HINTHADA CITY

ဟင်္သာတမြို့မှ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များအတွက် ကြော်ငြာများလက်ခံပေးနေပါသည်

Ads

smile smile smile smile smile smile

Sunday, July 5, 2015

ဖုန်းခေါ်ဆိုခတစ်မိနစ်၂၃ကျပ်သို့ လျှော့ချ

5 Jul, 2015

ဈေးနှုန်းသစ်ပြင်ဆင်ခြင်းအထိမ်းအမှတ်အဖြစ် ဖုန်းငွေဖြည့်ကတ်များတွင်
အပိုထပ်ဆောင်းငွေ ၅၀% အထိ လက်ဆောင်ပေးသွားမည်

၂၀၁၅ ခုနှစ် ဇူလိုင် ၅ ရက်- ရန်ကုန်၊ မြန်မာ။မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 အသုံးပြုသော မိဘပြည်သူများအတွက် တယ်လီဖုန်းခေါ်ဆိုခများကို တစ်မိနစ်လျှင် ၂၃ ကျပ်ဖြင့် ဈေးနှုန်းအသစ်သတ်မှတ်လိုက်ကြောင်း ယနေ့ကြေငြာလိုက်သည်။ MPT သည်၎င်း၏ ဆောင်ပုဒ်ဖြစ်သော “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုသည့်အတိုင်း MPT ကိုအားပေးနေသော မိဘပြည်သူများနှင့် ထပ်မံတိုးပွားလာမည့်သုံးစွဲသူများအတွက် ဈေးနှုန်းသက်သာ၍ ယုံကြည်အားထားရသော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ထပ်မံမိတ်ဆက်လိုက်ခြင်းလည်းဖြစ်သည်။

 ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် 00:00:01 မှစ၍ MPT၏ ဆွေသဟာအစီအစဉ်ကို သုံးစွဲသူ မိဘပြည်သူများအတွက် ဖုန်းခေါ်ဆိုခြင်းများကို မူလ တစ်မိနစ်လျှင် ၃၅ ကျပ်မှ ယခု တစ်မိနစ်လျှင် ၂၃ ကျပ်သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်သည်။ ထို့အပြင် CDMA 450/800 ကို သုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင် တစ်မိနစ်လျှင် ၅၀ ကျပ်မှ ယခု တစ်မိနစ် ၂၃ ကျပ်သို့ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်သည်။ ဤဈေးနှုန်းသစ် သတ်မှတ်ချက်သည် MPT ၏ ဆွေသဟာအစီအစဉ်နှင့် CDMA 450/800 ကို သုံးစွဲသူများအားလုံးအတွက် အလိုအလျောက် အကျုံးဝင်သွားမည်ဖြစ်သည်။

 “အခုသတ်မှတ်လိုက်တဲ့ သက်သာတဲ့ဈေးနှုန်းအသစ်ဟာ ကျွန်တော်တို့ရဲ့ လက်ရှိသုံးစွဲသူ မိဘပြည်သူ တစ်ဦးချင်း တစ်ယောက်ချင်းစီကို ကျေးဇူးတုံ့ပြန်လိုက်တာပါပဲ” ဟု MPT ၏ အထွေထွေမန်နေဂျာ ဦးခင်မောင်ထွန်းက ပြောသည်။

“ဒါ့အပြင် ဒီဈေးနှုန်းပြင်ဆင်သတ်မှတ်လိုက်တာနဲ့အတူ မြန်မာနိုင်ငံအနှံ့ မြို့ပြကျေးလက်မရွေး လွှမ်းခြုံထားတဲ့ ကျွန်တော်တို့ MPT ရဲ့ ယုံကြည်စိတ်ချရတဲ့ ဆက်သွယ်မှုကွန်ယက်ကို အသုံးပြုလိုတဲ့ မိဘပြည်သူတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ပိုမိုများပြားလာလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ဦးအနေနဲ့ မြန်မာနိုင်ငံထဲမှာ နေထိုင်ကြသူတိုင်းရင်းသားသွေးချင်းတွေအားလုံး အဆင်ပြေသက်သာစွာ ဆက်သွယ်ပြောဆိုနိုင်ဖို့ ကျွန်တော်တို့ အမြဲကြိုးစားဆောင်ရွက်နေပါတယ်။” ဟု MPT-KDDI-Sumitomo Joint Operations ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ မစ္စတာ တကရှိ နာဂရှိမက ထပ်လောင်း ပြောကြားလိုက်သည်။

လက်ရှိ ဆွေသဟာကို သုံးစွဲနေသူများအနေဖြင့် ဤဈေးနှုန်းသတ်မှတ်ချက်အသစ် တစ်မိနစ် ၂၃ ကျပ်ဖြင့်သုံးစွဲရန် မည်သည့် ထပ်ဆောင်းဝန်ဆောင်ခမှ ပေးရန်မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါဈေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။ GSM/WCDMA သုံးစွဲသူများအနေဖြင့် ဆွေသဟာစနစ်ကို ရယူရန် ၁၃၃၂ သို့ SWE ဟု အခမဲ့ စာတိုတစ်စောင်ပေးပို့ခြင်းဖြင့် စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ဆွေသဟာရှိ အခြားသောဝန်ဆောင်မှုဈေးနှုန်းများနှင့် ဆွေသဟာကို မရယူထားသော

GSM နှင့် WCDMA သုံးစွဲသူများ၏ အခြေခံသုံးစွဲမှုနှုန်းထားများမှာလည်း ယခင်အတိုင်းပင်ဖြစ်သည်။

CDMA 450 နှင့် CDMA 800 ဖုန်းများကို သုံးစွဲနေသူများအတွက်လည်း ခေါ်ဆိုနှုန်းထားအသစ်ကို ထပ်မံလျှောက်ထား ရယူရန် မလိုအပ်ဘဲ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုရော MPT ဖုန်းမှ အခြားအော်ပရေတာများ၏ ဖုန်းများအား ခေါ်ဆိုမှုကိုပါ အဆိုပါဈေးနှုန်းဖြင့် တပြေးညီသတ်မှတ်ပေးထားသည်။  CDMA သုံးစွဲသူများအတွက် အခြားသောဝန်ဆောင်မှု နှုန်းထားများမှာ ယခင်အတိုင်းပင်ဖြစ်သည်။ 

ဈေးနှုန်းအသစ်သတ်မှတ်ခြင်း အထိမ်းအမှတ်အဖြစ် MPT မှ သုံးစွဲသူမိဘပြည်သူများအားလုံးကို ငွေဖြည့်ကတ်ဖြည့်ရာတွင် အပိုထပ်ဆောင်းငွေများ ထည့်သွင်းလက်ဆောင်ပေးသွားမည်ဖြစ်ပါသည်။ ဇူလိုင်လ ၅ ရက်နေ့မှ ရ ရက်နေ့အတွင်း ငွေဖြည့်သော သုံးစွဲသူမိဘပြည်သူများအနေဖြင့် ၅၀% အထိ  အပိုထပ်ဆောင်းငွေများကို လက်ဆောင်အဖြစ်ရရှိမည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် အဆိုပါ အပိုထပ်ဆောင်းငွေများကို ဇူလိုင်လ ၃၁ ရက်မတိုင်မီ MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုနှင့် အင်တာနက်အသုံးပြုခြင်းအတွက် သုံးစွဲနိုင်မည်ဖြစ်သည်။


Saturday, July 4, 2015

အင်တာနက် ဆက်သွယ်မှုပေါ်မှတစ်ဆင့် အရောင်းအဝယ်ဆိုင်ရာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေသူများ အနေဖြင့် ရောင်းသူနှင့် ဝယ်သူ အကြား ငွေပေးချေခြင်း ဆိုင်ရာ ကိစ္စရပ်များကို Online Payment စနစ်ဖြင့် ဆောင်ရွက်နိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။

ပြည်တွင်းရှိ MPU ကတ် သုံးစွဲသူများအတွက် အွန်လိုင်းပေါ်မှ ငွေပေးချေမှုပြုလုပ်ပြီး ဈေးဝယ်နိုင်မည့် ဝန်ဆောင်မှုကို ပုဂ္ဂလိက ဘဏ်လုပ်ငန်းများနှင့် ဆက်သွယ်ဆောင်ရွက်နိုင်တော့မည် ဖြစ်ကြောင်း မြန်မာငွေပေးချေမှု အဖွဲ့အစည်း (Myanmar Payment Union- MPU) မှ သတင်းရရှိသည်။

အွန်လိုင်းကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှု (E-Commerce) တစ်ခုဖြစ်သည့် အဆိုပါစနစ်ကို ပြည်တွင်းရှိ MPU ကတ် အသုံးပြုသူများအတွက် ရည်ရွယ်ပြီး ယခုလတ်တလောတွင် စီးပွားရေးလုပ်ငန်းအချို့နှင့် စတင်၍ အင်တာနက်ပေါ်မှတစ်ဆင့် ငွေပေးချေမှုများကို ပြုလုပ်နိုင်မည်ဖြစ်ကြောင်း MPU ၏ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

စင်ကာပူနိုင်ငံ အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် 2C2P ကုမ္ပဏီနှင့် နည်းပညာဆိုင်ရာ ကိစ္စရပ်များအတွက် ပူးပေါင်းထားသော MPU အနေဖြင့် ပြည်တွင်း MPU ကတ်သုံးစွဲသူများအတွက် Online Payment စနစ်ကို ဆောင်ရွက်ပေးလိုက်ခြင်းဖြစ်သည်။ အွန်လိုင်းပေါ်မှတစ်ဆင့် E-Commerce လုပ်ငန်းများကို လုပ်ဆောင်နိုင်မည့် အဆိုပါ ဝန်ဆောင်မှုသည် မြန်မာနိုင်ငံအတွင်း၌သာမကဘဲ အာရှဒေသတွင်း နိုင်ငံများတွင်ပါ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ပထမဆုံး အကောင်အထည်ဖော်လိုက်သည့် အဆိုပါ ဝန်ဆောင်မှုသည် အာရှဒေသ နိုင်ငံများအတွင်း MPU ကတ်များဖြင့် အွန်လိုင်းပေါ်မှတစ်ဆင့် ငွေပေးချေသည့် စနစ်ကို အသုံးပြုလာနိုင်မည်ဖြစ်သည်။

“ပြည်တွင်းက MPU ကတ် အသုံးပြုသူတွေအားလုံး သုံးနိုင်မယ့် ဝန်ဆောင်မှုပါ။ 2C2P က ကျွန်တော်တို့ရဲ့ service provider တစ်ခုအနေနဲ့ လက်တွဲ လုပ်ကိုင်လိုက်တာ ဖြစ်ပါတယ်။ လောလောဆယ် လေကြောင်းလိုင်းနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုတွေကို အွန်လိုင်းကနေ လုပ်ဆောင်နိုင်မှာပါ” ဟု MPU ၏ အမှုဆောင် အရာရှိချုပ်ဖြစ်သူ ဦးဇော်လင်းထွဋ်က ပြောကြားသည်။

ယခုလက်ရှိအချိန်တွင် ပြည်တွင်း၌ Facebook လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ကိုယ်ပိုင်စာမျက်နှာများ ဖွင့်လှစ်၍ တပိုင်တနိုင် လုပ်ကိုင်လာသည့် အသေးစား စီးပွားရေးလုပ်ငန်းများ အနေဖြင့်လည်း ရောင်းသူ၊ ဝယ်သူကြား ငွေပေးချေမှုကိစ္စရပ် များအတွက် အဆိုပါ Online Payment စနစ်ကို အသုံးပြုနိုင်ပြီဖြစ်သည်။

“အခုဆို Facebook ပေါ်ကနေ ဈေးရောင်းတာတွေ အရမ်းများလာတယ်။ အဲ့ဒီလို အွန်လိုင်းစီးပွားရေး လုပ်ငန်းလေးတွေ အရမ်းများလာတာကို သဘောကျတယ်။ ကြိုဆိုတယ်။ ဒါပေမဲ့ ငွေပေးချေတဲ့အပိုင်းမှာ ပြဿနာလေးတွေ ရှိနေတယ်။ အများစုက အွန်လိုင်းပေါ်က ငွေပေးချေနိုင်တဲ့ ဝန်ဆောင်မှုနဲ့ ပတ်သက်ပြီး သိတာ နည်းနေသေးလို့ ထင်ပါတယ်။ အွန်လိုင်းပေါ်က ငွေပေးချေတဲ့ကိစ္စ အဆင်ပြေရင် ဒီလုပ်ငန်းတွေ ပိုတိုးတက်လာဖို့သေချာတယ်” ဟု အင်တာနက်ပေါ်မှတစ်ဆင့် ပုံမှန်ဈေးဝယ်လေ့ရှိသည့် မသဉ္ဖာချိုက ပြောသည်။

MPU နှင့် 2C2P တို့သည် အွန်လိုင်းပေါ်မှ ငွေပေးချေနိုင်သည့် ဝန်ဆောင်မှုအတွက် ယခုနှစ် ဖေဖော်ဝါရီလအတွင်းက သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုကို လေကြောင်းလိုင်းအချို့တွင် စတင်နေပြီဖြစ်သည်။

အွန်လိုင်းငွေပေးချေသည့် အဆိုပါ ဝန်ဆောင်မှုကို အသုံးပြုလိုသူများသည် မိမိတို့ လက်ရှိ အသုံးပြုနေသည့် MPU ကတ်များကို သက်ဆိုင်ရာ ဘဏ်များ၌ မှတ်ပုံတင်ခြင်းကို ပြုလုပ်ရန် လိုအပ်မည်ဖြစ်သည်။ သို့သော် နောက်ပိုင်းထုတ်လုပ်မည့် MPU ကတ်များတွင်မူ အဆိုပါစနစ်ကို အသုံးပြုမည်ဆိုပါက တစ်ပါတည်း ထည့်သွင်းပေးလာမည်ဖြစ်ကြောင်း သိရသည်။

Tags: 

Online Payment


Thursday, July 2, 2015

ကမ္ဘာတစ်ဝန်းရှိ လူအများ ဆက်သွယ်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် Facebook ၏ Internet.org က လေဆာရောင်ခြည်များမှ တစ်ဆင့် အင်တာနက် အသုံးပြုနိုင်မည့် နည်းလမ်းကို စမ်းသပ်လုပ်ဆောင်ခဲ့သည်။

အဆိုပါ နည်းလမ်းသည် Facebook ၏ Connectivity Lab မှ ထွက်ပေါ်လာခြင်း ဖြစ်ပြီး ၎င်းနည်းလမ်းသည် အဝေးထိန်းလေယာဉ်များနှင့် ဂြိုဟ်တုများတွင် တပ်ဆင်ထားသည့် လေဆာများမှ ကမ္ဘာတစ်ဝန်းထံသို့ အချက်အလက်များကို မြင့်မားသော အမြန်နှုန်းဖြင့် ပေးပို့ပေးမည် ဖြစ်ကြောင်း Facebook အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်က ပြောကြားခဲ့သည်။

ဖော်ပြထားသည့် ပုံတွင် ရောင်ခြည်တန်းကို မြင်တွေ့ရမည် ဖြစ်သော်လည်း တကယ်တမ်းတွင် အဆိုပါ ရောင်ခြည်တန်းများကို မြင်တွေ့နိုင်မည် မဟုတ်ကြောင်း ဇူကာဘတ်က ဆိုခဲ့သည်။

Facebook သည် ချိတ်ဆက်မှုများကို အထောက်အကူ ဖြစ်ရေန်အတွက် အားကောင်းသည့် လေဆာရောင်ခြည်တန်းတစ်ခုကို ထုတ်လွှင့်ပေးရန်အတွက် Free Space Optics စနစ်ကို အသုံးပြုရန် စီစဉ်ထားကြောင့် Facebook မှ ပြောကြားထားသည်။

“FSO စနစ်မှာ လေဆာအသုံးပြုခြင်းဟာ အလွန်မြင့်မားတဲ့ bandwidth တွေနဲ့ ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါဟာ မြေပြင်ပေါ်က fiber optic network တွေနဲ့ အတူတူပါပဲ။ ဒါပေမဲ့ တိမ်ထူထပ်တာမျိုးနဲ့ ဆိုးရွားတဲ့ ရာသီဥတု အခြေအနေမျိုးမှာတော့ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး” ဟု Facebook မှ ပြောကြားခဲ့သည်။

Ref: TheNextWeb


Blogger Tips and TricksLatest Tips And TricksBlogger Tricks

ရှာလိုရာရှာပါ

Widgets for Blogger

Unordered List

Sample Text

Sample text

Blockquote

Pages

Powered by Blogger.

Social Icons

Social Icons

Followers

Featured Posts

ပြည်တောင်စုမြန်မာနိုင်ငံတော်အလံ


Popular Posts

Recent Posts

မေသက်ထားဆွေ

http://may-thet-htar-swe.blogspot.com/

Text Widget