor-2013.html
( 83 ) Left Behind  (2014) မြန်မာစာတန်းထိုး
မင်းသားကြီး Nicolas Cage ရဲ့ 10 လ ပိုင်းမှာ ရုံတင်ခဲ့တဲ့
Action | Sci-Fi | Thriller အမျိုးအစား ဇာတ်ကားပါ..
http://movie.channyein.org/2014/12/left-behind-2014.html
( 84 ) Lovelace ( 2013 ) မြန်မာစာတန်းထိုး
  ဒီဇာတ်ကားကတော့ အမေရိကန် စာရေးဆရာမ Linda Boreman ရဲ့
အတ္ထုပတ္တိ ကို ရုပ်ရှင်အဖြစ် ရိုက်ကူးတင်ဆက်ထားတဲ့
ပညာပေး ဇာတ်ကားလို့ ဆိုရမယ့် ဇာတ်လမ်းပါ..
http://movie.channyein.org/2014/12/lovelace-2013.html
( 85 ) Life of a King (2013) မြန်မာစာတန်းထိုး
Action ၊ Drama နှစ်သက်သူတွေအတွက်2013 ရဲ့
အကောင်းဆုံး  Drama ဇာတ်ကားဆိုရင်လည်းမမှားပါဘူး...
http://movie.channyein.org/2015/01/life-of-king-2013.html
( 86 ) Lan Kwai Fong 3 ( 2014 ) မြန်မာစာတန်းထိုး
18+ လို့ ပြောရမယ့် Comedy | Drama | Romance အမျိုးအစား
တရုတ်( ဟောင်ကောင်) ဇာတ်ကားလေးပါ..
http://movie.channyein.org/2015/01/lan-kwai-fong-3-2014.html
( 87 ) Lan Kwai Fong 2 ( 2012 ) မြန်မာစာတန်းထိုး
18+ လို့ ပြောရမယ့် Comedy | Drama | Romance အမျိုးအစား
တရုတ်( ဟောင်ကောင်) ဇာတ်ကားလေးပါ..
http://movie.channyein.org/2015/01/lan-kwai-fong-2-2012.html
( 88 ) Lan Kwai Fong ( 2011 ) မြန်မာစာတန်းထိုး
18+ လို့ ပြောရမယ့် Comedy | Drama | Romance အမျိုးအစား
တရုတ်( ဟောင်ကောင်) ဇာတ်ကားလေးပါ..
http://movie.channyein.org/2015/01/lan-kwai-fong-2011.html
( 89 ) MAMA  (2013) မြန်မာစာတန်းထိုး
သရဲကားတောင်းဆိုထားတဲ့ သူငယ်ချင်တွေအတွက်
  MAMA ဆိုတဲ့ ဇာတ်ကားလေးတင်ပေးလိုက်ပါတယ်..
http://movie.channyein.org/2014/12/mama-2013.html
( 90 ) Mr. & Mrs. Smith (2005) မြန်မာစာတန်းထိုး
Brad Pitt နဲ့ Angelina Jolie တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ..
တော်တော်များများကြည့်ဖူးကြပြီး ဖြစ်မှာပါ...
အဟောင်းဆိုပေမယ့် ဘယ်အချိန်ကြည့်ကြည့်
မရိုးနိုင်အောင်ကောင်းလွန်းလို့မြန်မာဘာသာပြန်ပြီး
အများကြည့်နိုင်အောင် မြန်မာစာတန်းထိုးနဲ့တင်ပေးလိုက်ပါတယ်...
http://movie.channyein.org/2015/02/mr-mrs-smith-2005.html
( 91 ) Maleficent (2014) မြန်မာစာတန်းထိုး
Angelina Jolie ရဲ့ ပရိတ်သတ်တွေလက်မလွှတ်သင့်တဲ့ ဇာတ်ကားပါ..
http://movie.channyein.org/2014/11/maleficent-2014.html
( 92 ) My Girlfriend Is an Agent (2009) မြန်မာစာတန်းထိုး
Action | Comedy | Romance အမျိုးအစား ကိုရီးယား ဇာတ်ကားလေးပါ..
http://movie.channyein.org/2014/12/my-girlfriend-is-agent-2009.html
( 93 ) The Matrix Revolutions (2003) မြန်မာစာတန်းထိုး
Matrix သုံးကားထဲက နောက်ဆုံးကားပါ..
သုံးကားလုံး တင်ပေးထားပါတယ်..
http://movie.channyein.org/2015/03/the-matrix-revolution2003.html
( 94 ) The Matrix Reloaded (2003) မြန်မာစာတန်းထိုး
Matrix သုံးကားထဲက ဒုတိယမြောက်ကားပါ..
သုံးကားလုံး တင်ပေးထားပါတယ်..
http://movie.channyein.org/2015/03/the-matrix-reloaded-2003.html
( 95 ) The Matrix (1999)  မြန်မာစာတန်းထိုး
Action | Sci-Fi   အမျိုးအစားဇတ်ကားလေးပါ..
IMDb မှာ Ratings: 8.7 အထိအောင်မြင်ခဲ့ပြီး
The Matrix Revolutions နဲ့ The Matrix Reloaded ဆိုပြီး
၂ ကား ဆက်ထွက်ထားတာကိုလည်း မြန်မာစာတန်းထိုးနဲ့တင်ပေးထားပါတယ်...
http://movie.channyein.org/2015/02/the-matrix-1999.html
( 96 ) Mandela: Long Walk to Freedom (2013) မြန်မာစာတန်းထိုး
ပြီးခဲ့တဲ့ နှစ်က ကွယ်လွန်သွားခဲ့တဲ့..ကမ္ဘာငြိမ်းချမ်းရေးမီးရှုတန်ဆောင်
တောင်အာဖရိကခေါင်းဆောင် ကမ္ဘာငြိမ်းချမ်းရေး နိုဘယ်ဆုရှင်
  Nelson Mandela ( ၁၉၁၈ - ၂၀၁၃ ) ရဲ့ 
သူ့ဘ၀ နဲ့ သူရဲ့ တော်လှန်ရေးအတွင်းက တစိတ်တဒေသ ကို..
ရိုက်ကူးထားတဲ့ Biography | Drama | History အမျိုးအစား ဇာတ်ကားပါ..
http://movie.channyein.org/2014/11/mandela-long-walk-to-freedom-2013.html
( 97 ) Non-Stop (2014) မြန်မာစာတန်းထိုး
မင်းသားကြီး Liam Neeson  ရဲ့ ဒီနှစ်ထဲမှာ ကမ္ဘာကျော်ခဲ့တဲ့ ဇာတ်ကားပါ..
ဇာတ်လမ်းကတော့.. Bill Marks အဖြစ် သရုပ်ဆောင်တဲ့
Liam Neeson ဟာ  လေယာဉ်ပေါ်မှာသေနတ်ကိုင်ခွင့်ရတဲ့
လုံခြုံရေးအရာရှိအဖြစ် သရုပ်ဆောင်ပါတယ်..
ခရီးစဉ်တခုမှာ သူမသိတဲ့ လူတယောက်က  ဘဏ်အကောင့်တစ်ခုပေးပြီး
ဒေါ်လာသန်း ၁၅၀ တောင်းကာ သူတောင်းတဲ့အတိုင်းမပေးရင်
မိနစ်နှစ်ဆယ် တိုင်း  လူတစ်ယောက် သတ်မယ်လို့ ခြိမ်းခြောက်လာပါတယ်...
http://movie.channyein.org/2014/12/non-stop-2014.html
( 98 ) Now You See Me (2013) မြန်မာစာတန်းထိုး
၀၁၃ ရဲ့ People's Choice Award for Favorite  ရခဲ့တဲ့
မျက်လှည့်ဆရာ(၄)ယောက် နှင့် ဘဏ်ဖောက်ထွင်းမှု ၊ 
လက်စားချေမှု နှင့် FBI ကိုလှည့်စားထားသော
  ရင်လှိုက်ရှုမော ခံစားရမယ့် ဇာတ်ကားကောင်းလေးပါ..
http://movie.channyein.org/2014/10/now-you-see-me-2013.html
( 99 ) Ninja Apocalypse (2014)မြန်မာစာတန်းထိုး
http://movie.channyein.org/2014/12/ninja-apocalypse-2014.html
( 100 )Nurse 3D (2013)  မြန်မာစာတန်းထိုး
Horror | Thriller အမျိုးအစား အမျိုးသမီးစိတ္တဇ လူသတ်ကားပါ..
http://movie.channyein.org/2014/12/nurse-3d-2013.html
မြန်မာစာတန်းထိုးရုပ်ရှင် စုစည်းမှု ( ၂ ) ကိုဆက်တင်ပေးသွားပါ့မယ်..
ချမ်းငြိမ်း-မှော်ဝန်း
https://www.facebook.com/pages/%E1%80%81%E1%80%BA%E1%80%99%E1%80%B9%E1%80%B8%E1%80%BB%E1%80%84%E1%80%AD%E1%80%99%E1%80%B9%E1%80%B8-%E1%80%B1%E1%80%99%E1%80%BD%E1%80%AC%E1%80%B9%E1%81%80%E1%80%94%E1%80%B9%E1%80%B8/497608463651384
Blogger Tips and TricksLatest Tips And TricksBlogger Tricks
ရှာလိုရာရှာပါ
Widgets for Blogger
Unordered List
Sample Text
Sample text
Blockquote
Pages
Powered by Blogger.
Social Icons
Social Icons
Blog Archive
Followers
Featured Posts
ပြည်တောင်စုမြန်မာနိုင်ငံတော်အလံ
Popular Posts
Recent Posts
မေသက်ထားဆွေ
http://may-thet-htar-swe.blogspot.com/
Text Widget