HINTHADA CITY

ဟင်္သာတမြို့မှ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များအတွက် ကြော်ငြာများလက်ခံပေးနေပါသည်

Ads

smile smile smile smile smile smile

Tuesday, February 9, 2016



စာအုပ်အမည် : Root Guide For Huawei (Huawei Mobile ဖုန်းမျိုးစုံ ပြုပြင်နည်း)
ရေးသားသူး ရဲမင်းအောင် (RAY-Electronic)
အမျိုးအစားး PDF
အရွယ်အစားး  13 MB
Huawei Handset (၇၀) ကျော်ကို Root ဖေါက်ပြခြင်း
Download & Links
credit www.pyaephyo.com
စာအုပ်အမည် : CPU Technology and Processor Generations
ရေးသားသူး U Tin Nyunt
အမျိုးအစားး PDF
အရွယ်အစားး 8.90 MB

ကျွန်တော်တို့ ကွန်ပျူတာရဲ့ အဓိက အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုလို့ ပြောလို့ရတဲ့ Processor အကြောင်း ရေးသား ထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ Processor နဲ့ပါတ်သတ်ပြီး အသေးစိတ် စုစည်း ရေးသားထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ စိတ်ဝင်စားသူများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download ယူသွားနိုင်ပါတယ်။
credit www.pyaephyo.com
download 1    download 2   download 3

Monday, February 8, 2016

ကွန်ပျူတာတစ်လုံးအတွက် Virus , Malware , Spyware , Trojan စတဲ့ အဖျက်အမှောင့် Program များကို အကောင်းဆုံးကာကွယ်တားဆီးပေးမှာဖြစ်ပါတယ်။ နောက်ကွယ်ကနေ စောင့်ကြည့် စစ်ဆေးတဲ့ စနစ်လဲပါရှိတဲ့အတွက် မိမိမသိလိုက်ချိန် မှာအင်တာနက်မှတစ်ဆင့်ဝင်ရောက်လာသည့် virus များနှင့် အခြား Portable Device များမှရုတ်တရက်ဝင်ရောက်လာသည့် Virus များကို အလိုအလျောက် စစ်ဆေးကာ ဖမ်းဆီးဖယ်ရှာနိုင်မှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 180.2 MB ရှိပြီး Windows XP/Vista/7/8/8.1/10 (32-bit/64-bit) အထိ အသုံးပြုနိုင်ပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။
DOWNLOAD 1     DOWNLOAD 2   DOWNLOAD 3
Internet Download Accelerator Pro နောက်ဆုံးထွက် Update လေးလးတင်ပေးလိုက်ပါတယ်။ ဒီ ဆော့ဝဲကတော့ Internet Download Manager ကဲ့သို့ အင်တာနက်မှလိုချင်တဲ့ဖိုင်တွေကို ဒေါင်းလုပ်လုပ်နိုင်တဲ့ ဒေါင်းလုပ်ဆော့ဝဲတခုဖြစ်ပါတယ်။ ဖိုင်ဆိုဒ်ကတော့ 5.92 MB ရှိပြီး Windows XP/ Vista/ 7/ 8/ 8.1/ 10 (32-bit or 64-bit) အထိ အသုံးပြုနိုင်မှာပါ။ Full Version သုံးရအောင် keygen ဖိုင် ထည့်ပေး ထားပါတယ်။ အသုံးပြုလိုတဲ့ မိတ်ဆွေများ အောက်က ကိုယ်ကြိုက်တဲ့ Link ကနေ Download လုပ်ယူသွားနိုင်ပါတယ်။
DOWNLOAD 1DOWNLOAD 2DOWNLOAD 3

Sunday, February 7, 2016

ခံစားချက် များကို ပိုမို ကွဲပြားစွာ ဖော်ပြနိုင်မည့် Reactions ဟုခေါ်သော ရုပ်ပုံငယ်များ ထည့်သွင်းရန် ဖေ့စ်ဘွတ်ခ် ကုမ္ပဏီ လုပ်ဆောင် နေသည်။

စပိန်၊ အိုင်ယာလန်နှင့် အခြားနေရာ အနည်းငယ်တွင် စမ်းသပ်နေသော Reactions အစီအစဉ်ကို မကြာမှီ နေရာတိုင်း၌ အသုံးပြုနိုင် တော့မည် ဖြစ်သည်။

စိတ်ဆိုးဒေါသ ထွက်စေသော အကြောင်းအရာ တစ်ခုကို ဝေမျှ လိုက်ချိန်တွင် Like နှိပ်ရန် နေရာသာ ပါရှိသောကြောင့် လူအများ ယင်းအကြောင်း အရာကို တုံ့ပြန်ရန် နည်းလမ်း မရှိ ဖြစ်နေကြောင်း ၎င်းက ပြောသည်။

ထို့ကြောင့် ဖေ့စ်ဘွတ်ခ် သုံးစွဲသူများ အနေဖြင့် ၎င်းတို့၏ ခံစားချက် များကို ပိုမိုဖော်ပြနိုင်မည့် Love, ha ha, wow, sad နှင့် angry စသော ချစ်ခင် ရယ်မော၊ အံ့သြ၊ ဝမ်းနည်းခြင်း ခံစားချက်များ ဖော်ပြနိုင်မည့် ရုပ်ပုံ သစ်များ ထည့်သွင်း ပေးမည် ဖြစ်သည်။

yay ဟု ဖော်ပြနိုင်သော ရုပ်ပုံ တစ်ခုကို ယခင်က ထည့်သွင်း ခဲ့သော်လည်း ပထမဆုံး အသုံးပြုသူများ သဘော မကျသဖြင့် ပြန် ဖယ်ရှား ခဲ့ကြောင်း သိရသည်။

ဈေးကွက် ရှာဖွေရေး အေဂျင်စီလီဒါမှ မဟာဗျူဟာ ရေးဆွဲရေး အရာရှိချုပ် ဆိုင်မွန် ကားလ်ဗက်က ယင်းစနစ်သည် လူသားများ၏ ခံစားချက်များကို အတိအကျ ဖော်ပြနိုင်ပါက အလွန် စိတ်ဝင်စား စရာ ကောင်းလိမ့်မည်ဟု ပြောသည်။

ဖေ့စ်ဘွတ်ခ်က ယခုကဲ့သို့ အပြောင်း အလဲတစ်ခု ပြုလုပ် လိုက်ချိန်တွင် အလွန် စိတ်လှုပ်ရှား စရာကောင်းသော အပြောင်းအလဲ တစ်ခုဖြစ်လေ့ ရှိကြောင်း လူမှုကွန်ရက် ဈေးကွက် ရှာဖွေရေး ကျွမ်းကျင်သူ ခရစ္စတယ် အိုင်ယာလန်က ပြောကြားသည်။

ယင်းအစီအစဉ်ကြောင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် ဝေမျှ လိုက်သော အကြောင်းအရာ အတွက် မြင်တွေ့ ရသူများ ၎င်းတို့ ခံစားချက်များကို အသေးစိတ် ဖော်ပြနိုင်တော့မည် ဖြစ်သည်။ 
February 07, 2016

နာဆာသည် နေအဖွဲ့ အစည်း အလွန် အာကာသ စူးစမ်း လေ့လာရေး လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် သမားရိုးကျ ဒုံးကျည် များထက် ပို၍ ကြီးမားသော မီဂါရော့ကက် ဒုံးကျည် SLS ကို တပ်ဆင် တည်ဆောက်မှု အဆင့်တွင် နောက်ဆုံး အဆင့်သို့ ရောက်ရှိ နေပြီး မကြာမှီ နေအဖွဲ့ အစည်း အလွန် အာကာသ ဟင်းလင်းပြင်ကြီး ထဲသို့ လွှတ်တင်မည်။

ထို့နောက် နေအဖွဲ့ အစည်း အလွန် အာကာသ အတွင်း ဓာတ်ရောင်ခြည် ဖြာထွက်မှုနှင့် ဥက္ကာပျံများ တည်ရှိနေမှု အခြေအနေ တို့ကို စူးစမ်း လေ့လာ သွားမည်ဖြစ်ပြီး လကမ္ဘာကို စူးစမ်း လေ့လာမည့် ဂြိုဟ်တုငယ် ၁၃ လုံးနှင့် တစ်ပါတည်း လွှတ်တင် သွားမည် ဖြစ်ကြောင်း သိရသည်။

နာဆာ၏ မီဂါ ရော့ကက်ကြီး ကို အမေရိကန် ပြည်ထောင်စု၊ အလာဘားမား ပြည်နယ်၊ မာရှယ် အာကာသ လေကြောင်းဌာန ၌ ပြုလုပ်တပ်ဆင် နေခြင်းဖြစ်ပြီး အားလုံးပြီးစီး သွားလျှင် အာကာသ ထဲမှနေ၍ ဂြိုဟ်တုများကို လွှတ်တင်သည့် စနစ် Space Launch System အဖြစ် အသုံးပြု သွားမည် ဖြစ်သည်။ 

၂ဝ၁၈ ခုနှစ်တွင် ပထမဆုံး အကြိမ် လွှတ်တင်ရာ၌ ဂြိုဟ်တုငယ် များကို တစ်ပါတည်း တင်ဆောင် လွှတ်တင်ရန် စီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

Cubesat ဟုခေါ်ဆိုသည့် ကုဗပုံ ဂြိုဟ်တုငယ် များကို ကမ္ဘာမှ မိုင်ပေါင်း ထောင်ပေါင်း များစွာထိ သယ်ဆောင်သွားကာ အာကာသ ထဲမှနေ၍ ထပ်ဆင့် လွှတ်မည့် စီမံကိန်းကို အာကာသ စူးစမ်း လေ့လာရေး လောက တစ်ခုလုံးက ကြိုဆို လိုက်ကြောင်းနှင့် မီဂါရော့ကက် များကို အနာဂတ် တွင် အင်္ဂါဂြိုဟ် ခရီးစဉ်ကဲ့သို့ လူလိုက်ပါ လာသော Orion အာကာသယာဉ်ကြီး များကို အာကာသထဲမှ ထပ်ဆင့် လွှတ်တင် ရာတွင်လည်း အသုံးပြု သွားနိုင်မည် ဖြစ်ကြောင်း သိရသည်။
credit 
 ပြည်ချစ်သား 
February 07, 2016
Cloud Computing ဟု ခေတ်စားလာ နေသော ကွန်ပျူတာ တစ်ဦးချင်း အသုံးပြုသူ များ၏ အချက် အလက် များကို မိမိပိုင် ကွန်ပျူတာတွင် သိမ်းဆည်းခြင်း မပြုဘဲ အချက် အလက် များကို လက်ခံ သိုလှောင် ပေးသည့် အဖွဲ့အစည်းထံ သိမ်းဆည်းသည့် စနစ်ကို Cloud Computing ဟု ခေါ်ဝေါ်သုံးစွဲ နေကြ သော်လည်း ၄င်းဆာဗာ အများစုမှာ ပင်လယ် ရေအောက်၌ ရှိကြောင်း မိုက်ခရိုဆော့ဖ် မှ တာဝန်ရှိသူ များက ထုတ်ဖော် ပြောကြားသည်။



''ကမ္ဘာတစ်ဝန်းက ကွန်ပျူတာ တွေကနေ အချက်အလက်တွေ သိုလှောင်နေကြတဲ့ ဆာဗာတွေက ကျွန်တော်တို့က Data Centre လို့ အမည်ပေးထား ပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ ဒီ Data Center တွေရှိပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထား ပါတယ်။ 

Data Center တွေဟာ စွမ်းအင်သုံးစွဲမှု နှုန်း မြင့်မားပြီး အပူ ထုတ်လွှတ်တာ များတဲ့ အတွက် စက်အပူချိန် မလွန်ကဲအောင် ထိန်းသိမ်းဖို့ ဆိုတာ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာလေ့ ရှိပါတယ်။ 

ဒါကြောင့် အခု နောက်ပိုင်းမှာ ဒီ Data Center တွေကို မြေပြင်ပေါ် မထားတော့ဘဲ ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်မှာ သွားရောက် ထားရှိတာ ဖြစ်ပါတယ်'' ဟု မိုက်ခရိုဆော့ဖ် မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Data Center များကို ပင်လယ် ရေအောက်တွင် ထားရှိသည့် စီမံချက် Project Natick ကို ၂ဝ၁၅ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

ရေလုံအောင် ပြုလုပ်ထားသော အလေးချိန် ပေါင် ၃၈ဝဝဝ ရှိပြီး အမြင့် ၁ဝ ပေ၊ အကျယ် ခုနစ်ပေရှိသော ဆလင်ဒါကြီး တစ်ခု အတွင်း ဆာဗာကြီး ကို ထည့်ကာ အမေရိကန် ပစိဖိတ် ကမ်းရိုးတန်းမှ မိုင်ဝက်ခန့် အဝေးရှိ ပင်လယ်ကြမ်းပြင် ပေါ်တွင် ကျောက်ဆူးဖြင့် ဆွဲချ ထားရှိခြင်း ဖြစ်သည်။ 

၎င်းဆာဗာသည် Desktop ကွန်ပျူတာ အလုံး ၃ဝဝ နှင့် ညီမျှသော လျှပ်စစ်ဓာတ် အားကို သုံးစွဲကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အင်တာနက်ဖြင့် ချိတ်ဆက် အသုံးပြုသော နည်းပညာမြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သုံးစွဲမှု မြင့်မားလာသည့် အလျောက် Data Center ဆာဗာများလည်း အများအပြား တည်ဆောက်ရန် လိုအပ်လာရာ ၄င်း ဆာဗာများအတွက် မြေနေရာနှင့် အဆောက်အအုံ လိုအပ်ခြင်း၊ စွမ်းအင်သုံးစွဲမှုနှုန်း မြင့်မားခြင်း၊ အပူလွန်ကဲ လွယ်ခြင်းတို့ကြောင့် နေ့ညမပြတ် စောင့်ကြည့် ထိန်းသိမ်းရလေ့ ရှိသည်ကို ဖြေလျှော့နိုင်ရန် နောင်တွင် Data Center များကို ပင်လယ်ရေအောက် တွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များ အသုံးပြုကာ ထားရှိလည်ပတ် စေတော့မည် ဖြစ်ကြောင်း သိရသည်။
credit ; ပြည်ချစ်သား


ဒီတခါတော့ Facebook ချစ်သူများအတွက်
Facebook Messenger V57 Apk နောက်ဆုံးဗားရှင်းလေးကိုတင်ပေးလိုက်ပါတယ်။
ဘာတွေထူးခြားပြောင်းလဲလာသလဲ သိချင်ရင် သုံးကြည့်လိုက်ပါ၊


 Download  


Saturday, February 6, 2016

ကျွန်တော်တို့ဟာ TV တွေကို အစပိုင်းတွင်တော့ အပန်းဖြေပစ္စည်းတစ်ခုအနေနဲ့သာ အသုံးပြုခဲ့ကြပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်အခါမှာတော့ လုပ်ငန်းသုံးပစ္စည်းများအနေနဲ့ပါ အသုံးပြုလာခဲ့ကြပြီပဲဖြစ်ပါတယ်။
ကျွန်တော်တို့ရဲ့ ပထမဦးဆုံး TV ကို 1920 ခုနစ်တွင် Johann Hittorf မှ စတင်တီထွင်ခဲ့ပါတယ်။ ထိုအချိန်မှာတော့ CRT (Cathode Ray Tube) TV များ အနေဖြင့်ရှိခဲ့ပြီးတော့ Black and White ကိုသာပြသနိုင်ခဲ့ပါတယ်။ 1940ခုနစ် မှစတင်ကာ Colour ပေါင်းစုံကိုပြသပေးနိုင်တဲ့ Colour CRT TV များပေါ်ပေါက်ခဲ့ပါတယ်။ ထိုအချိန်မှစတင်ကာ Company ကြီးများမှ TV များစတင်ထုတ်လုပ်ခဲ့ကြပြီး အိမ်တိုင်း အိမ်တိုင်းလိုလို ပိုင်ဆိုင်မှုများရှိလာခဲ့ပါတယ်။ 2000 ခုနစ် နှောင်းပိုင်းများမှာတော့ Plasma TV များ ပေါ်ပေါက်လာခဲ့ပါတယ်။ CRT TV များထက်ပိုမိုပါးလွှာခြင်း၊ ရုပ်ထွက်အရည်အသွေးပိုမိုကောင်းမွန်ခြင်းများကြောင့် Plasma TV များဟာလည်း အထိုက်အသင့် အောင်မြင်မှုရရှိခဲ့ပါတယ်။ Plasma TV များပေါ်ပေါက်လာပြီး များမကြာမီမှာပဲ LCD TV များထွက်ပေါ်လာပါတယ်။ Plasma TV များထက် အရာရာမှာ သာလွန်ကောင်းမွန်လာခဲ့ပါတယ်။ နည်းပညာများမြင့်မားလာသည့်နည်းတူ TV များ၏ ဈေးနှုန်းဟာလည်း တစ်စထက်တစ်စမြင့်မားလာပါတယ်။ Company ကြီးများ၏ ပြိုင်ဆိုင်မှုများကြောင့် ဈေးနှုန်းများလည်း သက်သာလာခဲ့ပြီးတော့ အရည်အသွေးများလည်း ပိုမိုကောင်းမွန်လာပါတယ်။ 2010 ခုနစ်နှောင်းပိုင်းများမှစတင်ကာ LED TV များစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ ပါးလွှာသော ကိုယ်ထည်၊ ရွှန်းစိုသော ရုပ်ထွက်တိုေ့ကြာင့်ဈေးကွက်အတွင်း LED TV များကြီးစိုးခဲ့ကြပါတယ်။ ကနဦးပိုင်းတွင်တော့ LED TV များ၏ ရုပ်ထွက် အရည်အသွေးမှာ SD (<720p) ရှိခဲ့ပြီးတော့ 5 နှစ်ခန့်အကြာမှာ HD (720p) သို့ပြောင်းလဲခဲ့ပါတယ်။ HD quality သို့ရောက်ရှိပြီးမကြာခင်မှာ Full HD (1080p) သို့တိုးတက်ပေါ်ထွက်လာခဲ့ပါတယ်။ 2014ခုနစ်နှောင်းပိုင်းများမှာတော့ 4K နည်းပညာ အသစ်ထပ်မံပေါ်ထွက်လာပြန်ပါတယ်။
ရုပ်ကိုထုတ်ဖော်ပြသနိုင်တဲ့ ပစ္စည်းတစ်ခုရဲ့ Horizontal Resolution ဟာ 4000 pixels ထက်ပိုပြီးရှိနေမယ်ဆိုရင် သူ့ကို 4K device လို့ခေါ်နိုင်ပါတယ်။ TV နယ်ပယ်နဲ့ ရုပ်ရှင်ရိုက်ကူးရေးနယ်ပယ်မှာ 4K standard ပေါင်းများစွာရှိပါတယ်။ ရုပ်ရှင်တွေရိုက်ကူးရာမှာတော့ DCI (Digitl Cinema Initiatives) ဟာ အရေးပါတဲ့ 4K standard တစ်ခုဖြစ်ပြီးတော့ Television နဲ့ Consumer media နယ်ပယ်မှာတော့ 4K UHD သို့မဟုတ် UHD-1 ဟာ standard တစ်ခုဖြစ်ပါတယ်။
2015 ခုနှစ်နှောင်းပိုင်းမှစတင်ကာ 4K TV များရဲ့ Market Share ဟာ 2014ခုနှစ်နှောင်းပိုင်းတွေနဲ့ 2015ခုနှစ် အစောပိုင်းတွေကထက် နှစ်ဆမကတိုးတက်လာပါတယ်။ American ပြည်ထောင်စုမှာကောက်ယူထားတဲ့ စစ်တမ်းတစ်ခုအရ 2020 ခုနစ်သို့ရောက်လျှင် American ပြည်ထောင်စုရှိ အိမ်များရဲ့ 55% ဟာ 4K TV များနေရာယူထားကြလိမ့်မယ်လိုယူဆထားကြပါတယ်။ 4K TV များရဲ့နေရာသိမ်းပိုက်မှုဟာ Full HD TV များစတင်ပေါ်ပေါက်လာစအချိန်ကထက် နှစ်ဆမကမြန်ဆန်လှပါတယ်။
ယခုလို 4K TV များနေရာယူလာတာရဲ့အကြောင်းအရင်းကတော့ Youtube နဲ့ Netflix ကဲ့သို့ Online Broadcasting Media များက 4K ကို Support လုပ်လာခြင်းကြောင့်ဖြစ်ပါတယ်။
Youtube ဟာ 2010ခုနစ်နှောင်းပိုင်းမှစတင်ကာ 4K Media Streaming ကို support လုပ်ခဲ့ပြီးတော့ Netflix မှ 2014 ခုနစ်တွင်စတင်ကာ 4K Media Broadcasting ကိုစတင်ခဲ့ပါတယ်။
ယနေ့အချိန်တွင်တော့ TaTasky ကဲ့သို့ Broadcaster များ၏ ဆောင်ရွက်မှုကြောင့် မြန်မာနိုင်ငံတွင်လည်း 4K Tv Channel များ ရရှိနေပြီဖြစ်ပါတယ်။
ကျွန်တော်တို့ နေအိမ်များမှာ 4K Resolution ဖြင့် ကြည့်ရှုနိုင်ရန်အတွက် 4K supported Display devices များလိုအပ်ပါတယ်။
ဈေးကွက်မှာ တွေ့ရအများဆုံးနဲ့ ဝယ်ယူရအလွယ်ကူဆုံး ကတော့ 4K displayed TV များပဲဖြစ်ပါတယ်။
Youtube ကဲ့သို့သော Media များကိုပါ ကြည့်ရှုခံစားလိုတယ်ဆိုလျှင်တော့ သာမန် 4K TV တင်မဟုတ်ပဲ 4K Smart TV များဖြစ်ရန်ပါလိုအပ်ပါတယ်။ ထိုမှသာ မိမိတို့အသုံးပြုလိုသမျှ Function တိုင်းကို စိတ်တိုင်းကျ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
4K TV များဟာ စတင်ဝင်ရောက်လာစဉ်ကတည်းက Smart TV များအနေဖြင့် ဝင်ရောက်လာပါတယ်။ မိမိတို့ ကိုယ်ပိုင် Operating System များ ရေးသား၍သော်လည်းကောင်း Google ၏ Android OS ပေါ်တွင်အခြေခံ၍သော်လည်းကောင်း ထုတ်လုပ်ကြပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း 4K Smart TV များကို ကျယ်ကျယ်ပြန့်ပြန့် ဝယ်ယူအသုံးပြုနေကြပြီးဖြစ်ပါတယ်။
Samsung, TCL, Sony, Panasonic စသည်ဖြင့် အမျိုးအစားများစုံလင်လှပါတယ်။ နည်းပညာမြင့်မားပြီး အရည်အသွေးကောင်းမွန်သော TV များဖြစ်သလို ဈေးနှုန်းလည်းမြင့်မားတာကို သတိပြုမိစေလိုပါတယ်။
TCL 4K LED Smart TV များကို အခြားBrand များ၏ ထက်ဝက်မကသော ဈေးများဖြင့်ရရှိနိုင်ပါတယ်။ တူညီသော Function၊ တူညီသော ရုပ်ထွက်အရည်အသွေးကို ချိုသာသောဈေးဖြင့်ရရှိနိုင်ပါတယ်။
TCL ၏ အားသာချက်မှာ ဈေးနှုန်းနည်းပါးခြင်းသာ မဟုတ်ဘဲ GoLive ဆိုသော Function တစ်မျိုးပါဝင်ခြင်းလည်းဖြစ်ပါတယ်။ ဤ Function ဖြင့် TV channel ပေါင်း 200++ ကို Internet လိုင်းရှိရုံဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါတင်မကပဲ TV ပေါ်မှာ အသုံးပြုနိုင်မယ့် Application ပေါင်းများစွာကိုအခမဲ့ Download ရယူနိုင်သော သီးသန့် App Store တစ်ခုလည်းပါဝင်ပါတယ်။ တောင်းဆိုချက်တိုင်းကို လျှင်လျှင်မြန်မြန်ဆောင်ရွက်ပေးနိုင်မယ့် Dual core+ Quard core processor တစ်ခုလည်းပါဝင်ပါတယ်။
အခြားတံဆိပ်များထက်ပိုမိုကောင်းမွန်တာတစ်ခုက လူကြီးမင်းတို့TV ပေါ်တွင်ကြည့်ရှုနေသော မည့်သည့် အစီအစဉ်ကိုမဆို USB stick တစ်ချောင်းထိုးထားရုံဖြင့် ရုပ်ရော အသံပါ recording ပြုလုပ်ထားနိုင်ပါတယ်။ ကြည့်ရှုနေသော မူလ Resolution အတိုင်း record ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်။
ထို့ကြောင့် မြင့်မားသောနည်းပညာ၊ ချိုသာသောဈေးနှုန်း၊ ကောင်းမွန်သောရုပ်သံအရည်အသွေး စသော စသော အကောင်းဆုံးများဖြင့်ဖွဲ့စည်းတည်ဆောက်ထားသော TCL 4K Smart TV များကိုရွေးချယ်အသုံးပြုခြင်းအားဖြင် လူကြီးမင်းတို့ရဲ့ အဆင့်အတန်းမြင့်မားသော High Tech ဘဝတစ်ခု ကိုတည်ဆောက်လိုက်ပါ။
TCL 4K LED Smart TV များရဲ့ဈေးနှုန်းများကတော့-
40inches 4K LED Smart TV - 540000Ks
50inches 4K LED Smart TV - 740000Ks
55inches 4K LED Smart TV - 940000Ks
55inches Full Hd Curved smart TV - 1200000Ks
ဖြင့်အမြို့မြို့အနယ်နယ်ရှိ Electronic ဆိုင်များတွင်စုံစမ်း ရရှိနိုင်ပါတယ်။
အထက်ပါဖော်ပြထားသောဈေးနှုန်းများသည် ရန်ကုန် နှင့် မန္တလေးမြို့များတွင်သာရရှိနိုင်ပါသည်။ ကျန်မြို့များတွင် Transportation Fees ထည့်ပေါင်းရသောကြောင့် အနည်းငယ်ကွာဟမှုရှိနိုင်ပါတယ်။
Credit ,myo thein


Friday, February 5, 2016

ဂစ်တာတီးဝါသနာပါသူများနဲ့လေ့လာလိုသူများအတွက် ဂစ်တာတီးခတ်နည်းစာအုပ်များကိုစုစည်းပြီးတင်ပေးလိုက်ပါတယ်ဗျာ။ စာအုပ်စုစုပေါင်း 17အုပ်တိတိပါဝင် ပါတယ်။
ဂစ်တာနဲ့ပတ်သက်တဲ့စာအုပ်တွေတင်မကပါဘူး အခြားသောဂီတဆိုင်ရာစာအုပ်တွေလည်း အများကြီးပါဝင်ပါတယ်ဗျာ။ တီခတ်နည်းတွေကတော့ အများကြီးပဲဗျာ။ ဂစ်တာတီးဝါသနာပါသူများနဲ့ ပညာရှင်များပါလေ့လာ သင့်တဲ့ စာအုပ်တွေဖြစ်ပါတယ်ဗျာ။ အောက်မှာ မိမိလေ့လာလိုသောစာအုပ် တစ်အုပ်ချင်းစီကိုရွေးချယ်ဒေါင်း ယူနိုင်ပါတယ်ဗျာ။
(၁)Rock Guitar တီးနည်း (ညီညီထွေး)
(၂) လိဒ်ဂစ်တာ တီးခတ်နည်း (ဂီတမှူး P.Morgan)
(၃) သီချင်းဆိုလေ့ကျင့်လိုသူများအတွက် Vocal Lesson (ခိုင်ကျော်)
(၄)အဆင့်မြင့် လိဒ်ဂစ်တာတီးခတ်နည်း (ခိုင်ကျော်)
(၅)အခြေခံကီးဘုတ်တီးနည်း (ခိုင်ကျော်)
(၆)အခြေခံစန္ဒယားတီးနည်း (ခိုင်ကျော်)
(၇)မဟာဂီတ ပေါင်းချုပ် (မဟာဂီတ ဦးပြုံးချို)
(၈)မြန်မာ့မဟာဂီတ (လူထုဒေါ်အမာ)
(၉)Fl Studio 10 စာအုပ် (၀င်းဟိန်း)
(၁၀)အခြေခံဒရမ်တီးခတ်နည်း (ထက်မိုး)
(၁၁)ကော့ဒ်တစ်ခုမှ ကော့ဒ်တစ်ခုဆီသို့
သီချင်းရေးလိုသူတွေသိထားရမည့်အသံ (၅)သံ(အလိမ္မာ)
(၁၂)ကီးနှင့်ကောဒ် (အလိမ္မာ)
(၁၃)ကော့ဒ်များဖြင့် တေးသီချင်းများ တည်ဆောက်ခြင်း (အလိမ္မာ)
(၁၄)အိတ်ဆောင် ဂစ်တာကော့ဒ် (ကိုပေါက်)
http://www.mediafire.com/…/ab4zesh9v…/kopauk%20(onairmm).pdf
(၁၅)လိဒ်ဂစ်တာတီးခတ်နည်း ဒုတိယဆင့် (ကိုပေါက်)
http://www.mediafire.com/…/…/kopautleadguitar%20(onairmm).pd
(၁၆)ဆရာလွတ်အခြေခံ လိဒ်ဂစ်တာကော့ဒ်(တက္ကသိုလ်နိုင်ဝင်းထွန်း)
http://www.mediafire.com/…/kxs…/takathowinngtun(onairmm).pdf
(၁၇)ဘေ့စ်ဂစ်တာတီးခတ်နည်း ( P.morgan)
Credit to ==> ဂီတအကြောင်း သောင်းပြောင်းထွေလာ
Blogger Tips and TricksLatest Tips And TricksBlogger Tricks

ရှာလိုရာရှာပါ

Widgets for Blogger

Unordered List

Sample Text

Sample text

Blockquote

Pages

Powered by Blogger.

Social Icons

Social Icons

Followers

Featured Posts

ပြည်တောင်စုမြန်မာနိုင်ငံတော်အလံ


Popular Posts

Recent Posts

မေသက်ထားဆွေ

http://may-thet-htar-swe.blogspot.com/

Text Widget