HINTHADA CITY

ဟင်္သာတမြို့မှ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များအတွက် ကြော်ငြာများလက်ခံပေးနေပါသည်

Ads

smile smile smile smile smile smile
Showing posts with label new. Show all posts
Showing posts with label new. Show all posts

Sunday, February 7, 2016

ခံစားချက် များကို ပိုမို ကွဲပြားစွာ ဖော်ပြနိုင်မည့် Reactions ဟုခေါ်သော ရုပ်ပုံငယ်များ ထည့်သွင်းရန် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ လုပ်ဆောင် နေသည်။

စပိန်၊ အိုင်ယာလန်နှင့် အခြားနေရာ အနည်းငယ်တွင် စမ်းသပ်နေသော Reactions အစီအစဉ်ကို မကြာမှီ နေရာတိုင်း၌ အသုံးပြုနိုင် တော့မည် ဖြစ်သည်။

စိတ်ဆိုးဒေါသ ထွက်စေသော အကြောင်းအရာ တစ်ခုကို ဝေမျှ လိုက်ချိန်တွင် Like နှိပ်ရန် နေရာသာ ပါရှိသောကြောင့် လူအများ ယင်းအကြောင်း အရာကို တုံ့ပြန်ရန် နည်းလမ်း မရှိ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ဖေ့စ်ဘွတ်ခ် သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ ခံစားချက် များကို ပိုမိုဖော်ပြနိုင်မည့် Love, ha ha, wow, sad နှင့် angry စသော ချစ်ခင် ရယ်မော၊ အံ့သြ၊ ဝမ်းနည်းခြင်း ခံစားချက်များ ဖော်ပြနိုင်မည့် ရုပ်ပုံ သစ်များ ထည့်သွင်း ပေးမည် ဖြစ်သည်။

yay ဟု ဖော်ပြနိုင်သော ရုပ်ပုံ တစ်ခုကို ယခင်က ထည့်သွင်း ခဲ့သော်လည်း ပထမဆုံး အသုံးပြုသူများ သဘော မကျသဖြင့် ပြန် ဖယ်ရှား ခဲ့ကြောင်း သိရသည်။

ဈေးကွက် ရှာဖွေရေး အေဂျင်စီလီဒါမှ မဟာဗျူဟာ ရေးဆွဲရေး အရာရှိချုပ် ဆိုင်မွန် ကားလ်ဗက်က ယင်းစနစ်သည် လူသားများ၏ ခံစားချက်များကို အတိအကျ ဖော်ပြနိုင်ပါက အလွန် စိတ်ဝင်စား စရာ ကောင်းလိမ့်မည်ဟု ပြောသည်။

ဖေ့စ်ဘွတ်ခ်က ယခုကဲ့သို့ အပြောင်း အလဲတစ်ခု ပြုလုပ် လိုက်ချိန်တွင် အလွန် စိတ်လှုပ်ရှား စရာကောင်းသော အပြောင်းအလဲ တစ်ခုဖြစ်လေ့ ရှိကြောင်း လူမှုကွန်ရက် ဈေးကွက် ရှာဖွေရေး ကျွမ်းကျင်သူ ခရစ္စတယ် အိုင်ယာလန်က ပြောကြားသည်။

ယင်းအစီအစဉ်ကြောင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေမျှ လိုက်သော အကြောင်းအရာ အတွက် မြင်တွေ့ ရသူများ ၎င်းတို့ ခံစားချက်များကို အသေးစိတ် ဖော်ပြနိုင်တော့မည် ဖြစ်သည်။ 
February 07, 2016

နာဆာသည် နေအဖွဲ့ အစည်း အလွန် အာကာသ စူးစမ်း လေ့လာရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သမားရိုးကျ ဒုံးကျည် များထက် ပို၍ ကြီးမားသော မီဂါရော့ကက် ဒုံးကျည် SLS ကို တပ်ဆင် တည်ဆောက်မှု အဆင့်တွင် နောက်ဆုံး အဆင့်သို့ ရောက်ရှိ နေပြီး မကြာမှီ နေအဖွဲ့ အစည်း အလွန် အာကာသ ဟင်းလင်းပြင်ကြီး ထဲသို့ လွှတ်တင်မည်။

ထို့နောက် နေအဖွဲ့ အစည်း အလွန် အာကာသ အတွင်း ဓာတ်ရောင်ခြည် ဖြာထွက်မှုနှင့် ဥက္ကာပျံများ တည်ရှိနေမှု အခြေအနေ တို့ကို စူးစမ်း လေ့လာ သွားမည်ဖြစ်ပြီး လကမ္ဘာကို စူးစမ်း လေ့လာမည့် ဂြိုဟ်တုငယ် ၁၃ လုံးနှင့် တစ်ပါတည်း လွှတ်တင် သွားမည် ဖြစ်ကြောင်း သိရသည်။

နာဆာ၏ မီဂါ ရော့ကက်ကြီး ကို အမေရိကန် ပြည်ထောင်စု၊ အလာဘားမား ပြည်နယ်၊ မာရှယ် အာကာသ လေကြောင်းဌာန ၌ ပြုလုပ်တပ်ဆင် နေခြင်းဖြစ်ပြီး အားလုံးပြီးစီး သွားလျှင် အာကာသ ထဲမှနေ၍ ဂြိုဟ်တုများကို လွှတ်တင်သည့် စနစ် Space Launch System အဖြစ် အသုံးပြု သွားမည် ဖြစ်သည်။ 

၂ဝ၁၈ ခုနှစ်တွင် ပထမဆုံး အကြိမ် လွှတ်တင်ရာ၌ ဂြိုဟ်တုငယ် များကို တစ်ပါတည်း တင်ဆောင် လွှတ်တင်ရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Cubesat ဟုခေါ်ဆိုသည့် ကုဗပုံ ဂြိုဟ်တုငယ် များကို ကမ္ဘာမှ မိုင်ပေါင်း ထောင်ပေါင်း များစွာထိ သယ်ဆောင်သွားကာ အာကာသ ထဲမှနေ၍ ထပ်ဆင့် လွှတ်မည့် စီမံကိန်းကို အာကာသ စူးစမ်း လေ့လာရေး လောက တစ်ခုလုံးက ကြိုဆို လိုက်ကြောင်းနှင့် မီဂါရော့ကက် များကို အနာဂတ် တွင် အင်္ဂါဂြိုဟ် ခရီးစဉ်ကဲ့သို့ လူလိုက်ပါ လာသော Orion အာကာသယာဉ်ကြီး များကို အာကာသထဲမှ ထပ်ဆင့် လွှတ်တင် ရာတွင်လည်း အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
credit 
 ပြည်ချစ်သား 
February 07, 2016
Cloud Computing ဟု ခေတ်စားလာ နေသော ကွန်ပျူတာ တစ်ဦးချင်း အသုံးပြုသူ များ၏ အချက် အလက် များကို မိမိပိုင် ကွန်ပျူတာတွင် သိမ်းဆည်းခြင်း မပြုဘဲ အချက် အလက် များကို လက်ခံ သိုလှောင် ပေးသည့် အဖွဲ့အစည်းထံ သိမ်းဆည်းသည့် စနစ်ကို Cloud Computing ဟု ခေါ်ဝေါ်သုံးစွဲ နေကြ သော်လည်း ၄င်းဆာဗာ အများစုမှာ ပင်လယ် ရေအောက်၌ ရှိကြောင်း မိုက်ခရိုဆော့ဖ် မှ တာဝန်ရှိသူ များက ထုတ်ဖော် ပြောကြားသည်။



''ကမ္ဘာတစ်ဝန်းက ကွန်ပျူတာ တွေကနေ အချက်အလက်တွေ သိုလှောင်နေကြတဲ့ ဆာဗာတွေက ကျွန်တော်တို့က Data Centre လို့ အမည်ပေးထား ပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ ဒီ Data Center တွေရှိပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထား ပါတယ်။ 

Data Center တွေဟာ စွမ်းအင်သုံးစွဲမှု နှုန်း မြင့်မားပြီး အပူ ထုတ်လွှတ်တာ များတဲ့ အတွက် စက်အပူချိန် မလွန်ကဲအောင် ထိန်းသိမ်းဖို့ ဆိုတာ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာလေ့ ရှိပါတယ်။ 

ဒါကြောင့် အခု နောက်ပိုင်းမှာ ဒီ Data Center တွေကို မြေပြင်ပေါ် မထားတော့ဘဲ ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်မှာ သွားရောက် ထားရှိတာ ဖြစ်ပါတယ်'' ဟု မိုက်ခရိုဆော့ဖ် မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Data Center များကို ပင်လယ် ရေအောက်တွင် ထားရှိသည့် စီမံချက် Project Natick ကို ၂ဝ၁၅ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

ရေလုံအောင် ပြုလုပ်ထားသော အလေးချိန် ပေါင် ၃၈ဝဝဝ ရှိပြီး အမြင့် ၁ဝ ပေ၊ အကျယ် ခုနစ်ပေရှိသော ဆလင်ဒါကြီး တစ်ခု အတွင်း ဆာဗာကြီး ကို ထည့်ကာ အမေရိကန် ပစိဖိတ် ကမ်းရိုးတန်းမှ မိုင်ဝက်ခန့် အဝေးရှိ ပင်လယ်ကြမ်းပြင် ပေါ်တွင် ကျောက်ဆူးဖြင့် ဆွဲချ ထားရှိခြင်း ဖြစ်သည်။ 

၎င်းဆာဗာသည် Desktop ကွန်ပျူတာ အလုံး ၃ဝဝ နှင့် ညီမျှသော လျှပ်စစ်ဓာတ် အားကို သုံးစွဲကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အင်တာနက်ဖြင့် ချိတ်ဆက် အသုံးပြုသော နည်းပညာမြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သုံးစွဲမှု မြင့်မားလာသည့် အလျောက် Data Center ဆာဗာများလည်း အများအပြား တည်ဆောက်ရန် လိုအပ်လာရာ ၄င်း ဆာဗာများအတွက် မြေနေရာနှင့် အဆောက်အအုံ လိုအပ်ခြင်း၊ စွမ်းအင်သုံးစွဲမှုနှုန်း မြင့်မားခြင်း၊ အပူလွန်ကဲ လွယ်ခြင်းတို့ကြောင့် နေ့ညမပြတ် စောင့်ကြည့် ထိန်းသိမ်းရလေ့ ရှိသည်ကို ဖြေလျှော့နိုင်ရန် နောင်တွင် Data Center များကို ပင်လယ်ရေအောက် တွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များ အသုံးပြုကာ ထားရှိလည်ပတ် စေတော့မည် ဖြစ်ကြောင်း သိရသည်။
credit ; ပြည်ချစ်သား

Saturday, February 6, 2016

ကျွန်တော်တို့ဟာ TV တွေကို အစပိုင်းတွင်တော့ အပန်းဖြေပစ္စည်းတစ်ခုအနေနဲ့သာ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အခါမှာတော့ လုပ်ငန်းသုံးပစ္စည်းများအနေနဲ့ပါ အသုံးပြုလာခဲ့ကြပြီပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ပထမဦးဆုံး TV ကို 1920 ခုနစ်တွင် Johann Hittorf မှ စတင်တီထွင်ခဲ့ပါတယ်။ ထိုအချိန်မှာတော့ CRT (Cathode Ray Tube) TV များ အနေဖြင့်ရှိခဲ့ပြီးတော့ Black and White ကိုသာပြသနိုင်ခဲ့ပါတယ်။ 1940ခုနစ် မှစတင်ကာ Colour ပေါင်းစုံကိုပြသပေးနိုင်တဲ့ Colour CRT TV များပေါ်ပေါက်ခဲ့ပါတယ်။ ထိုအချိန်မှစတင်ကာ Company ကြီးများမှ TV များစတင်ထုတ်လုပ်ခဲ့ကြပြီး အိမ်တိုင်း အိမ်တိုင်းလိုလို ပိုင်ဆိုင်မှုများရှိလာခဲ့ပါတယ်။ 2000 ခုနစ် နှောင်းပိုင်းများမှာတော့ Plasma TV များ ပေါ်ပေါက်လာခဲ့ပါတယ်။ CRT TV များထက်ပိုမိုပါးလွှာခြင်း၊ ရုပ်ထွက်အရည်အသွေးပိုမိုကောင်းမွန်ခြင်းများကြောင့် Plasma TV များဟာလည်း အထိုက်အသင့် အောင်မြင်မှုရရှိခဲ့ပါတယ်။ Plasma TV များပေါ်ပေါက်လာပြီး များမကြာမီမှာပဲ LCD TV များထွက်ပေါ်လာပါတယ်။ Plasma TV များထက် အရာရာမှာ သာလွန်ကောင်းမွန်လာခဲ့ပါတယ်။ နည်းပညာများမြင့်မားလာသည့်နည်းတူ TV များ၏ ဈေးနှုန်းဟာလည်း တစ်စထက်တစ်စမြင့်မားလာပါတယ်။ Company ကြီးများ၏ ပြိုင်ဆိုင်မှုများကြောင့် ဈေးနှုန်းများလည်း သက်သာလာခဲ့ပြီးတော့ အရည်အသွေးများလည်း ပိုမိုကောင်းမွန်လာပါတယ်။ 2010 ခုနစ်နှောင်းပိုင်းများမှစတင်ကာ LED TV များစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ပါးလွှာသော ကိုယ်ထည်၊ ရွှန်းစိုသော ရုပ်ထွက်တိုေ့ကြာင့်ဈေးကွက်အတွင်း LED TV များကြီးစိုးခဲ့ကြပါတယ်။ ကနဦးပိုင်းတွင်တော့ LED TV များ၏ ရုပ်ထွက် အရည်အသွေးမှာ SD (<720p) ရှိခဲ့ပြီးတော့ 5 နှစ်ခန့်အကြာမှာ HD (720p) သို့ပြောင်းလဲခဲ့ပါတယ်။ HD quality သို့ရောက်ရှိပြီးမကြာခင်မှာ Full HD (1080p) သို့တိုးတက်ပေါ်ထွက်လာခဲ့ပါတယ်။ 2014ခုနစ်နှောင်းပိုင်းများမှာတော့ 4K နည်းပညာ အသစ်ထပ်မံပေါ်ထွက်လာပြန်ပါတယ်။
ရုပ်ကိုထုတ်ဖော်ပြသနိုင်တဲ့ ပစ္စည်းတစ်ခုရဲ့ Horizontal Resolution ဟာ 4000 pixels ထက်ပိုပြီးရှိနေမယ်ဆိုရင် သူ့ကို 4K device လို့ခေါ်နိုင်ပါတယ်။ TV နယ်ပယ်နဲ့ ရုပ်ရှင်ရိုက်ကူးရေးနယ်ပယ်မှာ 4K standard ပေါင်းများစွာရှိပါတယ်။ ရုပ်ရှင်တွေရိုက်ကူးရာမှာတော့ DCI (Digitl Cinema Initiatives) ဟာ အရေးပါတဲ့ 4K standard တစ်ခုဖြစ်ပြီးတော့ Television နဲ့ Consumer media နယ်ပယ်မှာတော့ 4K UHD သို့မဟုတ် UHD-1 ဟာ standard တစ်ခုဖြစ်ပါတယ်။
2015 ခုနှစ်နှောင်းပိုင်းမှစတင်ကာ 4K TV များရဲ့ Market Share ဟာ 2014ခုနှစ်နှောင်းပိုင်းတွေနဲ့ 2015ခုနှစ် အစောပိုင်းတွေကထက် နှစ်ဆမကတိုးတက်လာပါတယ်။ American ပြည်ထောင်စုမှာကောက်ယူထားတဲ့ စစ်တမ်းတစ်ခုအရ 2020 ခုနစ်သို့ရောက်လျှင် American ပြည်ထောင်စုရှိ အိမ်များရဲ့ 55% ဟာ 4K TV များနေရာယူထားကြလိမ့်မယ်လိုယူဆထားကြပါတယ်။ 4K TV များရဲ့နေရာသိမ်းပိုက်မှုဟာ Full HD TV များစတင်ပေါ်ပေါက်လာစအချိန်ကထက် နှစ်ဆမကမြန်ဆန်လှပါတယ်။
ယခုလို 4K TV များနေရာယူလာတာရဲ့အကြောင်းအရင်းကတော့ Youtube နဲ့ Netflix ကဲ့သို့ Online Broadcasting Media များက 4K ကို Support လုပ်လာခြင်းကြောင့်ဖြစ်ပါတယ်။
Youtube ဟာ 2010ခုနစ်နှောင်းပိုင်းမှစတင်ကာ 4K Media Streaming ကို support လုပ်ခဲ့ပြီးတော့ Netflix မှ 2014 ခုနစ်တွင်စတင်ကာ 4K Media Broadcasting ကိုစတင်ခဲ့ပါတယ်။
ယနေ့အချိန်တွင်တော့ TaTasky ကဲ့သို့ Broadcaster များ၏ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံတွင်လည်း 4K Tv Channel များ ရရှိနေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ နေအိမ်များမှာ 4K Resolution ဖြင့် ကြည့်ရှုနိုင်ရန်အတွက် 4K supported Display devices များလိုအပ်ပါတယ်။
ဈေးကွက်မှာ တွေ့ရအများဆုံးနဲ့ ဝယ်ယူရအလွယ်ကူဆုံး ကတော့ 4K displayed TV များပဲဖြစ်ပါတယ်။
Youtube ကဲ့သို့သော Media များကိုပါ ကြည့်ရှုခံစားလိုတယ်ဆိုလျှင်တော့ သာမန် 4K TV တင်မဟုတ်ပဲ 4K Smart TV များဖြစ်ရန်ပါလိုအပ်ပါတယ်။ ထိုမှသာ မိမိတို့အသုံးပြုလိုသမျှ Function တိုင်းကို စိတ်တိုင်းကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
4K TV များဟာ စတင်ဝင်ရောက်လာစဉ်ကတည်းက Smart TV များအနေဖြင့် ဝင်ရောက်လာပါတယ်။ မိမိတို့ ကိုယ်ပိုင် Operating System များ ရေးသား၍သော်လည်းကောင်း Google ၏ Android OS ပေါ်တွင်အခြေခံ၍သော်လည်းကောင်း ထုတ်လုပ်ကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း 4K Smart TV များကို ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူအသုံးပြုနေကြပြီးဖြစ်ပါတယ်။
Samsung, TCL, Sony, Panasonic စသည်ဖြင့် အမျိုးအစားများစုံလင်လှပါတယ်။ နည်းပညာမြင့်မားပြီး အရည်အသွေးကောင်းမွန်သော TV များဖြစ်သလို ဈေးနှုန်းလည်းမြင့်မားတာကို သတိပြုမိစေလိုပါတယ်။
TCL 4K LED Smart TV များကို အခြားBrand များ၏ ထက်ဝက်မကသော ဈေးများဖြင့်ရရှိနိုင်ပါတယ်။ တူညီသော Function၊ တူညီသော ရုပ်ထွက်အရည်အသွေးကို ချိုသာသောဈေးဖြင့်ရရှိနိုင်ပါတယ်။
TCL ၏ အားသာချက်မှာ ဈေးနှုန်းနည်းပါးခြင်းသာ မဟုတ်ဘဲ GoLive ဆိုသော Function တစ်မျိုးပါဝင်ခြင်းလည်းဖြစ်ပါတယ်။ ဤ Function ဖြင့် TV channel ပေါင်း 200++ ကို Internet လိုင်းရှိရုံဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကပဲ TV ပေါ်မှာ အသုံးပြုနိုင်မယ့် Application ပေါင်းများစွာကိုအခမဲ့ Download ရယူနိုင်သော သီးသန့် App Store တစ်ခုလည်းပါဝင်ပါတယ်။ တောင်းဆိုချက်တိုင်းကို လျှင်လျှင်မြန်မြန်ဆောင်ရွက်ပေးနိုင်မယ့် Dual core+ Quard core processor တစ်ခုလည်းပါဝင်ပါတယ်။
အခြားတံဆိပ်များထက်ပိုမိုကောင်းမွန်တာတစ်ခုက လူကြီးမင်းတို့TV ပေါ်တွင်ကြည့်ရှုနေသော မည့်သည့် အစီအစဉ်ကိုမဆို USB stick တစ်ချောင်းထိုးထားရုံဖြင့် ရုပ်ရော အသံပါ recording ပြုလုပ်ထားနိုင်ပါတယ်။ ကြည့်ရှုနေသော မူလ Resolution အတိုင်း record ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
ထို့ကြောင့် မြင့်မားသောနည်းပညာ၊ ချိုသာသောဈေးနှုန်း၊ ကောင်းမွန်သောရုပ်သံအရည်အသွေး စသော စသော အကောင်းဆုံးများဖြင့်ဖွဲ့စည်းတည်ဆောက်ထားသော TCL 4K Smart TV များကိုရွေးချယ်အသုံးပြုခြင်းအားဖြင် လူကြီးမင်းတို့ရဲ့ အဆင့်အတန်းမြင့်မားသော High Tech ဘဝတစ်ခု ကိုတည်ဆောက်လိုက်ပါ။
TCL 4K LED Smart TV များရဲ့ဈေးနှုန်းများကတော့-
40inches 4K LED Smart TV - 540000Ks
50inches 4K LED Smart TV - 740000Ks
55inches 4K LED Smart TV - 940000Ks
55inches Full Hd Curved smart TV - 1200000Ks
ဖြင့်အမြို့မြို့အနယ်နယ်ရှိ Electronic ဆိုင်များတွင်စုံစမ်း ရရှိနိုင်ပါတယ်။
အထက်ပါဖော်ပြထားသောဈေးနှုန်းများသည် ရန်ကုန် နှင့် မန္တလေးမြို့များတွင်သာရရှိနိုင်ပါသည်။ ကျန်မြို့များတွင် Transportation Fees ထည့်ပေါင်းရသောကြောင့် အနည်းငယ်ကွာဟမှုရှိနိုင်ပါတယ်။
Credit ,myo thein


Friday, January 29, 2016

မြန်မာနိုင်ငံဟာ Viber Out အတွက် ငွေသားတိုက်ရိုက်ဖြည့်နိုင်တဲ့ ကမ္ဘာ့ ပထမဆုံးနိုင်ငံ ဖြစ်လာပါတော့မယ်။
Red Dot ငွေဖြည့်စနစ်ကို အသုံးပြုပြီး Viber Out ကို ငွေဖြည့်နိုင်မှာပါ။
Viber ဆိုတာ မြန်မာနိုင်ငံမှာ လူသုံးများတဲ့ အပလီကေးရှင်းတခုဖြစ်ပြီး အကောင့်ရှိသူ အချင်းချင်း အင်တာနက်သုံးပြီး ဖုန်းခေါ်တာ၊ ဓာတ်ပုံ၊ ဗွီဒီယိုနဲ့ စာပို့တာတွေ လုပ်လို့ရပါတယ်။
Viber Out ဆိုတာကတော့ Viber မသုံးသူတွေရဲ့ ဖုန်းတွေ၊ ကြိုးဖုန်းတွေကို ခေါ်ဆိုနိုင်တာဖြစ်ပြီး ပြည်ပကိုလည်း ဖုန်းခေါ်ဆိုနိုင်မှာ ဖြစ်ပါတယ်။
ဒါကိုသုံးမယ်ဆိုရင်တော့ Viber Out အတွက် ငွေဖြည့်ရမှာ ဖြစ်ပါတယ်။
“Viber Out အတွက် ငွေသားပေးပြီး ဖြည့်နိုင်တာ ကမ္ဘာမှာ ပထမဆုံးပါ။ Red Dot စတိုးဆိုင်တွေမှာ Viber Out Credit အတွက် ငွေဖြည့်ချင်တယ်လို့ပြောပြီး အလွယ်တကူ ငွေဖြည့်နိုင်ပါတယ်။ အနည်းဆုံး ငွေဖြည့်နိုင်တဲ့ ပမာဏကတော့ ၁၀၀၀ ကျပ်ပါ” လို့ Red Dot ရဲ့ Chief Marketing Officer ဖြစ်တဲ့ အန်ဒီ ၀ှဲလ်လန် (Andy Whelan) က ဒီဗွီဘီကို ဖြေကြားပါတယ်။
တခြားနိုင်ငံတွေမှာတော့ ဘဏ် ဒါမှမဟုတ် ခရက်ဒစ်ကတ်တွေက တဆင့် ဖြည့်သွင်းရတာပါ။
မလေးရှားကို တမိနစ် ၂ ဒသမ ၁ ဆင့်နှုန်း၊ ထိုင်းနိုင်ငံကို တမိနစ် ၂ ဒသမ ၉ ဆင့်နှုန်း၊ စင်ကာပူကို တမိနစ် ၁ ဒသမ ၉ ဆင့်နှုန်း၊ ကိုရီးယားနိုင်ငံကို တမိနစ် ၁ ဒသမ ၉ ဆင့်နှုန်း အစရှိသဖြင့် ခေါ်ဆိုနိုင်ပါတယ်။
credit ; burmese.dvb.no

Friday, December 11, 2015


ကွန်ပျူတာ System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ရန်အတွက် အောက်ဖော်ပြပါအတိုင်း ဆောင်ရွက်နိုင်ပါသည်
-၁။ ကွန်ပျူတာတွင် Application တစ်ခုကိုအသုံးပြုပြီးတိုင်း Desktop ပေါ်တွင် Right Click ဖြင့် Refresh ပြုလုပ်ပေးရပါမည်။ Refresh ပြုလုပ်ပေးခြင်းအားဖြင့် RAM အတွင်းမလိုအပ်သည့် File များကိုဖယ်ထုတ်ပေးနိုင်ပြီး System Speed ကိုမြန်ဆန် စေပါသည်။

၂။ File Size ကြီးမားသောပုံများကိ Wallpaper အဖြစ်အသုံးမပြုသင့်ပါ။ Wallpaper ကို File Size ကြီးမားသောပုံကိုအသုံးပြုခြင်းအားဖြင့် RAM ၏လုပ်ဆောင်မှုကို နှေးကွေးစေပါသည်။

၃။ Desktop ပေါ်တွင် Shortcuts များကိုထားရှိပြီး အသုံးပြုခြင်းမှရှောင်ကျဉ်ရပါမည်။ Desktop ပေါ်ရှိ Shortcuts တစ်ခုသည် RAM အတွင်း ၌ ၅၀၀ Bytes နေရာယူအသုံးပြု စေပါသည်။

၎။ Recycle Bin ကိုနေ့တိုင်း Empty ဖြစ်စေရန်ရှင်းလင်းပေးရပါမည်။ Recycle Bin ကို Empty မပြုလုပ်သေးသမျှ မိမိ Delete လုပ်လိုက် သည့် File များသည် Hard Drive တွင်နေရာယူနေပါသည်။ Delete လုပ်ရန်သေချာသည့် File များကို Shift + Delete ဖြင့် Recycle Bin အ တွင်းမရောက်စေပဲ တိုက်ရိုက် Delete လုပ်နိုင်ပါသည်။

၅။ Temporary Internet File များကို ပုံမှန် Delete ပြုလုပ်ပေးရပါမည်။

၆။ Defragment ပြုလုပ်ခြင်းကို ၇ ရက်လျင်တစ်ကြိမ်ခန့်ပြုလုပ်ပေးရပါမည်။ Defragment ပြုလုပ်ပေးခြင်းအားဖြင့် Hard Drive အတွင်း Free Space ကိုတိုးမြင့်လာစေပြီး File များကိုပြန်စီပေးသည့်အတွက် ကွန်ပျူတာကိုအသုံးပြုရာတွင် ပိုမိုမြန်ဆန်စေပါသည်။

၇။  ကွန်ပျူတာတွင် Partition ကိုအနည်းဆုံးနှစ်ခုထား၍ အသုံးပြုသင့်ပါသည်။ File Size ကြီးမားစွာအသုံးပြုရမည့် Photoshop၊ 3DS Max ကဲ့သို့သော Software များကို Run ၍အသုံးပြုသည့်အခါတွင် Window တင်ထားသည့် Partition ကိုအသုံးမပြုပဲ၊ ဒုတိယ Partition တွင် Run ၍အသုံးပြုရပါမည်။ Window တင်ထားသည့် Partition တွင် Data များထားရှိခြင်း၊ Software များ Run ၍အသုံးပြုခြင်းများကို တက် နိုင်သမျှရှောင်ကျဉ်၍ Free space များစေရန်ဆောင်ရွက်ရပါမည်။ Window တင်ထားသည့် Partition တွင် Free space နည်းနေပါက ကွန်ပျူတာလုပ်ဆောင်မှုကိုနှေးကွေးစေပါသည်။

၈။ Software တစ်ခုကိုအသုံးပြုရန်အတွက် Run ပြီးပါက Tray Icon များထားရှိ အသုံးပြုခြင်းကို မပြုလုပ်သင့်ပါ။ ထို Tray Icon များထားရှိ အသုံးပြုခြင်းသည် RAM ကို ပိုမိုအလုပ်လုပ်စေပြီး ကွန်ပျူတာ System ကိုနှေးကွေးစေနိုင်ပါသည်။

၉။ Software များကို ကွန်ပျူတာစဖွင့်သည်နှင့်တပြိုင်နက်တည်း Automatically အလုပ် လုပ်စေခြင်းမပြုလုပ်သင့်ပါ။ ထိုသို့ပြုလုပ်ရန်အတွက်  Window+R (သို့မဟုတ်) Run တွင် msconfig ဟုတ်ရိုက်ပြီး Startup Tab ကိုနှိပ်ပါ ။အဲဒီနောက်တွင မိမိကွန်ပြူတာ / Laptop Brand အမျိုးစားနာမည်များမှလွဲပြီး ကျန်သောအခြားအရာများကို Mouse ဖြင့် Select (အမှတ်လေးလိုက်လုပ်ပေး) လုပ်ပေးပါ။ထို့ နောက် Disable All ကို Click ပြုလုပ်၍ ကွန်ပျူတာကို Restart ပေးရပါမည်။ (မှတ်ချက်- အကယ်လို့ မိမိ အသုံးပြုနေသော Laptop မှာ Lenovo ဖြစ်ပါက  Lenovo နဲ့စသော စာသားများပါသည်များကို အမှတ်မခြစ် (မရွေးချယ် ၊ Select) မပြုလုပ်ပါနှင့်။ အဘယ့်ကြောင့်ဆိုသော် ထိုအ၇ာများသည်မိမိကွန်ပြူတာအတွက်အရေးကြီးပါသည်။ထိုအရာများကို  အမှတ်လုပ်ပြီး Disable လုပ်ခဲ့မယ်ဆို၇င်တော့ အင်တာနက်တို့ ၊ Bluetooth တို့ အပြင် အခြားသော Fn+F1 => F9 ကီးခလုတ်တွေအသုံးပြုလို့ရမှာမဟုတ်တော့ပါဘူး။တနည်းအားဖြင့်  Function Keys များလို့ ခေါ်ဝေါ်ပါတယ်။

၁၀။ ကွန်ပျူတာတွင်း ဖုန်များဝင်ရောက်ခြင်းကိုကာကွယ်ပေးရပါမည်။ ဖုန်များသည် ကွန်ပျူတာ Cooling Fan ကိုနှေးကွေးလာစေကာကွန်ပျူတာ CPU ကိုတဖြည်းဖြည်းချင်း ပူလာစေပါသည်။ ထိုသို့ပူလာသည်နှင့်အမျှ ကွန်ပျူတာ၏ ပုံမှန်စနစ်တကျလုပ်ဆောငမှုများကို ထိခိုက်လာစေကာ System Speed ကိုနှေးကွေးလေးလံလာစေနိုင်ပါသည်။၁၁။ ကွန်ပျူတာ CPU အတွင်းရှိဖုန်များကိုဖယ်ရှားရန်အတွက် ဖုန်စုပ်စက်များကို လုံးဝအသုံးမပြုရပါ။ နူးညံ့သောအ၀တ်စများ၊ ကွန်ပျူတာဖုန်သုတ် သည့် အ၀တ်စများကိုသာ အသုံးပြုရပါမည်။

၁၁။  ကွန်ပျူတာကို System Restore Function ကိုဖွင့်ထားခြင်းသည် CPU ၏ စွမ်းဆောင်မှု ကိုအသုံးပြုမှုများပြားစေပါသည်။ ထို့ကြောင့် System Restore ကိုပိတ်ထားသင့်ပါသည်။ System Restore ကိုပိတ်ထားရန်အတွက် My Computer \ Properties သို့ဝင်ရောက်၍ ၄င်းမှ System Restore Tab သို့ဝင်ရောက်ကာ အောက်ဖော်ပြပါပုံအတိုင်း Turn off system restore on all drives ကို Select လုပ်၍ ပိတ်ထားနိုင်ပါသည်။
၁၂။ Search Indexing ကို Disable ပြုလုပ်ထားခြင်းသည် ကွန်ပျူတာ System Speed ကို မြန်ဆန်စေပါသည်။ Search Function ကိုပိတ်ထားရန်အတွက် My Computer မှ Window တင်ထားသည် C Drive ကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် အောက်ဖော်ပြပါပုံအတိုင်း Allow indexing Services to index this disk ကို uncheck ပေး၍ Apply ပေးရပါမည်။

၁၃။ Error Checking Utility ကိုအသုံးပြုခြင်းဖြင့် ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။  Error Checking Utility ကိုအသုံးပြုရန်အတွက် ကွန်ပျူတာအတွင်းဖွင့်ထားသော File များကိုပိတ်ရပါမည်။ My Computer မှ Drive တစ်ခုကို Right Click နှိပ်၍ Properties သို့ဝင်ရောက်ရပါမည်။ ထို့နောက် Tools Tab သို့ဝင်၍ အောက်ဖော်ပြပါပုံအတိုင်း Check now ကို Click ၍ Scan for and attempt recovery of bad sectors ကို Check ပေး၍ Start ကို နှိပ်ရပါမည်။

၁၄။ ကွန်ပျူတာအတွင်းရှိ Spyware များသည် ကွန်ပျူတာသုံးစွဲသူ၏ Personal Data များကို ခွင့်ပြုချက်မရှိပဲခိုးယူရုံသာမက ကွန်ပျူတာသုံးစွဲရာတွင် ကွန်ပျူတာကိုနှောင့်နှေးစေပြီး မကြာခဏရပ်တန့် စေခြင်းခြင်းများကိုပါဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ကွန်ပျူတာအတွင်းရှိ Spyware များကိုရှင်းလင်းပေးရပါမည်။ Antivirus Software ကိုအသုံးပြုခြင်းမရှိသေးပါက Online Free Service တစ်ခုဖြစ်သော http://onecare.live.com/ သို့ဝင်ရောက်၍ ကွန်ပျူ တာ ကိုစစ်ဆေးခြင်းဖြင့် Virus များကိုဖယ်ရှားနိုင်ပါသည်။

၁၅။  Window တင်ရာတွင် NTFS အမျိုးအစား File Type ကိုအသုံးပြုရပါမည်။ FAT32 ကို အသုံးမပြုရပါ။ မိမိအသုံးပြုနေသည့် Window တွင်မည်သည့်အမျိုးအစားကိုအသုံးပြုထား သည်ကို သံသယဖြစ်ပါက Window တင်ထားသည့် C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်၍ကြည့်ရှုနိုင်ပါသည်။ အကယ်၍ FAT32 ဖြစ်နေပါက NTFS File Type သို့ပြောင်းလဲပေးရပါမည်။ ထိုသို့ပြောင်းလဲရန်အတွက် ပထမဆုံးအရေးကြီးသည့် Data များကို Back Up ပြုလုပ်ထားရပါမည်။ ထို့နောက် Start \ Run တွင် CMD ဟုရိုက်နှိပ်၍ Prompt တွင် CONVERT C: /FS:NTFS ဟုရေး၍ Enter ပေးရပါမည်။ ထို့နောက် ခေတ္တ စောင့်ပေးရပါမည်။ NTFS ကိုအသုံးပြုခြင်းအားဖြင့် Security မြင့်မားခြင်း၊ Folder ပမာဏကို ကြီးမားစွာအသုံးပြုနိုင်ခြင်းနှင့် Computer System Speed ကိုမြန်ဆန်စွာအသုံးပြုနိုင်ခြင်းနှင့် အခြားအကျိုးရလဒ်များကို ရရှိစေပါသည်။

၁၆။ ကွန်ပျူတာကို တစ်လလျင်အနည်းဆုံးတစ်ကြိမ်ခန့် Disk Cleanup ပြုလုပ်ပေးသင့်ပါ သည်။ Disk Cleanup ပြုလုပ်ပေးခြင်းဖြင့် Temporary Files များကိုဖယ်ရှားပေးနိုင်ပြီး ကွန်ပျူတာ System Speed ကိုမြန်ဆန်စေပါသည်။ C Drive ကို Right Click ဖြင့်နှိပ်၍ Properties သို့ဝင်ရောက်ပြီး Disk Cleanup Bottom ကိုနှိပ်၍ ပြုလုပ်နိုင်ပါသည်။
၁၇။ ကွန်ပျူတာအတွင်းမလိုအပ်သည့် Program များကိုဖယ်ရှားပေးရပါမည်။ ဖယ်ရှားရာတွင် Window တွင်ပါရှိသည့် Add or Remove Program မှတစ်ဆင့်ဖယ်ရှားနိုင်သကဲ့သို့ Your Uninstaller ကဲ့သို့ Uninstaller တစ်မျိုးမျိုးကိုအသုံးပြု၍ဖယ်ရှားနိုင်ပါသည်။ Software ကို အသုံးပြု၍ဖယ်ရှားပါက Add or Remove Program ကိုအသုံးပြု၍ဖယ်ရှား၍ ပျက်သွားခြင်း မရှိသည့် Registry အတွင်းရှိ File များကိုပါ ဖယ်ရှားနိုင်မည်ဖြစ်ပါသည်။


Wednesday, December 9, 2015

Facebook မှာ video ကို download ရယူဖို့ အတွက်​ ​နောက်​ထွက်​တဲ့ facebook version ​တွေမှာ auto play တာ​ကြောင့်​ download ရယူဖို့အခက်​အခဲ ​တွေရှိ​နေတာ​တွေရပါတယ်
Facebook က video ရယူဖို့ ပုံနဲ့ တကွ ​ ပြ​ပေးသွားမှာပါ

SnapTube Apk download

 DOWNLOAD 


Monday, November 30, 2015

အီသီယိုပီယားဟာ လူဦးရေ ၉၉ သန်းကျော်ရှိပြီး မြန်မာနိုင်ငံထက် အနည်းငယ် ပိုမို ကျယ်ဝန်းပေမယ့်လည်း ကုန်းတွင်းပိတ်နိုင်ငံ ဖြစ်ပါတယ်...
အီသီယိုပီယားဟာ ကမ္ဘာ့တိုးတက်မှု အမြန်ဆုံး ၁၀ နိုင်ငံထဲ ပါဝင်ပြီး မြန်မာကိုလည်း ကျော်တက်သွားခဲ့ပါတယ်။ ဘာကြောင့်လို့ ထင်ပါသလဲ...။
အစိုးရ ဘတ်ဂျက်ကို ကြည့်ပါက ၆၅ ရာနှုံးကနေ ၇၀ ရာနှုံးအထိကို ပညာရေးနဲ့ ဆင်းရဲသားဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးထားတာကို စတွေ့တာပါပဲ...။
စစ်ရေးအသုံးစရိတ်က ၂၀၁၂ စာရင်းအရ ၁ ရာနှုံးတောင် မပြည့်ပါဘူးတဲ။ ၀.၉၁ ရာနှုံးသုံးပါတယ်။ မြန်မာနဲ့ ကွာချက်နော်။
စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတော့ ဒီမိုကရေစီ နိုင်ငံကြီးတွေရဲ့ ODA (Official Development Assistance) တွေ အဆက် မပြတ်ရတာလဲ တစ်ချက်ပါပဲ။ ၂၀၀၃ ကနေ ၂၀၁၂ အထိ ရရှိတဲ့ ODA ကတော့ ဝိုး ...... ၂၉ ဘီလီယံဒေါ်လာ အထိ ရှိပါတယ်တဲ့။ စတုတ္ထ အများဆုံး ODA လက်ခံရရှိတဲ့နိုင်ငံပါ။
သူတို့ဟာ အခြေခံ အဆောက်အအုံတွေကို အဓိကတည်ဆောက်တယ်၊ ကားလမ်းနဲ့ LRT train system တွေဟာ ရှယ်ပါပဲ၊
စွမ်းအင် ထုတ်လုပ်နိုင်စွမ်းကလည်း မြင့်မားလှပါတယ်။ မကြာခင်မှာ တိုင်းပြည်အတွက် လုံလောက်တဲ့အပြင် နိုင်ငံခြားကို လျှပ်စစ် စွမ်းအင်တွေ ထုတ်ရောင်းနိုင်တော့မယ် ...။ တကယ်ပါ... ပိုလျှံတယ်ဆိုတာ မြန်မာမှာလို ယုံတမ်းစကားမဟုတ်ဘူးနော်။
မိုဘိုင်းဆက်သွယ်ရေး 4G စနစ် ရပြီဖြစ်ပြီး ကောင်းမွန်လှပါတယ်။
ကြီးမားလှတဲ့ ပြည်သူ့ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းတွေဟာ အလုပ်သမား အများအပြားအတွက် အလုပ်အကိုင်နဲ့ အသေးစား ကုန်ထုတ် စီးပွားရေး လုပ်ငန်းများစွာ အတွက် အဆင်ပြေစေတယ်။ မြန်မာက ကျူးကျော်တဲလေးတွေ အတွက်တော့ လွမ်းစရာပေါ့ ...။
သူရဲ့ GDP ရဲ့ ၈၀ ကနေ ၈၅ ရာနှုံးကို စိုက်ပျိုးရေးက ရရှိပေမယ့် ကုန်ချောထုတ်လုပ်ငန်းများ ပေါ်ပေါက်လာဖို့ကို ဦးတည်ထားပြီး မြောက်များစွာသော အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်ဖို့ ရည်ရွယ်ထားတယ်။ ဖိနပ်၊ သားရေ၊ အဝတ်အထည်၊ ကော်ဖီလုပ်ငန်းက ထုတ်ကုန်တွေဟာ ဥရောပနဲ့ အမေရိက ကိုတင်ပို့နေပြီ။
အစိုးရနဲ့ အလှူရှင်နိုင်ငံများ၊ လယ်သမားတွေရဲ့ ပူးပေါင်းပါဝင်မှုနဲ့ စိုက်ပျိုးရေးထုတ်ကုန်များ အဆင့်မမှီဘူးဆိုတဲ့ ယခင် ပုံရိပ်ကို ဖျောက်ပြစ်နိုင်ခဲ့ကြတယ်။ ယခင် နှစ် ၂၀ နဲ့ နှိုင်းယှဉ်ရင် ပြည်တွင်း၊ ပြည်ပမှ ပိုမိုကောင်းမွန်တဲ့ မျိုးများ၊ နည်းစနစ်များ၊ ဓာတ်မြေသြဇာများ ရရှိနေကြပြီ။ စက်မှုလယ်ယာကို ကျွမ်းကျင် ပိုင်နိုင်တဲ့ လယ်သမားတွေဟာလည်း နိုင်ငံတိုးတက်မှုရဲ့ ပြယုဂ်အနေနဲ့ ရှိကြပါတယ်။ အနှစ်နှစ်အလလ စက်မှုလယ်ယာ မအောင်မြင်တဲ့ မြန်မာနိုင်ငံ အတုယူဖွယ်ပါပဲ။
ဝန်ဆောင်မှုလုပ်ငန်းတွေဟာလည်း လျှင်မြန်စွာ တိုးတက်ကြီးထွားလာပြီး အလုပ်အကိုင် အခွင့်အရေးများစွာ ဖန်တီးပေးနေတယ်။
အီသီယိုပီးယား လေကြောင်း လိုင်းဆိုတာ အာဖရိကမှာ ကင်ညာလေကြောင်း လိုင်း နဲ့အပြိုင် နံပါတ်တစ်ကို လုနေတဲ့။ ကမ္ဘာ့ အကောင်းဆုံး လေကြောင်းလိုင်း ၁၀၀ မှာ အဆင့် ၇၇ ချိတ်တယ်တဲ့။ ခေတ်မီ ဘိုးရင်း နဲ့ အဲဘတ်စ် လေယာဉ်ကြီးပေါင်း ၇၄ စင်း နဲ့ နိုင်ငံတကာ လေဆိပ်ပေါင်း ၁၂၄ ခုကို ပျံသန်း နေတဲ့ လေကြောင်းလိုင်းကြီး ဖြစ် နေတယ်။ မြန်မာပြည်လေယာဉ်ကွင်းမှာ ဆင်းလို့မရတဲ့ Beoing 787 လေယာဉ်ကြီးတွေတောင် ပိုင်နေတာပါတဲ့။
မြို့တော် အက်ဒစ်စ် အဘာဘာမှာ LRT လျှပ်စစ်ရထား စီမံကိန်း ပြေးဆွဲနေပြီ။ ဒီစီမံကိန်းအတွက် ကန်ဒေါ်လာ သန်း ၄၇၀ သုံးစွဲခဲ့ပါတယ်။ ၁၇ ကီလိုမီတာ ခရီးစဉ် စဆုံးကို စီးနင်းဖို့ ၂၀ ဆင့် မြန်မာငွေ ၂၆၀ လောက် ကျမှာဖြစ်ပါတယ်။ အင်း ... မြန်မာမှာတော့ လူမစီးတဲ့ နေရာမှာ လျှပ်စစ်ရထားလေး for show လုပ်ပြဦးမယ်။
မြို့တော် အက်ဒစ်စ် အဘာဘာဟာ အာဖရိကတိုက်ရဲ့ နေချင့်စဖွယ်အကောင်းဆုံး မြို့တော်တွေထဲမှာ နံပါတ် ၈ ချိတ်ပါသတဲ့..။ ရန်ကုန်ကတော့ အမှိုက်သရိုက်တွေ၊ ကား ဂျမ်းဖြစ်မှုတွေ၊ မညီမညာ တိုက်တန်းတွေနဲ့ စုတ်ပြတ်နေရပြီ။
လူ တစ်ဦးချင်း ဝင်ငွေကတော့ ၂၀၁၄ မှာ ခန့်မှန်း ဒေါ်လာ ၁၆၀၀ ဖြစ်တယ်။ ၂၀၁၄ မှာ စီးပွားရေးတိုးတက်မှုနှုန်း ၁၀.၃ ရာနှုံးဖြစ်ပြီး ကမ္ဘာ့ တိုးတက်မှု အမြန်ဆုံး ၁၀ နိုင်ငံထဲမှာပါဝင်ပါတယ်။
အာဖရိကတိုက်ရဲ့ အဂတိလိုက်စားမှု အများဆုံး နိုင်ငံထဲမှာမပါခြင်းကလည်း ဒီလိုတိုးတက်စေတာဖြစ်ပါတယ်။
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ဘီလ်ဂိတ်ဟာ သူ့ဖောင်ဒေးရှင်းရုံးစိုက်ဖို့ အာဖရိက နိုင်ငံ အများကြီးထဲက ဘာလို့ ရွေးချယ်လဲဆိုတော့ အီသီယိုပီးယား အစိုးရရဲ့ ကတိကဝတ်ကို ယုံကြည်ရလို့ပါတဲ....။
တကယ်တော့ အီသီယိုပီးယားနိုင်ငံ ဆိုတာ ၁၉၈၃ မှာ ငတ်မွတ်ခေါင်းပါး ဘေးဆိုက်လို့ လူဦးရေ ၁ သန်းလောက်သေခဲ့ရတဲ့ နိုင်ငံပါ။ မိုက်ကယ်ဂျက်ဆင် စတဲ့ အနုပညာရှင်တွေ ဦးဆောင်ပြီး We are the World လို သီချင်းတွေ စပ်ဆို အလှုခံ ကျွေးခဲ့ရတာပါ။ မြန်မာပြည် ကတော့ ဆန်အိတ်တွေ တင်ပို့ပြီး ထောက်ပံပေးခဲ့ရပါသေးတယ်။
အခုတော့ မြန်မာနိုင်ငံကို အပြတ်ဖြတ်ကျော်သွားပါပြီ။
သူတို့တွေရဲ့ Do and Don't ဆောင်ပုဒ်က ငါတို့ အငတ်ဘေး ပြန်မဆိုက်အောင် ကြိုးစားကြ၊ ညီညွှတ်ကြပါတဲ့။
မြန်မာပြည်လို မညီမညွှတ်မဖြစ်စေနဲ့တဲ့။ ခုထိ မညီညွတ်လို့ ငါတို့နောက်မှာ ကျန်ခဲ့ပြီလို့ သတိပေးကြပါတယ်တဲ့။
credit: Shwe Moe Hein

#မကြာမီလာတော့မဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဆေးခါးကြီး။

CEO ဆိုတဲ့အသုံးအနူန်းကို.မြန်မာနိုင်ငံက.ကုမ္ပဏီတွေသုံးကြတာ.နဲပါတယ်။.CEOရဲ့အရှည်ကောက်က."Chef Executive Officer"ဖြစ်ပါတယ်။.ကမ္ဘာပေါ်က.ဝန်ထမ်းထောင်.သောင်းချီရှိတဲ့ကုမ္ပဏီကြီတွေမှာ.CEOအသုံးအနူန်းကို.သုံးကြပါတယ်။.ဥပမာ.Microsoft,Apple,Samsung,Facebook.စတဲ့ကုမ္ပဏီကြီးတွေမှာပါ။

CEOဟာ.ကုမ္ပဏီတခုလုံးမှာ.လုပ်ပိုင်ခွင့်.ဆုံးဖြတ်ပိုင်ခွင့်အပြည့်အဝရထားသူတယောက်ဖြစ်သလို.ကုမ္ပဏီအခြေအနေမကောင်းလို့.အရှုံးပေါ်လာရင်လဲ.အရင်ဆုံးအလုပ်ဖြုတ်ခံရသူက.CEOပါ။.ဒါကြောင့်.CEOတယောက်ရဲ့တာဝန်ဟာ.အရမ်းကြီးသလို.ကုမ္ပဏီတခုလုံးရဲ့ဆက်လက်ရှင်သန်ရပ်တည်မှုဟာလဲ.သူ့ရဲ့ဆုံးဖြတ်ချက်.အရည်အချင်းတွေပေါ်မှာ.လုံးဝမူတည်နေပါတယ်။

ကုမ္ပဏီကြီးတခု.အရှုံးပေါ်နေတယ်။.ကုမ္ပဏီပိတ်ပစ်ရတော့မယ်။.ဝန်ထမ်းတွေ.အဖြုတ်ခံရပြီး.အလုပ်လက်မဲ့ဘဝရောက်တော့မယ်။.ဒီတော့.ကုမ္ပဏီပိုင်ရှင်က.CEOကို.လျော်ကြေးပေးဖြုတ်ပစ်လိုက်တယ်။.CEOအသစ်တယောက်ခန့်လိုက်တယ်။

အသစ်ခန့်လိုက်တဲ့CEOဟာ.ရောက်ရောက်ချင်း.ဘာလုပ်သလဲ။.စတာနဲ့.ပတ်ကြမ်းတိုက်ပါတော့တယ်။.ဝန်ထမ်းတွေရဲ့လစာတွေလျှော့ချဖြတ်တောက်တယ်။.CEOကိုယ်တိုင်ကလဲ.လစာလျှော့ယူတယ်။. - (iPhone, iPadတွေထုတ်တဲ့.Appleကုမ္ပဏီကြီးဟာ.အရှုံးပေါ်နေလို့.၁၉၉၇ခုနှစ်ကနေ.၂၀၁၁ခုနှစ်အထိ.အဲဒီတုံးကCEOဖြစ်တဲ့.ကွယ်လွန်သွားရှာသူ"Steve Jobs"ဟာ.အဲဒီ(၁၄)နှစ်တာကာလမှာ.လစာအဖြစ်.တနှစ်ကို.တစ်ဒေါ်လာပဲ.ယူခဲ့ပါတယ်)။ - မလိုတဲ့လူပိုဝန်ထမ်းတွေ.လျော်ကြေးပေး.ဖြုတ်ပစ်တယ်။.အရာရှိတွေကို.တာဝန်ပိုထမ်းဆောင်ခိုင်းတယ်.ဒါပေမဲ့.သူတို့ရဲ့ခံစားခွင့်တွေတော့.လျှော့ချပစ်လိုက်တယ်။.ဆုကြေးတွေ.ဖြတ်တောက်လိုက်တယ်။.ဖေါက်သယ်တွေနဲ့.ပြေလည်အောင်မဆက်ဆံနိုင်တဲ့ဝန်ထမ်းတွေကို.ရာထူးလျှောချအပြစ်ပေးရင်း.ဖေါက်သယ်တွေရဲ့ယုံကြည်မှုပြန်ရအောင်လုပ်တယ်။.ကုမ္ပဏီအမြတ်ပြန်ပေါ်လာအောင်.နည်းလမ်းအမျိုးမျိုးရှာကြံတယ်။.တီထွင်မှုတွေလုပ်ကြတယ်။.ဒါတွေက.အကြမ်းပြောတာပါ။.အသေးစိပ်ပြောရမယ်ဆိုရင်တော့.စာတအုပ်စာလောက်ရှိပါတယ်။

ကုမ္ပဏီအခြေအနေပြန်ကောင်းလာပြီဆိုရင်.ဝန်ထမ်းတွေ.အရင်လစာပြန်ရပြီ။.ဆုကြေးတွေပြန်ရတယ်။.သူတို့လျှော့ယူခဲ့တဲ့လစာတွေကိုပြန်ပေးတယ်။

လွန်ခဲ့တဲ့(၁၀)နှစ်လောက်က.ကျနော်.အရင်လုပ်ခဲ့တဲ့.ဝန်ထမ်းတစ်ထောင်ကျော်ရှိတဲ့.စင်္ကာပူအစိုးရလက်အောက်ခံကုမ္ပဏီကြီးဟာ.အရှုံးပေါ်နေလို့.ပိတ်ပစ်ရတော့မလိုဖြစ်နေတယ်။.CEOအဖြုတ်ခံရတယ်။.နောက်ခန့်တဲ့.CEOအသစ်ဟာ.ထောင်ချီတဲ့ဝန်ထမ်းတွေအားလုံးကို.ကွင်းပြင်ကြီးတခုမှာခေါ်ပြီး.ပထမဆုံးမိတ်ဆက်စကားပြောတယ်။.သူ့မိတ်ဆက်စကားတွေမှာ.နားဝင်ချိုတဲ့စကားလုံးတွေမပါဘူး။.ဝန်ထမ်းတွေမကြားချင်တဲ့.စကားတွေပဲဖြစ်တယ်။.လစာတွေလျှော့ချမယ်။.အလုပ်ပိုလုပ်ကြ။.ကုမ္ပဏီရဲ့မလိုတဲ့အသုံးစရိတ်တွေဖြတ်တောက်မယ်။.လုပ်ပုံလုပ်နည်းစံနစ်တွေပြောင်းပစ်မယ်။.ဋ္ဌါနတွေကို.ပြန်ဖွဲ့စည်းပြီး.မလိုတော့တဲ့ဝန်ထမ်းတွေဖြုတ်ပစ်မယ်။.ဒါတွေကိုကြားရလို့.ဝန်ထမ်းတွေ.ဒေါသထွက်ကျသလား။.မထွက်ကြပါဘူး။.ဘာလို့လဲဆိုတော့.CEOလုပ်မဲ့အစီအစဉ်တွေဟာ.ကုမ္ပဏီကိုပြုတ်မသွားအောင်လုပ်ဖို့ဆိုတာ.နားလည်ကြလို့ပါ။.ကုမ္ပဏီဟာ.CEOဖေါ်စပ်တိုက်ကျွေးလိုက်တဲ့ဆေးခါးကြီးကို.၂နှစ်လောက်ကြိတ်မှိတ်မြိုချသောက်နေရင်းနဲ့.နာလန်ပြန်ထလာပါတယ်။.ကုမ္ပဏီဟာ.အမြတ်ငွေတွေ.ပြန်ပေါ်လာတယ်။.ဝန်ထမ်းတွေ.ဆုကြေးတွေပြန်ရလာတယ်။.လစာတွေတောင်.အတိုးခံကြရတယ်။

ဒီအကြောင်းကို.ရေးပြရတာက.တလောက.တော်ဝင်နှင်းဆီခန်းမမှာ.NLDဥက္ကဋ္ဌ.ဒ်ါအောင်ဆန်းစုကြည်က.ရွေးကောက်ခံNLDအမတ်တွေကို.ပြောသွားတာတွေနဲ့ပတ်သက်လို့ပါ။,အမတ်တွေကို.လစာဖြတ်တောက်မယ်၊.ပြည်သူတွေနဲ့ဆက်ဆံရေးကောင်းရမယ်၊.လဘ်စားတာတွေ့ရင်.ထောင်ထဲသွားရမယ်၊.ထောင်ဝင်စာလာတွေ့ရုံကလွဲလို့.ဘာအကူအညီမှမပေးဘူးစတဲ့ပြင်းပြင်းထန်ထန်ပြောသွားတာတွေ.မီဒီယာကနေဖတ်ရ.ကြားရပါတယ်။.နားထောင်တဲ့အမတ်တွေ.ဘယ်လိုခံစားရမယ်မသိပေမဲ့.ဖတ်ရတဲ့လူတွေတောင်.ဒေါ်အောင်ဆန်းစုကြည်ရဲ့စကားလုံးတွေက.ပြင်းထန်လှချည်လား.ကြမ်းလှချည်လားလို့ဝေဖန်ကြတယ်။

အခုဒေါ်အောင်ဆန်းစုကြည်ဟာ.မြန်မာနိုင်ငံရဲ့CEOနဲ့တူနေပါတယ်။.CEOဆိုတာ.ကုမ္ပဏီကြီးတခုရဲ့အမြင့်ဆုံးရာထူးရယူထားသူပါ။.ဒေါ်အောင်ဆန်းစုကြည်ရဲ့တာဝန်က.CEOထက်.အဆင့်အဆပေါင်းများစွာမြင့်လို့.တကယ်တော့.အဆင့်အတန်းအရ.နိုင်းယှဉ်ခြင်းမဟုတ်ပါ။.လုပ်ပုံလုပ်နည်းကိုပဲ.နိုင်းယှဉ်ပြချင်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ..စီးပွားရေးချွှတ်ခြုံကျနေပြီး.နိုင်ငံရေး.စီးပွားရေး.လူမှုရေးပညာရေး.ကျန်းမားရေး.ပြည်တွင်းငြိမ်းချမ်းရေးတွေအပါအဝင်အားလုံးဟာ.အနှစ်(၅၀)ကြာ.ပျက်စီးယိုယွင်းနေတဲ့မြန်မာနိုင်ငံတော်ကို.အမြန်ဆုံးပြန်လည်ထူထောင်ရမှာမို့.စောစောကပြောခဲ့တဲ့CEOလုပ်သလို.ဆေးခါးကြီးတွေတိုက်ကြွေးပါလိမ့်မယ်။.သူမရဲ့နားဝင်မချိုတဲ့အပြောတွေကြားရတော့မယ်။.လူတွေစည်းကမ်းရှိကြရတော့မယ်။.အလုပ်တွေပိုတိုးလုပ်ကြရတော့မယ်။.အလုပ်မဖြစ်တဲ့နည်းစံနစ်တွေပြောင်းပစ်မယ်။.လဘ်စားသူတွေကို.ထိထိရောက်ရောက်အရေးယူမယ်.တရားဥပဒေနဲ့မညီရင်.ဘယ်သူ့ကိုမှ.ညှာတာမှာမဟုတ်ဖူး.စတာတွေပေါ့။.အရင်က.ဗိုလ်ချုပ်အောင်ဆန်းရဲ့ရင်ထဲမှာရှိတာကို.ပွင့်ပွင့်လင်းလင်း.စကားလုံးကြမ်းကြမ်းတွေနဲ့ပြောခဲ့တဲ့စကားမျိုးတွေ.အခုပြန်ကြားရတော့မယ်။.အဲဒီတုံးက.အပြောကြမ်းလို့ဆိုပြီး.ဗိုလိချုပ်ကိုမုန်းသွားကြလို့လား။

သူမရဲ့တိုင်းပြည်အပေါ်ထားတဲ့စေတနာ.လူထုအပေါ်ထားတဲ့မေတ္တာတွေကို.ခံစားနားလည်သဘောပေါက်ကြမယ်ဆိုရင်.အမေစု.တိုက်ကြွေးမဲ့ဆေးခါးကြီးတွေကိုမြိုချသောက်သုံးဖို့.ကျနော်တို့အားလုံး.ဝန်မလေးကြဘူးလို့ထင်ပါတယ်။

ထပ်ဖြည့်ပါရစေ။.တသက်လုံးလဲ.ရောဂါမပျောက်တဲ့အပြင်.ရောဂါပိုဆိုးလာတဲ့ဆေးခါးကြီးတွေ.သောက်နေခဲ့ကြရတာပါ။.အခုမှ.ရောဂါတကယ်ပျောက်မဲ့ဆေးခါးကြီးသောက်ရတော့မှာပါ။

ဗန်းမော်သိန်းဖေ
၂၀၁၅၊နိုဝင်ဘာ(၃၀)ရက်


Blogger Tips and TricksLatest Tips And TricksBlogger Tricks

ရှာလိုရာရှာပါ

Widgets for Blogger

Unordered List

Sample Text

Sample text

Blockquote

Pages

Powered by Blogger.

Social Icons

Social Icons

Followers

Featured Posts

ပြည်တောင်စုမြန်မာနိုင်ငံတော်အလံ


Popular Posts

Recent Posts

မေသက်ထားဆွေ

http://may-thet-htar-swe.blogspot.com/

Text Widget