HINTHADA CITY

ဟင်္သာတမြို့မှ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များအတွက် ကြော်ငြာများလက်ခံပေးနေပါသည်

Ads

smile smile smile smile smile smile

Sunday, May 31, 2015

ဂန္ဒီရဲ့ ကမ္ဘာကျော် ဆိုရိုးစကား အချို့ ကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

၁။ မနက်ဖန်သေရမယ်လို့ မှတ်ယူပြီး အသက်ရှင်ပါ။ တစ်သက်လုံး အသက်ရှင်ရမယ်လို့ မှတ်ယူပြီး လေ့လာသင်ကြားပါ။

၂။ ရန်ကိုရန်ချင်း တုံ့ပြန်နေရင် ကမ္ဘာကြီးတစ်ခုလုံး ပျက်ဆီးသွားပါလိမ့်မယ်။

၃။ လူဆိုတာ သူတွေးသလို ဖြစ်လာခြင်း ဖြစ်ပါတယ်။

၎။ နိုင်ငံတစ်နိုင်ငံ ဘယ်လောက်ထိ ကြီးကျယ်မြင့်မြတ်တယ်ဆိုတာ သူတို့ တိရစ္ဆာန် တွေကို ဘယ်လိုကျွေးမွေးတယ်ဆိုတာကို ကြည့်ပြီး ဆုံးဖြတ် နိုင်ပါ တယ်။

၅။ ပထမဆုံး သင့်ကို လစ်လျူရှုမယ်။ ပြီးတော့ သင့်ကို ရယ်မော လောင်ပြောင်မယ်။ ပြီးတော့ သင့်ကို တိုက်ခိုက်မယ်။ ဒီနေရာမှာ အနိုင်ရနေရသူဟာ သင်ပဲ ဖြစ်ပါတယ်။


တညင်းသီးပုံပြင် (လူထုဦးလှ)

ရှေးက ရမ္မာပူရပြည့်ရှင် ဘုရင်မင်းတရားကြီးမှာ သမီးတော်လေးတစ်ပါး ထွန်းကားပါတယ်။ ဘုရင့်သမီး တော် အရွယ်ရောက်တဲ့အခါ သူ့အလှကျက်သရေက လူ့ပြည်လောကမှာ စံနှိုင်းမရအောင် လှတယ်။ ဒီလှသတင်းဟာလည်း ပြည်ထောင်ချင်းချင်း မင်းအပေါင်းထံ နှံ့အောင် ပျံလွင့်သွားတယ်။

ပြည်ထောင်ချင်းချင်း မင်းတွေကလည်း ဒီသတင်းရတယ်ဆိုရင်ပဲ ရမ္မာပူရပြည့်ရှင် ဘုရင်မင်းကြီးဆီ လက်ဆောင်ပဏ္ဏာ အမြောက်အများနဲ့ သဝဏ်လွှာပါးပြီး လှထိန်ခေါင်တင် သမီးတော်ကို တောင်းကြတယ်။

ဒီအခါ ရမ္မာပူရပြည့်ရှင်ဘုရင်ကြီးဟာ သူ့သမီးချော သမီးလှအတွက် ပြည်ထောင်အချင်းချင်းမင်းတွေ စစ်ခင်း ကြတော့မယ်၊ သူ့အတွက်လည်း အင်မတန် အရေးကြီးနေပြီဆိုတာကို သိတယ်။ ဒါနဲ့ သမီးတော်ကို နန်းတော်ထဲက ကြာမျိုးငါးပါးနဲ့ တင့်တယ်တဲ့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ ထားပြီး တစ်ရာ့ တစ်ပါးသော မင်းများဆီ သဝဏ်လွှာပါးလိုက်တယ်။

ဘုရင်ကြီးရဲ့ သဝဏ်လွှာကတော့ သူ့သမီးတော် လှထိပ်ခေါင်တင်ကို နန်းတွင်းက မင်္ဂလာရေကန် အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေစေပါတယ်။ ဘယ်လိုဘုန်းတန်ခိုးနဲ့ ပြည့်စုံပြီး သတ္တိရှိတဲ့ မင်းသားမဆို ကိုယ့်ကိုယ်ကို ရေမစွတ်စေဘဲ သမီးတော်ကို ဆောင်ကြဉ်းနိုင်တယ်ဆိုရင် အဲဒီ မင်းသားနဲ့ လက်ထပ်ထိမ်းမြားပေးမယ် ဆိုတဲ့ သဝဏ်လွှာတွေဖြစ်တယ်။

ဒီသဝဏ်လွှာကို ရကြတော့ ပြည်ထောင်ချင်းချင်း တစ်ရာ့တစ်ပါးသော မင်းတွေဟာ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးရဲ့ နန်းတော်ကို လာကြတယ်။ ပြီးတော့ မင်္ဂလာရေကန်အလယ်မှာ ကြာပွင့်ပြသာဒ်နဲ့ စံနေတဲ့ လှထိပ်ခေါင်တင် မင်းသမီးကလေးဆီ သွားဖို့ကြံကြတယ်။ ဒါပေမယ့် သူတို့ ကိုယ်ကို ရေမစိုဘဲ ဘယ်နည်းနဲ့မှ ကန်ထဲက မင်းသမီးဆီ မရောက်နိုင်ဘူးဆိုတာ သိကြတာနဲ့ ကန်ပတ်လည်မှာ ဝိုင်းထိုင်မှိုင် နေကြတယ်။ ရမ္မာပူရပြည့်ရှင် ဘုရင်ကြီးကလည်း သမီးတော်လှထိပ်ခေါင်ကို (၃) ရပ်အတွင်း ဆောင်ကျဉ်းပါလို့ ရက်အကန့်အသတ်နဲ့ ထားတယ်။

ဒီသတင်းဟာ လူ့ပြည်တွင်မကဘဲ နတ်ပြည်အထိ ကျော်ကြားသွားတယ်။ သတင်းဖြစ်ပုံက ရမ္မာပူရပြည့်ရှင် ဘုရင့်သမီးတော်လေးဟာ လူမက နတ်မ, မျှလှကြောင်း၊ ချောတဲ့အကြောင်း၊ ဒီအလှရှင်မလေးကို ပိုင်ဆိုင် နိုင်ကြဖို့ အပြည်ပြည်ထောင်က မင်းသားများ အလှရှင်မလေး စံနေတဲ့ မင်္ဂလာရေကန်လယ်က ကြာပွင့်ပြ သာဒ်ကို ဝန်းရံနေကြကြောင်း စတဲ့ သတင်းဖြစ်တယ်။

ဒီသတင်းဟာ မြို့တွေ ရွာတွေမှာ ရှိတဲ့ နတ်တွေက တစ်ဆင့် ဟိမဝန္တာက နတ်တွေဆီ ရောက်သွားတယ်။ ဟိမဝန္တာတောက နတ်တွေက တစ်ဆင့် မြင်းမိုရ် တောင်က နတ်တွေ ဒီသတင်းကို ကြားပြန်တယ်။ ဒီလို အဆင့်ဆင့်နဲ့ နတ်ပြည်တစ်ပြည်လုံးကို မင်းသမီး ကလေးရဲ့ အလှအကြောင်း ကျော်ကြားသွားတာဖြစ်တယ်။

သုတိတာနတ်ပြည်က ကြင်ယာမရှိသေးတဲ့ နတ်သားတစ်ပါးက ဒီသတင်းကို ကြားရင်ကြားချင်း နတ်ပြည်က ဆင်းလာပြီး မင်္ဂလာရေကန်အလယ် ကြာပွင့်ပြသာဒ်မှာ စံနေတဲ့ မင်းသမီးကလေးကို ပွေ့ချီ၊ နတ်ပြည် ဆောင်ကြဉ်းသွားတယ်။

ဒီလို မင်းသမီးကလေးကို နတ်သားတစ်ပါးက ဆောင်ကျဉ်းသွားတာကို ရေကန်မှာ ဝန်းရံနေတဲ့ မင်းသား တွေ မြင်လိုက်ရတဲ့အခါ စိတ်အပျက်ကြီးပျက်ကုန်ကြတယ်၊ အဆွေးကြီးဆွေးကုန်ကြတယ်။ တစ်ခါ တည်း အချစ်နာကြပြီး ငေးမှိုင်ကုန်ကြတယ်။ ဒါကို ပညာရှိအမတ်ကြီးတွေသိတော့ အဲဒီ မင်းသားတွေကို ချော့မော့ ပြီး သူ့တိုင်းပြည်သူပြန်ပို့လိုက်တယ်။ မင်းသားတွေဟာ သူတို့ရဲ့ တိုင်းပြည်ကို ပြန်ရောက်တဲ့ တိုင်အောင် မင်းသမီးကလေးအပေါ် စွဲလမ်းတဲ့စိတ်ကြောင့် မစားနိုင် မအိပ်နိုင်ကြဘူး တမှိုင်မှိုင်တတွေတွေဖြစ်ပြီး အချစ်နာကျတာကို ခံနေကြရတယ်။

မင်းသမီးကလေး တုသိတာနတ်ပြည် ရောက်သွားတဲ့အခါ နတ်သားက မင်းသမီးကလေးကို သူ့ဥယျာဉ်မှာ ခဏထားထားတယ်။

ဒီလို လူပြည့်က လူမက နတ်မ မျှလှတယ်ဆိုတဲ့ မင်းသမီးနတ်ပြည်ရောက်လာတယ် ဆိုတဲ့သတင်းကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ နတ်သမီးတွေကြားတော့ မင်းသမီးကလေးရဲ့ အလှကို လာလာကြည့်တယ်။ ကြည့်ပြီး ကျော်သလောက်လည်း လှရှာပါပေတယ်လို့ ချီးမွမ်းကြတယ်။ မင်းသမီးကလေးရဲ့ ဝတ်စားဆင် ယင်ပုံကိုလည်း အင်မတန် နှစ်ခြိုက် သဘောကျကြတယ်။ မင်းသမီးကလေးကတော့ သူ့ကို နတ်သမီးတွေ လာလာပြီး ကြည့်ကြတာကိုပဲ မနေတတ် မထိုင်တတ်ဖြစ်နေတယ်။

နတ်သားကလည်း သူ့ကြင်ယာလောင်း လူမင်းသမီးကလေးကို အင်မတန် မြတ်နိုးတယ်။ နတ်ပြည်မှာ အကောင်းဆုံးဖြစ်တဲ့ သူ့ဥယျာဉ် ခြံထွက်အသီးတွေကို ခူးကျွေးတယ်။ ဒီအသီးတွေထဲမှာ တညင်းသီးလည်း ပါလို့ မင်းသမီးကလေးဟာ မပြောတတ်တဲ့ ပြောလို့မတတ်တဲ့ အရသာမျိုးရှိတဲ့ တညင်းသီးကို အင်မတန် နှစ်သက်တယ်။ ဒါကြောင့်ပဲ တခြားအသီးတွေကို တို့ကာဆိတ်ကာသာ စားပြီး တညင်းသီးကိုပဲ မက်မက် မောမော စားနေမိတယ်။

လူမင်းသမီးကလေး နတ်ပြည်ရောက်နေပြီ ဆိုတဲ့သတင်းဟာ နတ်သမီးတွေကတစ်ဆင့် နောက်ဆုံး သိကြားမင်းဆီ ရောက်သွားတယ်။ ဒီတင် သိကြားမင်းက တုသိတာနတ်သားကို ခေါ်ပြီး လူနဲ့ နတ်စာ ဒီပုံဒီနည်း ဆက်ဆံလို့ မဖြစ်ဘူး။ ဒါကြောင့် လူ့ပြည်ကို ချက်ချင်းပြန်ပို့ရမယ်လို့ အမိန့်ချလိုက်တယ်။

နတ်သားဟာ စိတ်ပျက်လက်ပျက်နဲ့ သိကြားမင်းဆီက ပြန်လာပြီး မင်းသမီးကလေးကို "လှထိပ်ခေါင်တင် လူသားမင်းသမီး၊ သင့်ကို လူ့ပြည်ပြန်ပို့ရမယ်လို့ သိကြားမင်းဆီက အမိန့်ပါလာတယ်။ ဒါကြောင့် ကျွန်ုပ် ဘယ်လောက်ချစ်ပေမယ့် အမိန့်ကို မလွန်ဆန်ဝံ့လို့ လူ့ပြည်ကို ပြန်ပို့ရတော့မယ်။ အသင့်သာ ပြင်ထားပါ တော့" စိတ်ပျက်ပျက်နဲ့ ပြောလိုက်တယ်။

နတ်သားရဲ့စကားကို ကြားတော့ မင်းသမီးကလေးက သူလူ့ပြည်ကို ပြန်ရပြီး မိဘနှစ်ပါးနဲ့ တွေ့ရတော့ မှာဖြစ်လို့ အင်မတန်ဝမ်းသာသွားတယ်။ ပြီးတော့ လူပြည်ကို ပြန်ရောက်ရင် နတ်ပြည်မှာ အင်မတန်ကြိုက် တဲ့ အသီးဖြစ်တဲ့ တညင်းသီးကို စားရတော့မှာ မဟုတ်တော့ဘူး။ လူ့ပြည်မှာ တညင်းသီးစားရအောင် မျိုးရဖို့ တညင်းသီးတစ်လုံးကို ယူသွားမှဖြစ်မယ်။ ဒါပေမယ့် ဒီလိုယူသွားတာကို နတ်သားကသိရင် ကန့်ကွက်မှာ အမှန်ပဲ။ ဒီတော့ နတ်သားမသိအောင် ဝှက်သွားမှတော်မယ်လို့ ကြံပြီး တညင်းသီးတစ်လုံးကို လူ့ပြည်ယူ သွားဖို့ သူ့မမြင်ကွယ်ရာမှာ ထည့်ပြီး ဝှက်ထားလိုက်တယ်။

နတ်သားကလည်း သိကြားမင်းရဲ့အမိန့်အတိုင်း မင်းသမီးကလေးကို အသာပွေ့ပြီး လူ့ပြည်ကို ဆင်းခဲ့တယ်။ ပြီးတော့ ရမ္မာပူရ ပြည့်ရှင်ဘုရင်ကြီးရဲ့ နတ်ဆောင်က သမီးတော်ဆောင်မှာ မင်းသမီးကလေးကိုထားပြီး နတ်ပြည်ကိုပြန်သွားတယ်။

မင်းသမီးကလေး နတ်ပြည်က ပြန်ရောက်လာတဲ့အကြောင်းဟာ မကြာခင်ပဲ နန်းတော်ထဲမှာ ပြန့်နှံ့သွား တယ်။ ဘုရင်ကြီးနဲ့တကွ တစ်နန်းတော်လုံး ဝမ်းသာအားရဖြစ်ပြီး ဒီသတင်းဟာ နေ့မကူးခင် တစ်မြို့လုံး လွှမ်းခြုံသွားတယ်။

ဒီအချိန်မှာ မင်းသမီးကလေးဟာ နူးညံ့သူဖြစ်တဲ့အတိုင်း လူ့ပြည်က နတ်ပြည်၊ နတ်ပြည်ကလူ့ပြည် စုန်ကာ ဆန်ကာ သွားလာခဲ့ရလို့ ပင်ပန်းပြီး နေမကောင်းဖြစ်တယ်။။ ဒီလို မင်းသမီးကလေး နေမကောင်းဖြစ်တာကို နန်းတော်က ဘုရင့်သမားတော်ကြီးတွေနဲ့ကုကြတယ်။ ဒါပေမယ့် မကြာခင်ပဲ မင်းသမီးကလေး နတ်ရွာစံ သွားတယ်။

မင်းသမီးကလေး နတ်ရွာစံသွားတော့ တစ်နန်းတော်လုံး တစ်မြို့လုံး ဝမ်းနည်းပက်လက် ဖြစ်ကြတယ်။ ဘုရင်ကြီးကလည်း သမီးတော်ရဲ့ အလောင်းကို ကြာကြာမကြည့်ရက်တာကြောင့် ချက်ချင်းပဲ မြေမြှုပ် သင်္ဂြုဟ် လိုက်တဲ့အခါမှာ နတ်ပြည်က ဝှက်ယူလာတဲ့ တညင်းသီးပါ တစ်ပါတည်း မြှုပ်မိတာကြောင့် မကြာ ခင်ပဲ မင်းသမီးရဲ့ သင်္ချိုင်းက တညင်းပင်တစ်ပင်ပေါက်လာတယ်။

ဒီပေါက်လာတဲ့ တညင်းပင်ရဲ့ အသီးဟာ နတ်ပြည်မှာတုန်းက မွှေးတဲ့ အသီးဖြစ်ပေမယ့် အခုတော့ ဝှက်ယူ လာရတဲ့ မင်းသမီးရဲ့ မကောင်းမှုနဲ့ ပေါက်လာရတာဖြစ်လို့ အနံ့က ခပ်ဆိုးဆိုးဖြစ်သွားပါတယ်။ ဒါပေမယ့် စားလို့တော့ အရသာကို မဖော်ပြနိုင်အောင် အင်မတန်မှကောင်းတဲ့ အသီးဖြစ်တယ်။

ဒီလို မင်းသမီးကလေး လူ့ပြည်ပြန်ရောက်ပြီး သေဆုံးသွားတဲ့ အကြောင်း၊ မင်းသမီးအလောင်းကို မြှုပ်ရာ သင်္ချိုင်းပေါ် တညင်းပင်ဆိုတဲ့ အပင်တစ်ပင်ပေါက်နေကြောင်းကို အပြည်ပြည်ထောင်က အမင်းမင်းတွေ ကြားကြပြန်တယ်။ ဒီတင် မင်းသမီးကလေးကို တမ်းတမ်းစွဲဖြစ်နေတဲ့ မင်းသားများ ဖြစ်ကြတဲ့အတိုင်း မင်းသမီးရဲ့ သင်္ချိုင်းကို အခြွေအရံတွေနဲ့ လာကြတယ်။ ပြီးတော့ မင်းသမီးမြှုပ်ရာ သင်္ချိုင်းပေါ်မှာပေါက်တဲ့ တညင်းပင်က အသီးကိုလည်း မင်းသမီးရဲ့ ချစ်လက်ဆောင်လို့ သဘောထားပြီး စားကြတယ်။ ဒီလို စားလိုက်တော့ တညင်းသီးရဲ့ အရသာက အင်မတန် ကောင်းလွန်းလို့ သူတို့ခံစားနေရတဲ့ အချစ်ဝေဒနာဟာ သက်သာပျောက်ကင်းသွားတယ်လို့တောင် ထင်မှတ်ကြတယ်။

မင်းသားတွေဟာ ဒီလိုမင်းသမီးကလေးရဲ့ သင်္ချိုင်းမှာ လာရောက် အလွမ်းဖြေကြပြီးနောက် တညင်းပင်က တညင်းသီးတွေကို ခူးကာ သူတို့တိုင်းပြည်ကို ပြန်ကြတယ်။ တိုင်းပြည်ရောက်တော့ တစ်ပြည်လုံး တော လက်ကျေးရွာမကျန် မင်းသမီးကလေးရဲ့ ချစ်လက်ဆောင် အသီးဆိုပြီး တောင်သူများကို စိုက်ပျိုးစေတယ်။ ကာလကြာတော့ ဒီအသီးမျိုျးွှေစာ ပြန့်ပွားပြီး ရာမညတိုင်းပြည်ကြီး တစ်ပြည်လုံး တညင်းသီးလှိုင်လှိုင်ပေါတဲ့ အထိ များပြားလာတယ်။

တညင်းသီးစာ ဒီကနေ့အထိ မခေါ်တတ် မပြောတတ်တဲ့ နတ်သုဒ္ဓါအဝင်အပါ အရသာတစ်မျိုးရှိနေသေးပြီး အနံကတော့ လူ့ပြည်ရောက်မှ ဖြစ်တဲ့ အနံ့ခပ်ဆိုးဆိုးပဲ ရှိနေသေးတယ်။ ဒါပေမယ့် လူတိုင်းကြိုက်တဲ့ အသီးဖြစ်လို့ စာသူတွေသာ ပိုလို့သာများများလာတယ်။ ဒီအသီဟာ မူလက နတ်ပြည်ကနေ မင်းသမီး ကလေးက မမြင်ကွယ်ရာမှာ ဝှက်ပြီး ယူလာရတဲ့အသီး ဖြစ်ကြောင်းလည်း မမေ့သင့်ဘူးလို့ မွန်ပုံပြင် ဆရာများက တညင်းသီးပုံပြင်ကို ပြောလေ့ရှိကြတယ်။


မင်္ဂလာအပေါင်းနှင့်ပြည့်စုံပါစေ

Saturday, May 30, 2015

အားပြည့်​ပါပြီAPKအား​အောက်​မှာ DOWNLOADရယူပ
ါ Download 


Thursday, May 28, 2015

 PK သူဟာ ကိုယ်လုံးတီးနဲ့ ကမ္ဘာမြေပေါ်ကို ရောက်ရှိလာခဲ့ပြီ..
ခဏအတွင်းမှာပဲ လူသားတို့ရဲ့ ပညာရပ်တခုနဲ့ မိတ်ဆက်ခံလိုက်ရတယ်..
အဲဒါကတော့ သူ့ယာဉ်ပျံနဲ့ပြန်လည်ဆက်သွယ်ရာမှာအသုံးပြုတဲ့ remote control အဖြစ်
သူ့လည်ပင်းမှာ ဆွဲထားတဲ့  အလင်းရောင်တွေထွက်နေတဲ့အဝိုင်းပြားတစ်ပြားကို
သူနဲ့ ပထမဆုံး တွေ့တဲ့လူသားက လုယူသွားတာပါပဲ..
သူပြန်လည် ရယူဖို့ကြိုးစားပေမယ့် သူရလိုက်တာကတော့
ကက်ဆက် တလုံးပါပဲ...
အဲဒီနောက်မှာတော့ ကိုယ်လုံးတီးနဲ့ လူတယောက် ကက်ဆက်တလုံးကိုလွယ်ပြီး
သူ့ရဲ့ remote control ကိုပြန်လည်ရရှိဖို့ ရှာဖွေနေရင်းကနေ...
အိန္ဒယရဲ့ များပြားလှတဲ့ ဘုရားတွေနဲ့ PK စတွေ့ပါတော့တယ်..
အဲဒီနောက်မှာ  သတင်းထောက်မလေး Jaggu ...
ဘုရားတွေနဲ့ လုပ်စားဘာသာရေးခေါင်းဆောင်တွေနဲ့
အဲနောက်.....PK ရဲ့ အလွဲ အလွဲတွေ..
နောက်ဆုံး လူသားတွေဆီကနေ PK ဘာတွေ သင်ယူသွားနိုင်ခဲ့လဲ..
ဇာတ်လမ်းက ၂၀၁၂ တုန်းက နာမည်ကြီးခဲ့တဲ့ O M G နဲ့ ဘာမှမဆိုင်အောင်ကောင်းပါတယ်..
ကျေးဇူးတင်ပါတယ်
credit by ချမ်းငြိမ်း-မှော်ဝန်း

DOWNLOAD
DOWNLOAD 2

Monday, May 25, 2015

NETGUIDE JOURNAL VOL 3 ,ISSUE 85
DOWNLOAD

Sunday, May 24, 2015

ဖုန်းမှာ ဘောလုံးပွဲတွေကို တိုက်ရိုက်ကြည့်ရှု့ချင်သူများအတွက် football sport apk လေးကိုတင်ပေးလိုက်ပါတယ်။ဘောလုံးပွဲတင်ကြည့်နိုင်တာမဟုတ်ပါဘူး  အားကစားနဲ့ပတ်သက်တာတွေကိုပါ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ 

သဘောကျတယ်ဆိုရင်တော့ အောက်မှာယူသွားလိုက်ပါ



Saturday, May 23, 2015

လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ ဘူး ဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေး က အရမ်းေ ကာ င်း နေပြီး ဘယ်သူမှ မတွေ့နိုင် ဘူးလို့ ထင်နေ ကြပါတယ်။ အဲဒါ ဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေး ပါပဲ။” ဟု Shodan ( သို့ ) အင်တာနက် ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine “http://www.shodanhq.com/”အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။

Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ် တွေကို ရှာပေး တဲ့ search engine မဟုတ်ပါဘူး။

Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာ တွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။

Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက် နဲ့ ချိတ်ဆက် ထားတဲ့ ကမ္ဘာ တစ်ဝန်း ရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေး တယ် လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့ အရာတွေ က ကျော ချမ်း စရာတောင် ကောင်း ပါတယ်။

အချက်ပြ မီးပွိုင့် ထိန်းချုပ် စနစ်နဲ့ လုံခြုံရေး ကင်မရာတွေ က စပြီး ရေ အားလျှပ်စစ် စက်ရုံနဲ့ နျူက လီးယား ဓာတ်ပေါင်းဖို့ ထိန်းချုပ် စနစ်များ ပါ ပါဝင်နေ ပါတယ်။

Default Password ပဲ သုံးထား တဲ့ လုံခြုံရေး စနစ်တွေဟာ မရေတွက်နိုင်အောင် များပြား လှတာ ကို တွေ့ရ ပါမယ်။ ပိုလို့ ဆိုးတာ က လုံခြုံရေး စနစ် လုံးဝ မပါ ရှိတဲ့ စနစ်တွေ က ပိုလို့တောင် များေ န ပါတယ်။ မသမာ သူတွေ လက်ထဲ ကိုသာ Shodan ရောက်ရှိ သွားရင် ကမ္ဘာကြီးတော့ ဒုက္ခ လှလှ တွေ့နိုင် ပါတယ်။

နောက် တစ်ချက် က Shodan သုံးပြီး တွေ့ရှိ လာတဲ့ အရာတွေ ထဲက အများစု ဟာ တကယ်တမ်းေ တာ့ လုံခြုံရေးအရ အင်တာနက် နဲ့ ချိတ်ဆက်ထား ဖို့တောင် မသင့်တော် ပါဘူး။

ဥပမာ - စက်ရုံ တစ်ခုရဲ့ အပူပေး စနစ်ကို ကွန်ပြူတာ နဲ့ ထိန်းချုပ် နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာ ကုမ္ပဏီ အများစု က အပူပေး စနစ်နဲ့ ကွန်ပြူတာ စနစ်ကို တိုက်ရိုက် ချိတ်ဆက် ရမယ့် အစား လွယ်ကူ တဲ့ နည်းလမ်း ဖြစ်တဲ့ အင်တာနက် ဆာဗာ သုံးပြီး ချိတ်ဆက် လိုက်တဲ့ အခါ ဤစက်ရုံရဲ့ အပူပေး စနစ်ကို ကမ္ဘာတစ်ဝန်း ကနေပြီး အင်တာနက် ပေါ်မှာ ရှာတွေ့ နိုင်ပြီး အလွယ် တကူ ထိန်းချုပ် သွားနိုင် ပါတော့တယ်။

ကောင်းတဲ့ သတင်း တစ်ခုကတော့ လောလောဆယ် မှာ Shodan ကို ကောင်းမွန်ပြီး အကျိုးရှိတဲ့ ကိစ္စတွေ အတွက်ပဲ အသုံးပြု နေပါ တယ်လို့ John Matherly ဆိုပါတယ်။ Matherly ဟာ Shodan ကို လွန်ခဲ့တဲ့ ၃ နှစ် က တည်ထွင် ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ အချိန်မှာ Shodan ကို အသုံးပြုနေ သူများ ဟာ ကွန်ယက် လုံခြုံရေး စမ်းသပ် သူတွေ၊ ပညာရှင် တွေ၊ အာဏာပိုင် အဖွဲ့အစည်း တွေ ပဲလို့ သိရှိ ရပါတယ်။ သာမန်သူ တစ်ဦး အနေနဲ့ Shodan ကို သုံးမယ် ဆိုရင် account မပါပဲ နဲ့ ရှာဖွေမှု ၁၀ ခု ပြုလုပ် နိုင်ပြီး account ဖွင့်ပြီး ပါက ရှာဖွေမှု ၅၀ အား ပြုလုပ် နိုင်မည် ဖြစ်သည်။

ဒီထက် ပိုပြီး နက်နဲ စွာ အသုံးပြု မယ် ဆိုရင်တော့ အချက်အလက် အပြည့်အစုံ တင်ပြ ရမည် ဖြစ် သလို အခကြေး ငွေလည်း ပေးဆောင် ရမည် ဟု သိရှိ ရသည်။


ကမ္ဘာကြီးပြားတယ်ဆိုတဲ့ စကားကို သက်သေပြလိုက်တဲ့ Facebook ဆိုတဲ့ လူမှုကွန်ရက်ဟာ ပစ္စက္ခလူနေမှုဘဝပုံစံကို
ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာလူတွေက အထီးကျန်ဆန်လွန်းလှပါတယ်။လူဆိုတာကလည်း အပေါင်းနဲ့ အသင်းနဲ့
ပြောကြဆိုကြနေထိုင်ချင်ကြပါတယ်။ ဒါပေမယ့်လည်း ခေတ်ကာလအခြေအနေအရ ၊ လုပ်ငန်းတွေရဲ့ သဘောသဘာဝအရ တစ်ယောက်နဲ့တစ်ယောက် အတူတူမနေနိုင်ကြဘဲ တစ်မြို့တစ်ရွာစီ၊ တစ်နိုင်ငံစီ ခွဲခွာနေထိုင်ကြရပါတယ်။ အဲဒိလို ကွဲကွာနေမှု
ကို အင်တာနက်သာရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်အနီးဆုံးဖြစ်အောင် ဖြစ်အောင် စွမ်းဆောင်ပေးလိုက်တာကတော့
အားလုံးသိကြတဲ့အတိုင်း Facebook ဆိုတာပါပဲ။ သို့သော်လည်း ဒီ Facebook ကြောင့် ပြဿနာတွေတက်ကြတာလည်းတစ်ပုံတစ်ပင်ကြီးပါပဲ။ တစ်ကိုယ်ရည်မှသည် နိုင်ငံနဲ့ချီပြီး၊ ကမ္ဘာနဲ့ချီပြီးတောင်တက်ကြပါတယ်။
သို့သော်ကောင်းကောင်းအသုံးချတတ်ရင်တော့ ကောင်းကျိုးတွေအများကြီးလည်းရနိုင်ပါတယ်။မည်သို့ပင်ဖြစ်စေလူသားတွေကတော့ နေ့စဉ်နေ့စဉ်၊ညစဉ်ညစဉ် ဒီ Facebook ထဲကိုဝင်နေကြဦးမှာကတော့ သေချာပါတယ်။ ကျွန်တော်တို့ အဲဒိ Facebook ကိုအသက်သွင်းခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခြေရာကောက်ကြရအောင်။


သူကတော့ ကမ္ဘာကျော် ဟားဗတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Mark Zuckerberg ပါပဲ။ Facebook လုပ်ဖို့ကျောင်းတောင်ထွက်ခဲ့သူတစ်ယောက်ပေါ့။ သူ့ကို May 14,1984 မှာနယူးယောက်ပြည်နယ်က ဟဒ်ဆန်မြစ်ကြီးအနီးက White Plains ဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပါတယ်။ပညာတတ်မိသားစုက နေဆင်းသက်လာခဲ့ပြီး သူ့ အဖေက သွားဆရာဝန်တစ်ယောက်ဖြစ်ကာ အမေကတော့စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်သည်။

ဇူကာဘတ်သည် သူ့ရဲ့ငယ်စဉ်ကတည်းကပင် ကွန်ပျူတာအပေါ်ရူးသွပ်ခဲ့ပြီး အသက် ၁၂ နှစ်မှာပင် Atari BASIC ပရိုဂရမ်မင်း ကို အသုံးပြုကာ “Zucknet” ဆိုတဲ့ စတိုပို့လွှတ်တဲ့ messageing ပရိုဂရမ်လေးကိုရေးသားခဲ့ပါတယ်။အဲဒိပရိုဂရမ်လေးကသူ့ အဖေသွားဆရာဝန်အတွက်တော့တော်တော်အသုံးကြပါတယ်။လူနာ
တစ်ယောက်လာတဲ့အခါ စာရေးမက လှမ်းအော်စရာမလိုဘဲ ကွန်ပျူတာနဲ့ စာရိုက်ဆက်သွယ်လိုက်ရုံပါပဲ။သူ့အဖေတင်မက တစ်မိသားစုလုံးပါအဲဒိ ပရိုဂရမ်လေးကို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့အသုံးပြုခဲ့ကြပါတယ်။ Facebook ရဲ့ရှေ့ပြေးလို့ဆိုရမလားမသိဘူး။တစ်ချိန်တည်းမှာပဲ သူ့သူငယ်ချင်းတွေနဲ့တွဲပြီး အပျော်သဘောအနေ
နဲ့ ဂိမ်းလေးတွေကိုလည်းရေးခဲ့ပါတယ်။

ဇူကာဘတ်က ကွန်ပျူတာဝါသနာပါတာသိလို့ သူ့မိဘတွေက အလွတ်တန်းကွန်ပျူတာဆရာတစ်ယောက်ဖြစ်တဲ့ David Newman ကို တစ်ပါတ်တစ်ခါ အိမ်ခေါ်ပြီးစာကွန်ပျူတာသင်စေပါတယ်။ နောက်ပိုင်းမှာတော့ ဇူကာဘတ်ဟာ Philips Exeter Academy မှာ ကျောင်းဆက်တက်ခဲ့ပြီး သူက အဲဒိမှ စာပေပညာရပ်နဲ့ပတ်သက်လို့ ထူးချွန်သူတစ်ယောက်ဖြစ်ခဲ့ကာ ဂန္ထဝင်စာပေနဲ့ ဒီပလိုမာရရှိခဲ့ပါတယ်။ သို့သော်လည်းသူ့ရဲ့ ပရိုဂရမ်တွေ develop လုပ်ဖို့ အတွက် ပိုမိုစိတ်အားထက်သန်စွာနဲ့ ဆက်လက်လုပ်ဆောင်ခဲ့ကာ ပရိုဂရမ်အသစ်များကိုရေးသားခဲ့ပါတယ်။ အဲဒိကျောင်းမှာပဲ တေးဂီတဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ Pandora ရဲ့ရှေ့ပြေးဖြစ်တဲ့ Synapse ကို ရေးသားခဲ့ပြီး AOL ,Microsoft တို့က ဝယ်ယူဖို့ကမ်းလှမ်းခြင်းခံရခဲ့ပေမယ့် ဇူကာဘတ်ကမရောင်းခဲ့သလို အလုပ်လုပ်ဖို့ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။

Exeter ကနေ 2002 မှာကျောင်းပြီးတဲ့နောက် ဟားဗတ်တက္ကသိုလ်ကိုဆက်တက်ခဲ့ပါတယ်။အဲဒိဟားဗတ်ဆိုတဲ့တကယ့်နေရာမှာလည်းသူက ဆော့ဖ်ဝဲdeveloper အသိုင်းအဝိုင်းမှာရေပန်းစားခဲ့ပြီး CourseMatch ဆိုတဲ့ ပရိုဂရမ်ကိုရေးသားခဲ့ကာ အဲဒိ ပရိုဂရမ်က ကျောင်းသားတွေအနေနဲ့သူတို့ယူထားတဲ့ဘာသာရပ်များနဲ့ပတ်သက်ပြီး အခြားသူများယူထားတဲ့ဘာသာရပ်များနဲ့ပတ်သက်ကာတူညီမှုများကိုနှိုင်းယှဉ်တဲ့ ပရိုဂရမ်ဖြစ်ပါတယ်။ထို့ပြင် Facemash ပရိုဂရမ်ကိုလည်းရေးသားခဲ့ပြီး Campus အတွင်းက ကျောင်းသားနှစ်ယောက်ရဲ့ပုံနှစ်ပုံကိုနှိုင်းယှဉ်ပြကာ user များကို ဘယ်အတွဲက ဆွဲဆောင်မှုအရှိဆုံးလဲဆိုတာကို vote လုပ်ရတဲ့ပရိုဂရမ်ဖြစ်ပါတယ်။အဲဒိပရိုဂရမ်ကတော်တော်လေးလူကြိုက်များခဲ့ပေမယ့် ကျောင်းရဲ့အုပ်ချုပ်မှုအဖွဲ့အစည်းက အခြားသူများရဲ့ ကိုယ်ရေးအချက်အလက်များကို သုံးစွဲမှုနဲ့ ပတ်သက်ပြီးပိတ်ပင်ခြင်းခံခဲ့ရပါတယ်။

ဒီလိုနဲ့ဇူကာဘတ်ဟာ သူလုပ်ခဲ့တဲ့ Projects များနဲ့ ပတ်သက်ဆက်နွယ်ကာ Social Networking site တစ်ခုဖြစ်တဲ့ Harvard Connection ဆိုတဲ့ site ကိုလုပ်ဖို့ Divya Narendra နဲ့ အမွှာညီအစ်ကိုဖြစ်တဲ့ Cameron နဲ့ Tyler တို့ကဖိတ်ခေါ်ခဲ့ပါတယ်။ဇူကာဘတ်က အဲဒိ Project ကိုလုပ်ဆောင်ဖို့ကူညီပေးခဲ့ပေမယ့် မကြာမီ သူ့ရဲ့ကိုယ်ပိုင် social networking site ကိုလုပ်ဖို့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Dustin Moskovitz,Chris Hughes နဲ့ Eduardo Saverin တို့နဲ့ပူးပေါင်းခဲ့ပါတယ်။ဇူကာဘတ်နဲ့သူ့သူငယ်ချင်းတွေက site တစ်ခုကိုလုပ်ခဲ့ပြီး အဲဒိ site မှာ သုံးစွဲသူများကို သူတို့ရဲ့ ကိုယ်ပိုင် profile တွေပြုလုပ်ဖို့၊ ပုံတွေ တင်ဖို့နဲ့ အခြားသော သုံးစွဲသူများနဲ့ ဆက်သွယ်ဖို့ အတွက် ရည်ရွယ်ခဲ့ပြီး ပထမဦးဆုံး The Facebook လို့ခေါ်တွင်ခဲ့ပါတယ်။ဟားဗတ်မှာအဲဒိ Project လုပ်နေရင်း ဒုတိယနှစ်ပြီးတဲ့အခါ Facebookကို အချိန်ပြည့်လုပ်ဆောင်နိုင်အောင်ကျောင်းထွက်ခဲ့ပြီး ကုမ္ပဏီကို ကယ်လီဖိုးနီးယားမှာရှိတဲ့ Palo Alto ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီလိုနဲ့ Facebook စတင်မွေးဖွားခဲ့ကာ 2004 နှစ်ကုန်ပိုင်းလောက်မှာတော့ သုံးစွဲသူပေါင်း တစ်သန်းကျော်ရှိလာခဲ့ပါတယ်။

ဒီလိုမျိုးသုံးစွဲသူတွေများလာတာနဲ့အမျှ အခြားသော ရင်းနှီးမြှုပ်နှံသူများပါဝင်ပူးပေါင်းထောက်ပံ့မှုကိုရရှိခဲ့ကာ 2005 မှာတော့ Accell Partners က $12.7 billion ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။2005 ဒီဇင်ဘာလောက်မှာတော့ သုံးစွဲသူ 5.5 million ရှိလာခဲ့ပြီး အခြားသောကုမ္ပဏီများက ဒီမှာကြော်ငြာဖို့ စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ထို့ပြင်သူ့ကုမ္ပဏီကိုမရောင်းချလိုတဲ့ Zuckerberg ကYahoo! နဲ့ MTV Networks တိုရဲ့ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။ အဲဒိလိုမရောင်းခဲ့ပဲ သူ့ရဲ့ site မှာ ပြင်ပ developer များအား များစွာသော feature များထည့်သွင်းနိုင်စေဖို့တွေလုပ်ဆောင်ပေးခဲ့ပြီး site ကိုပိုမိုတိုးတက်ဖို့ပဲအာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအချက်က Developer တွေ အတုယူရမယ့်အချက်တစ်ခုလည်းဖြစ်ပါတယ်။

2006 မှာတော့ ပြဿနာတက်တော့တာပဲ။ Harvard Connection ရဲ့ ဖန်တီးသူတွေက သူတို့ရဲ့ အိုင်ဒီယာကို ခိုးချပါတယ်ဆိုပြီးတရားစွဲပါတယ် ။ အဲဒိအမှုဟာ၂၀၁၁ အထိရောက်ရှိခဲ့ပါတယ်။နှစ်ဦးနှစ်ဖက်လည်းတော်တော်လေးငွေကုန်ခဲ့ပါတယ်။ထို့အတူ ဇူကာဘတ်အနေနဲ့ အခြားသော ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုနဲ့လည်းကြုံတွေ့ခဲ့ရပါသေးတယ်။ စာရေးဆရာ Ben Mezirch က “The Accidental Billionaries” မှာ ဇူကာဘတ်ရဲ့ ဘဝအကြောင်းနဲ့ပတ်သက်ပြီး ဇာတ်ကွက်တွေကို ကိုယ့်ဖာသာကိုဆင်ရေးတာ၊ စကားပြောတွေကို စိတ်ကူးနဲ့ ရေးတာ့ ၊ဝတ္ထု ဆန်ဆန် ဇာတ်ရုပ်ဖန်တီးရေးသားတာတွေနဲ့ပတ်သက်ပြီး ဇူကာဘတ်နဲ့ ပြဿနာတက်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူရေးထားတာတွေက မှန်တာ မှားတာ ဆိုတာထက်နောက်ဆုံးတော့ အကယ်ဒမီ ရှစ်ဆု အမည်တင်သွင်း ခြင်းခံခဲ့ရတဲ့ The Social Network ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါတယ်။

မည်သို့ပင်ဖြစ်စေ Facebook ရဲ့ အရှိန်အဟုန်ကြီးထွားလာခဲ့ပြီး 2010 မှာတော့ ဇူကာဘတ်ဟာ Person of the Year အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး Forbes မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်း မှာNo. 35 ဖြစ်လာခဲ့ပြီး အသားတင်ပိုင်ဆိုင်မှုဟာ $ 6.9 billion ရှိလာခဲ့ပါတယ်။
အလှူအတန်းလည်းရက်ရောတဲ့ဇူကာဘတ်ဟာ 2010 မှာ ဒေါ်လာသန်းတစ်ရာကို နယူးဂျာစီမှာရှိတဲ့ Newark Public Schools အတွက် လှူဒါန်းခဲ့သလို သူ့ရဲ့ တစ်သက်တာမှာ သူ့ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးလှူဖို့ “Giving Pledge” အဖွဲ့မှာလက်မှတ်ရေးထိုးခဲ့ပြီး အဲဒိအဖွဲ့ဝင်တွေထဲမှာ ဘီလ်ဂိတ်၊ ဝါရင်းဘတ်ဖတ် နဲ့ ဂျော့လူးကပ်စ်တို့လို ဘီလီယံနာကြီးတွေလည်းပါဝင်ပါတယ်။

၂၀၁၂ မေလမှာတော့ Facebook ရဲ့အပြောင်းအလဲကြီးတစ်ခုစတင်ခဲ့ပါတယ်။ အဲဒါကတော့ Public လုပ်လိုက်တာပါပဲ ။$16 ဘီလီယံ အထိမြင့်တက်ခဲ့ပြီး သမိုင်းတလျှောက်အကြီးမားဆုံးသော internet IPO တစ်ခုဖြစ်ခဲ့ပါတယ်။မေလ 2013 မှာတော့ ဇူကာဘတ်ကသူနှစ်ပေါင်းများစွာတွဲလာတဲ့ Priscilla Chan နဲ့လက်ထပ်ခဲ့ပါတယ်။မေလ 2013 မှာတေ့ Facebook ဟာ Fortune 500 lists ထဲကိုပထမဦးဆုံးအကြိမ်ရောက်ခဲ့ပြီး ဇူကာဘတ်က အဲဒိ lists ထဲမှာ အသက်အငယ်ဆုံးဖြစ်ကာ ၂၈ နှစ်မျှသာရှိပါသေးတယ်။

မန်မာဘာသာစကားအသုံးပြုရန်အတွက် အပြည့်အ၀ ထောက်ပံ့ပေးနိုင်သော BeeTalk mobile application မှ မြန်မာစာလုံးပုံစံ ၆ မျိုးအထိ ပြောင်းလဲကြည့်ရှုနိုင်မည့် BeeTalk mobile app Version အသစ်ကိုထောက်ပံ့ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ မြန်မာစာလုံးပုံစံ ၆ မျိုးမှာ Zawgyi-One, Zawgyi-Two, Zawgyi-Three, BauhausITC, Sakkal Majalla နှင့် Padauk တို့ဖြစ်ပါသည်။ မြန်မာနိုင်ငံ၌ အသုံးများသည့် မြန်မာစာလုံးပုံစံများကို ထပ်မံထည့်သွင်းပေးထားခြင်းကြောင့် မိမိဖုန်းနှင့် ကိုက်ညီမှုရှိသော၊ မှန်ကန်စွာ ဖော့်ပြပေးနိုင်သော စာလုံးပုံစံကို စိတ်ကြိုက်ပြောင်းလဲအသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ ဗားရှင်းအသစ်ကို ပြည်တွင်း အင်တာနက်နှုန်းဖြင့် ကိုက်ညီမှုရှိစေရန် အထူးပြုပြင် ပေးထားပြီး ပိုမိုကြည်လင်ပြတ်သားသော အသံ၊ မြန်ဆန်သော စာပို့စနစ်တို့ ပါဝင်လာပြီး မြန်မာဘာသာ စကားဖြင့် ပျော်ရွှင်ဖွယ်ရာ၊ ရင်းနှီးချစ်ခင်ဖွယ်ရာ sticker လေးများလည်း အသစ်ထပ်မံ ထွက်ရှိထားပါသည်။ BeeTalk mobile application အတွင်း လူကြိုက်များသော feature တစ်ခုဖြစ်သော Doodle တွင်လည်း မိမိပုံများအတွင်း စာသားလေးများ ရေးသားထည့်သွင်းနိုင်ပြီဖြစ်ပြီး စာလုံးရေ ၅၀၀ အထိခွင့်ပြုထားကြောင်း သိရသည်။ ယခင် Version မှာ Doodle အတွင်း လက်ဖြင့်စာရေးသားခြင်းကိုသာ ပြုလုပ်နိုင်သောကြောင့် ဗားရှင်းအသစ်တွင် ပိုမိုထူးခြားကောင်းမွန်သော ကိုယ်တိုင်လုပ် ပုံကားချပ်လေးများ ရရှိနိုင်မည်ဖြစ်သည်။
“ကိုယ့်ရဲ့ BeeTalk အကောင့်မှာ Update လုပ်နိုင်တဲ့ setting တွေပါရှိပါတယ်။ အဲ့ဒီကနေတဆင့် Version ပြောင်းလိုက်လို့ရသလို download နောက်တခေါက်ထပ်ဆွဲပြီး Version ပြောင်းလိုက်လို့လည်း ရပါတယ်။ တဖြည်းဖြည်းနဲ့တော့ ပြည်တွင်း user တွေဆီက အကြံပြုချက်တွေရယ်၊ ပိုပြီးအဆင်ပြေပြေသုံးလို့ ရမယ့် ပြင်ဆင်ချက်လေးတွေနဲ့ ထပ်ထပ်ပြီး အသစ်တွေ ထုတ်ပေးသွားမှာပါ။ အခုဆို ကိုယ့်ဖုန်းအမျိုးအစားနဲ့ ကိုက်တဲ့ စာလုံးပုံစံကို ရွေးလို့ရနေပြီဆိုတော့ မြန်မာဖုန်းတော်တော်များများမှာ ကြုံရတဲ့ font အတူတူကိုတောင် မှန်အောင်မပေါ်တာတွေ မရှိတော့ပါဘူး။” ဟု BeeTalk မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဒေါ်မေမြသူ ကပြောသည်။
BeeTalk တွင် ထပ်မံထူးခြားသော features လေးများအဖြစ် - မိမိအနီးအနားတွင်ရှိသော BeeTalk သုံးစွဲသူများကို ရှာဖွေမိတ်ဆက်နိုင်သည့် “Look around” ၊ မိမိနှင့်အနီးတ၀ိုက်ရှိ ၀ါသနာတူ သူငယ်ချင်း ဟောင်းများ၊ သူငယ်ချင်းသစ်များ စုစည်း၍ အုပ်စုဖွဲ့ဆွေးနွေးပြောဆိုနိုင်သည့် “Club nearby”၊ အရေးကြီး ကိစ္စများနှင့် ကိုယ်ရေးကိုယ်တာ ကိစ္စရပ်များကို လျှို့ဝှက်စွာ အပြန်အလှန်ပြောဆိုနိုင်မည့် “Whisper” စသည့်တို့ကို အသုံးပြုနိုင်မည် ဖြစ်ကြောင်းသိရပါသည်။


ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်ပြည်တွင်းပြည်ပကုမ္ပဏီ ၂၆ ခုအား ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် ထုတ်ပေးပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။
လိုင်စင်ချပေးပြီးသော ကုမ္ပဏီများအနက် Ooredoo Myanmar, Telenor Myanmar နှင့် MPT တို့အား Nationwide Telecommunication licence ပေးအပ်ခဲ့ခြင်းဖြစ်ပြီး Telecom ၀န်ဆောင်မှုမှန်သမျှကို လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။ ရတနာပုံတယ်လီပို့ပါဝင်နေပြီး၊ Royal Yatanarpon အမည်ဖြင့်လုပ်ကိုင်မည့် စတုတ္ထမြောက် Telecom ကုမ္ပဏီကိုတော့ လိုင်စင်ပေးအပ်ရန်စိစစ်ဆဲဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးသန်းထွန်းအောင်ကဆိုပါသည်။
ကုမ္ပဏီ ၂၆ ခုအနက် Network Facilities Service (Individual) Licence ကို ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်၊ Elite Telecom Public Co.,Ltd, Yatanarpon Teleport Public Co.,Ltd၊ Myanmar Economics Corporation, Myanmar Network Co.,Ltd အစရှိသော ကုမ္ပဏီ ၅ခုက လုပ်ကိုင်ခွင့်ရရှိထား ပါသည်။
အဆိုပါ Network Facilities Service (Individual) Licence တွင် Mobile Virtual Network Operator ၀န်ဆောင်မှု၊ ISP, value-added services ၊ call center ၀န်ဆောင်မှု၊ ဖိုက်ဘာလိုင်းဆွဲခြင်း လုပ်ငန်း၊ Wireline နှင့် Wireless ၀န်ဆောင်မှုများ၊ တာဝါတိုင်လုပ်ငန်း၊ International ဂိတ်ဝေး၀န်ဆောင်မှု၊ (Border Cross), FTTx, VOIP, Satellite earth station Facilities, Fixed Line, Radio Transmission အစရှိသောဝန်ဆောင်မှုများပါဝင်ပြီး ကုမ္ပဏီတစ်ခုချင်းစီ၏ သဘောသဘာဝနှင့်ကိုက်ညီသော ၀န်ဆောင်မှု များကို ရွေးချယ်လျှောက်ထားခြင်းဖြစ်ကြောင်းသိရသည်။
Network Facilities Service လိုင်စင်ကိုတော့ Global Technology Co.,Ltd, Myanmar Fiber Optic Communication Network Co.,Ltd, Pan Asia Majestic Eagle Co.,Ltd, Digicel Myanmar Tower Co.,Ltd, Irrawaddy Green Towers Ltd, Apollo Towers Myanmar Ltd, KDDI Summit Global Myanmar Co.,Ltd, Fortune International Ltd., , Digital Communication Co.,Ltd, Myanma Railways (မြန်မာ့မီးရထား)၊ Myanmar Padauk Engineering & Construction Co.,Ltd, Horizon Telecommunication and Technology Services Co.,Ltd အစရှိသော ကုမ္ပဏီနှင့် လုပ်ငန်းများကလုပ် ကိုင်ခွင့်ရရှိထားကြသည်။
Eager Communications Group Co.,Ltd, Frontiir Co.,Ltd တို့အနေဖြင့် Network Facilities Service (Class) လိုင်စင်အပြင် Application Service လိုင်စင်ကိုပါရရှိထားကြောင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ Network Service လိုင်စင်လုပ်ကိုင်ခွင့်အတွက် Myanmar World Distribution trading CO.,Ltd က ရရှိထားပြီး၊ ISP (Internet Service provider) လုပ်ပိုင်ခွင့်၊ VOIP၊ Callcenter ၊ Public access center ၀န်ဆောင်မှု၊ Directory ၀န်ဆောင်မှု၊ မက်ဆေ့ခ်ျပေးပို့နိုင်သော ၀န်ဆောင်မှု၊ Value added ၀န်ဆောင်မှုများလုပ်ကိုင်နိုင်သော Application Service လိုင်စင်တစ်မျိုးတည်း လျှောက်ထားသူများအနက် Myanmar Technology Gateway Co.,Ltd, VOIP Myanmar Group Co.,Ltd, Myanmar Telecommunication and Technology Services Co.,Ltd တို့ကရရှိခဲ့ကြောင်းသိရသည်။
လက်ရှိလုပ်ငန်းလိုင်စင် ထုတ်ပေးပြီးဖြစ်သော ကုမ္ပဏီ ၂၆ ခုမှတာဝန်ရှိသူများအား လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်နှင့် လှိုင်းနှုန်းစဉ်များ အသုံးပြုမှုနှင့် လှိုင်းနှုန်းအသုံးပြုခွင့်ပြုထားမှုများအား စနစ်တကျ ထိန်းချုပ်သွားမည်ဟုဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဆိုပါသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီးဖြစ်ရာ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၂၆ ခုကို လတ်တလော လုပ်ငန်းလိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်လျှောက်ထားလာသော ပြည်တွင်း ပြည်ပကုမ္ပဏီများအား လိုင်စင် ထပ်မံထုတ်ပေးနိုင်ရန်စိစစ်လျက်ရှိကြောင်း သိရသည်။

------------------

Telenor Myanmar သည် ရာသီဥတုနှင့် ပတ်သက်သော သတင်းအချက် အလက်များကို မိုဘိုင်းဖုန်း အသုံးပြုသူများထံ SMS စနစ်ဖြင့် ပေးပို့နိုင်ရန် စီစဉ်နေသည်ဟု သိရသည်။

လက်ရှိအချိန်၌ အဆိုပါ အ စီအစဉ်ကို အကောင်အထည် ဖော်ဆိုနိုင်ရန် ကြိုးစားနေချိန် ဖြစ်ပြီး အကောင်အထည် ဖော်ဆောင်နိုင်မည့် အချိန်ကာလကို ပြောဆိုနိုင်သေးခြင်း မရှိကြောင်း Telenor ၏ CEO ဖြစ်သူက ဆိုသည်။

“ဖြစ်လာမလား၊ မဖြစ်လာဘူးလားဆိုတာ မသိသေးဘူး။ ဖြစ်လာခဲ့ရင် Public Service ပါပဲ။ ပိုက်ဆံပေးစရာ မလိုပါဘူး”ဟု ၎င်း ကဆိုသည်။ Telenor ၏ အစီအစဉ် အရ ရာသီဥတုအတွက် အန္တရာယ် ဆိုးဝါးသော ရွာပေါင်း ၁၄၀ ကို စတင် ဝန်ဆောင်မှု ပေးအပ်ရန် စီစဉ်ထားခြင်းဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုမှာ အလွန်တိကျစွာ ဝန်ဆောင်မှုပေး အပ်နိုင်ရန် လိုအပ်ကြောင်း သိရသည်။

SMS Weather Alert ဟု အမည်ပေးထားသော အဆိုပါ ဝန်ဆောင်မှုသည် အချိန်မီ သတင်းအချက်အလက် ပေးအပ်နိုင်ရေးမှာ အရေးကြီးသည့်အတွက် အစီအစဉ် ကို သေချာစွာ လုပ်ကိုင်နေရကြောင်း Telenor က သတင်း ထုတ်ပြန်ခဲ့သည်။


Blogger Tips and TricksLatest Tips And TricksBlogger Tricks

ရှာလိုရာရှာပါ

Widgets for Blogger

Unordered List

Sample Text

Sample text

Blockquote

Pages

Powered by Blogger.

Social Icons

Social Icons

Blog Archive

Followers

Featured Posts

ပြည်တောင်စုမြန်မာနိုင်ငံတော်အလံ


Popular Posts

Recent Posts

မေသက်ထားဆွေ

http://may-thet-htar-swe.blogspot.com/

Text Widget