Facebook Messenger တွင် Location ကို Enable ပြုလုပ်ထားလျှင် တစ်ဖက်လူက
သင်၏ Message ကို တစ်ချက်နှိပ်ရုံဖြင့် သင်၏ တည်နေရာနှင့် စာပေးပို့သည့်
အချိန်တို့ကို တွေ့မြင်နိုင်ပါသည်။
ယခုအခါ Facebook က သင်၏ တည်နေရာကို
မြေပုံနှင့် တကွ မျှဝေနိုင်သော စွမ်းဆောင်ချက်အသစ်ကို
ထည့်သွင်းပေးလိုက်ပါသည်။ သင်၏ လက်ရှိတည်နေရာသာမက အစည်းအဝေးပြုလုပ်မည့်
နေရာများ၊ စားသောက်ဆိုင်များ ကဲ့သို့ တွေ့ဆုံချင်သည့် တည်နေရာများကိုလည်း
ပေးပို့နိုင်ပါသည်။
“ More “ အိုင်ကွန်ကို နှိပ်လျှင် Messenger နှင့် ချိတ်ဆက်ထားသော Apps
များနှင့်အတူ “ Location “ ကို တွေ့မြင်နိုင်ပါသည်။ “ Location “
ကိုတစ်ချက်နှိပ်လျှင်သင်၏ တည်နေရာကို ပြသထားသော မြေပုံပေါ် လာမည် ဖြစ်ပြီး
ပေးပို့နိုင်ပါသည်။ Hangouts တွင် အဆိုပါ စွမ်းဆောင်ချက် ပါရှိပြီး
ဖြစ်ပါသည်။
Myanmar Digital Life Journal
လူတွေက Google ပေါ်မှာ ရှာလို့ မတွေ့ ဘူး ဆိုရင် ကိုယ့်ရဲ့ ကွန်ယက် လုံခြုံရေး က အရမ်းေ ကာ င်း နေပြီး ဘယ်သူမှ မတွေ့နိုင် ဘူးလို့ ထင်နေ ကြပါတယ်။ အဲဒါ ဟာ လွန်စွာမှ မှားယွင်းတဲ့ အတွေး ပါပဲ။” ဟု Shodan ( သို့ ) အင်တာနက် ပေါ်မှ ကြောက်စရာ အကောင်းဆုံး search engine “http://www.shodanhq.com/”အား တီထွင်ခဲ့သူ John Matherly က ဆိုခဲ့သည်။
Shodan က search engine ပါပဲ။ ဒါပေမယ့် သာမန် search engine မဟုတ်ပါဘူး။ Google တို့ Bing တို့လို ဝက်ဘ်ဆိုဒ် တွေကို ရှာပေး တဲ့ search engine မဟုတ်ပါဘူး။
Shodan ရှာပေးမယ့် အရာတွေကတော့ အင်တာနက်ရဲ့ ပင်မကျောရိုးတွေဖြစ်တဲ့ ဆာဗာ တွေ၊ router တွေ၊ ကင်မရာတွေ၊ printer တွေနဲ့ အခြားအခြားသော အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ ပစ္စည်းတွေကိုပဲ ဖြစ်ပါတယ်။ ကြောက်စရာ အရမ်းကောင်းတယ် မဟုတ်ပါလား။
Shodan ဟာ ၂၄ နာရီပတ်လုံး အင်တာနက် နဲ့ ချိတ်ဆက် ထားတဲ့ ကမ္ဘာ တစ်ဝန်း ရှိ ပစ္စည်းပေါင်း သန်း ၅၀၀ ခန့်ကို ရှာဖွေပေး တယ် လို့ ဆိုပါတယ်။ Shodan သုံးပြီး ရှာတွေ့နိုင်တဲ့ အရာတွေ က ကျော ချမ်း စရာတောင် ကောင်း ပါတယ်။
အချက်ပြ မီးပွိုင့် ထိန်းချုပ် စနစ်နဲ့ လုံခြုံရေး ကင်မရာတွေ က စပြီး ရေ အားလျှပ်စစ် စက်ရုံနဲ့ နျူက လီးယား ဓာတ်ပေါင်းဖို့ ထိန်းချုပ် စနစ်များ ပါ ပါဝင်နေ ပါတယ်။
Default Password ပဲ သုံးထား တဲ့ လုံခြုံရေး စနစ်တွေဟာ မရေတွက်နိုင်အောင် များပြား လှတာ ကို တွေ့ရ ပါမယ်။ ပိုလို့ ဆိုးတာ က လုံခြုံရေး စနစ် လုံးဝ မပါ ရှိတဲ့ စနစ်တွေ က ပိုလို့တောင် များေ န ပါတယ်။ မသမာ သူတွေ လက်ထဲ ကိုသာ Shodan ရောက်ရှိ သွားရင် ကမ္ဘာကြီးတော့ ဒုက္ခ လှလှ တွေ့နိုင် ပါတယ်။
နောက် တစ်ချက် က Shodan သုံးပြီး တွေ့ရှိ လာတဲ့ အရာတွေ ထဲက အများစု ဟာ တကယ်တမ်းေ တာ့ လုံခြုံရေးအရ အင်တာနက် နဲ့ ချိတ်ဆက်ထား ဖို့တောင် မသင့်တော် ပါဘူး။
ဥပမာ - စက်ရုံ တစ်ခုရဲ့ အပူပေး စနစ်ကို ကွန်ပြူတာ နဲ့ ထိန်းချုပ် နိုင်ပါတယ်။ ဒါပေမယ့် နည်းပညာ ကုမ္ပဏီ အများစု က အပူပေး စနစ်နဲ့ ကွန်ပြူတာ စနစ်ကို တိုက်ရိုက် ချိတ်ဆက် ရမယ့် အစား လွယ်ကူ တဲ့ နည်းလမ်း ဖြစ်တဲ့ အင်တာနက် ဆာဗာ သုံးပြီး ချိတ်ဆက် လိုက်တဲ့ အခါ ဤစက်ရုံရဲ့ အပူပေး စနစ်ကို ကမ္ဘာတစ်ဝန်း ကနေပြီး အင်တာနက် ပေါ်မှာ ရှာတွေ့ နိုင်ပြီး အလွယ် တကူ ထိန်းချုပ် သွားနိုင် ပါတော့တယ်။
ကောင်းတဲ့ သတင်း တစ်ခုကတော့ လောလောဆယ် မှာ Shodan ကို ကောင်းမွန်ပြီး အကျိုးရှိတဲ့ ကိစ္စတွေ အတွက်ပဲ အသုံးပြု နေပါ တယ်လို့ John Matherly ဆိုပါတယ်။ Matherly ဟာ Shodan ကို လွန်ခဲ့တဲ့ ၃ နှစ် က တည်ထွင် ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိ အချိန်မှာ Shodan ကို အသုံးပြုနေ သူများ ဟာ ကွန်ယက် လုံခြုံရေး စမ်းသပ် သူတွေ၊ ပညာရှင် တွေ၊ အာဏာပိုင် အဖွဲ့အစည်း တွေ ပဲလို့ သိရှိ ရပါတယ်။ သာမန်သူ တစ်ဦး အနေနဲ့ Shodan ကို သုံးမယ် ဆိုရင် account မပါပဲ နဲ့ ရှာဖွေမှု ၁၀ ခု ပြုလုပ် နိုင်ပြီး account ဖွင့်ပြီး ပါက ရှာဖွေမှု ၅၀ အား ပြုလုပ် နိုင်မည် ဖြစ်သည်။
ဒီထက် ပိုပြီး နက်နဲ စွာ အသုံးပြု မယ် ဆိုရင်တော့ အချက်အလက် အပြည့်အစုံ တင်ပြ ရမည် ဖြစ် သလို အခကြေး ငွေလည်း ပေးဆောင် ရမည် ဟု သိရှိ ရသည်။
ကမ္ဘာကြီးပြားတယ်ဆိုတဲ့ စကားကို သက်သေပြလိုက်တဲ့ Facebook ဆိုတဲ့ လူမှုကွန်ရက်ဟာ ပစ္စက္ခလူနေမှုဘဝပုံစံကို
ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာလူတွေက အထီးကျန်ဆန်လွန်းလှပါတယ်။လူဆိုတာကလည်း အပေါင်းနဲ့ အသင်းနဲ့
ပြောကြဆိုကြနေထိုင်ချင်ကြပါတယ်။ ဒါပေမယ့်လည်း ခေတ်ကာလအခြေအနေအရ ၊
လုပ်ငန်းတွေရဲ့ သဘောသဘာဝအရ တစ်ယောက်နဲ့တစ်ယောက် အတူတူမနေနိုင်ကြဘဲ
တစ်မြို့တစ်ရွာစီ၊ တစ်နိုင်ငံစီ ခွဲခွာနေထိုင်ကြရပါတယ်။ အဲဒိလို ကွဲကွာနေမှု
ကို အင်တာနက်သာရမယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက်အနီးဆုံးဖြစ်အောင် ဖြစ်အောင် စွမ်းဆောင်ပေးလိုက်တာကတော့
အားလုံးသိကြတဲ့အတိုင်း Facebook ဆိုတာပါပဲ။ သို့သော်လည်း ဒီ Facebook
ကြောင့် ပြဿနာတွေတက်ကြတာလည်းတစ်ပုံတစ်ပင်ကြီးပါပဲ။ တစ်ကိုယ်ရည်မှသည်
နိုင်ငံနဲ့ချီပြီး၊ ကမ္ဘာနဲ့ချီပြီးတောင်တက်ကြပါတယ်။
သို့သော်ကောင်းကောင်းအသုံးချတတ်ရင်တော့
ကောင်းကျိုးတွေအများကြီးလည်းရနိုင်ပါတယ်။မည်သို့ပင်ဖြစ်စေလူသားတွေကတော့
နေ့စဉ်နေ့စဉ်၊ညစဉ်ညစဉ် ဒီ Facebook ထဲကိုဝင်နေကြဦးမှာကတော့ သေချာပါတယ်။
ကျွန်တော်တို့ အဲဒိ Facebook ကိုအသက်သွင်းခဲ့တဲ့လူတစ်ယောက်အကြောင်းကို
ခြေရာကောက်ကြရအောင်။
သူကတော့ ကမ္ဘာကျော်
ဟားဗတ်တက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်တဲ့ Mark Zuckerberg ပါပဲ။ Facebook
လုပ်ဖို့ကျောင်းတောင်ထွက်ခဲ့သူတစ်ယောက်ပေါ့။ သူ့ကို May 14,1984
မှာနယူးယောက်ပြည်နယ်က ဟဒ်ဆန်မြစ်ကြီးအနီးက White Plains
ဆိုတဲ့မြို့လေးမှာမွေးဖွားခဲ့ပါတယ်။ပညာတတ်မိသားစုက နေဆင်းသက်လာခဲ့ပြီး သူ့
အဖေက သွားဆရာဝန်တစ်ယောက်ဖြစ်ကာ အမေကတော့စိတ်ရောဂါကုဆရာဝန်တစ်ယောက်ဖြစ်သည်။
ဇူကာဘတ်သည် သူ့ရဲ့ငယ်စဉ်ကတည်းကပင် ကွန်ပျူတာအပေါ်ရူးသွပ်ခဲ့ပြီး အသက် ၁၂
နှစ်မှာပင် Atari BASIC ပရိုဂရမ်မင်း ကို အသုံးပြုကာ “Zucknet” ဆိုတဲ့
စတိုပို့လွှတ်တဲ့ messageing
ပရိုဂရမ်လေးကိုရေးသားခဲ့ပါတယ်။အဲဒိပရိုဂရမ်လေးကသူ့
အဖေသွားဆရာဝန်အတွက်တော့တော်တော်အသုံးကြပါတယ်။လူနာ
တစ်ယောက်လာတဲ့အခါ
စာရေးမက လှမ်းအော်စရာမလိုဘဲ ကွန်ပျူတာနဲ့
စာရိုက်ဆက်သွယ်လိုက်ရုံပါပဲ။သူ့အဖေတင်မက တစ်မိသားစုလုံးပါအဲဒိ
ပရိုဂရမ်လေးကို တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့အသုံးပြုခဲ့ကြပါတယ်။
Facebook ရဲ့ရှေ့ပြေးလို့ဆိုရမလားမသိဘူး။တစ်ချိန်တည်းမှာပဲ
သူ့သူငယ်ချင်းတွေနဲ့တွဲပြီး အပျော်သဘောအနေ
နဲ့ ဂိမ်းလေးတွေကိုလည်းရေးခဲ့ပါတယ်။
ဇူကာဘတ်က ကွန်ပျူတာဝါသနာပါတာသိလို့ သူ့မိဘတွေက
အလွတ်တန်းကွန်ပျူတာဆရာတစ်ယောက်ဖြစ်တဲ့ David Newman ကို တစ်ပါတ်တစ်ခါ
အိမ်ခေါ်ပြီးစာကွန်ပျူတာသင်စေပါတယ်။ နောက်ပိုင်းမှာတော့ ဇူကာဘတ်ဟာ Philips
Exeter Academy မှာ ကျောင်းဆက်တက်ခဲ့ပြီး သူက အဲဒိမှ
စာပေပညာရပ်နဲ့ပတ်သက်လို့ ထူးချွန်သူတစ်ယောက်ဖြစ်ခဲ့ကာ ဂန္ထဝင်စာပေနဲ့
ဒီပလိုမာရရှိခဲ့ပါတယ်။ သို့သော်လည်းသူ့ရဲ့ ပရိုဂရမ်တွေ develop လုပ်ဖို့
အတွက် ပိုမိုစိတ်အားထက်သန်စွာနဲ့ ဆက်လက်လုပ်ဆောင်ခဲ့ကာ
ပရိုဂရမ်အသစ်များကိုရေးသားခဲ့ပါတယ်။ အဲဒိကျောင်းမှာပဲ
တေးဂီတဆော့ဖ်ဝဲတစ်ခုဖြစ်တဲ့ Pandora ရဲ့ရှေ့ပြေးဖြစ်တဲ့ Synapse ကို
ရေးသားခဲ့ပြီး AOL ,Microsoft တို့က ဝယ်ယူဖို့ကမ်းလှမ်းခြင်းခံရခဲ့ပေမယ့်
ဇူကာဘတ်ကမရောင်းခဲ့သလို အလုပ်လုပ်ဖို့ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။
Exeter ကနေ 2002 မှာကျောင်းပြီးတဲ့နောက်
ဟားဗတ်တက္ကသိုလ်ကိုဆက်တက်ခဲ့ပါတယ်။အဲဒိဟားဗတ်ဆိုတဲ့တကယ့်နေရာမှာလည်းသူက
ဆော့ဖ်ဝဲdeveloper အသိုင်းအဝိုင်းမှာရေပန်းစားခဲ့ပြီး CourseMatch ဆိုတဲ့
ပရိုဂရမ်ကိုရေးသားခဲ့ကာ အဲဒိ ပရိုဂရမ်က
ကျောင်းသားတွေအနေနဲ့သူတို့ယူထားတဲ့ဘာသာရပ်များနဲ့ပတ်သက်ပြီး
အခြားသူများယူထားတဲ့ဘာသာရပ်များနဲ့ပတ်သက်ကာတူညီမှုများကိုနှိုင်းယှဉ်တဲ့
ပရိုဂရမ်ဖြစ်ပါတယ်။ထို့ပြင် Facemash ပရိုဂရမ်ကိုလည်းရေးသားခဲ့ပြီး Campus
အတွင်းက ကျောင်းသားနှစ်ယောက်ရဲ့ပုံနှစ်ပုံကိုနှိုင်းယှဉ်ပြကာ user များကို
ဘယ်အတွဲက ဆွဲဆောင်မှုအရှိဆုံးလဲဆိုတာကို vote
လုပ်ရတဲ့ပရိုဂရမ်ဖြစ်ပါတယ်။အဲဒိပရိုဂရမ်ကတော်တော်လေးလူကြိုက်များခဲ့ပေမယ့်
ကျောင်းရဲ့အုပ်ချုပ်မှုအဖွဲ့အစည်းက အခြားသူများရဲ့
ကိုယ်ရေးအချက်အလက်များကို သုံးစွဲမှုနဲ့
ပတ်သက်ပြီးပိတ်ပင်ခြင်းခံခဲ့ရပါတယ်။
ဒီလိုနဲ့ဇူကာဘတ်ဟာ
သူလုပ်ခဲ့တဲ့ Projects များနဲ့ ပတ်သက်ဆက်နွယ်ကာ Social Networking site
တစ်ခုဖြစ်တဲ့ Harvard Connection ဆိုတဲ့ site ကိုလုပ်ဖို့ Divya Narendra
နဲ့ အမွှာညီအစ်ကိုဖြစ်တဲ့ Cameron နဲ့ Tyler တို့ကဖိတ်ခေါ်ခဲ့ပါတယ်။ဇူကာဘတ်က
အဲဒိ Project ကိုလုပ်ဆောင်ဖို့ကူညီပေးခဲ့ပေမယ့် မကြာမီ သူ့ရဲ့ကိုယ်ပိုင်
social networking site ကိုလုပ်ဖို့ သူ့သူငယ်ချင်းတွေဖြစ်တဲ့ Dustin
Moskovitz,Chris Hughes နဲ့ Eduardo Saverin
တို့နဲ့ပူးပေါင်းခဲ့ပါတယ်။ဇူကာဘတ်နဲ့သူ့သူငယ်ချင်းတွေက site
တစ်ခုကိုလုပ်ခဲ့ပြီး အဲဒိ site မှာ သုံးစွဲသူများကို သူတို့ရဲ့ ကိုယ်ပိုင်
profile တွေပြုလုပ်ဖို့၊ ပုံတွေ တင်ဖို့နဲ့ အခြားသော သုံးစွဲသူများနဲ့
ဆက်သွယ်ဖို့ အတွက် ရည်ရွယ်ခဲ့ပြီး ပထမဦးဆုံး The Facebook
လို့ခေါ်တွင်ခဲ့ပါတယ်။ဟားဗတ်မှာအဲဒိ Project လုပ်နေရင်း ဒုတိယနှစ်ပြီးတဲ့အခါ
Facebookကို အချိန်ပြည့်လုပ်ဆောင်နိုင်အောင်ကျောင်းထွက်ခဲ့ပြီး ကုမ္ပဏီကို
ကယ်လီဖိုးနီးယားမှာရှိတဲ့ Palo Alto ကိုပြောင်းရွှေ့ခဲ့ပါတယ်။ဒီလိုနဲ့
Facebook စတင်မွေးဖွားခဲ့ကာ 2004 နှစ်ကုန်ပိုင်းလောက်မှာတော့
သုံးစွဲသူပေါင်း တစ်သန်းကျော်ရှိလာခဲ့ပါတယ်။
ဒီလိုမျိုးသုံးစွဲသူတွေများလာတာနဲ့အမျှ အခြားသော
ရင်းနှီးမြှုပ်နှံသူများပါဝင်ပူးပေါင်းထောက်ပံ့မှုကိုရရှိခဲ့ကာ 2005
မှာတော့ Accell Partners က $12.7 billion ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။2005
ဒီဇင်ဘာလောက်မှာတော့ သုံးစွဲသူ 5.5 million ရှိလာခဲ့ပြီး
အခြားသောကုမ္ပဏီများက ဒီမှာကြော်ငြာဖို့
စိတ်ဝင်စားမှုမြင့်တက်လာခဲ့ပါတယ်။ထို့ပြင်သူ့ကုမ္ပဏီကိုမရောင်းချလိုတဲ့
Zuckerberg ကYahoo! နဲ့ MTV Networks
တိုရဲ့ကမ်းလှမ်းမှုကိုလည်းပယ်ချခဲ့ပါတယ်။ အဲဒိလိုမရောင်းခဲ့ပဲ သူ့ရဲ့ site
မှာ ပြင်ပ developer များအား များစွာသော feature
များထည့်သွင်းနိုင်စေဖို့တွေလုပ်ဆောင်ပေးခဲ့ပြီး site
ကိုပိုမိုတိုးတက်ဖို့ပဲအာရုံစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီအချက်က Developer
တွေ အတုယူရမယ့်အချက်တစ်ခုလည်းဖြစ်ပါတယ်။
2006 မှာတော့
ပြဿနာတက်တော့တာပဲ။ Harvard Connection ရဲ့ ဖန်တီးသူတွေက သူတို့ရဲ့
အိုင်ဒီယာကို ခိုးချပါတယ်ဆိုပြီးတရားစွဲပါတယ် ။ အဲဒိအမှုဟာ၂၀၁၁
အထိရောက်ရှိခဲ့ပါတယ်။နှစ်ဦးနှစ်ဖက်လည်းတော်တော်လေးငွေကုန်ခဲ့ပါတယ်။ထို့အတူ
ဇူကာဘတ်အနေနဲ့ အခြားသော
ကိုယ်ရေးကိုယ်တာပြဿနာတစ်ခုနဲ့လည်းကြုံတွေ့ခဲ့ရပါသေးတယ်။ စာရေးဆရာ Ben
Mezirch က “The Accidental Billionaries” မှာ ဇူကာဘတ်ရဲ့
ဘဝအကြောင်းနဲ့ပတ်သက်ပြီး ဇာတ်ကွက်တွေကို ကိုယ့်ဖာသာကိုဆင်ရေးတာ၊
စကားပြောတွေကို စိတ်ကူးနဲ့ ရေးတာ့ ၊ဝတ္ထု ဆန်ဆန်
ဇာတ်ရုပ်ဖန်တီးရေးသားတာတွေနဲ့ပတ်သက်ပြီး ဇူကာဘတ်နဲ့
ပြဿနာတက်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် သူရေးထားတာတွေက မှန်တာ မှားတာ
ဆိုတာထက်နောက်ဆုံးတော့ အကယ်ဒမီ ရှစ်ဆု အမည်တင်သွင်း ခြင်းခံခဲ့ရတဲ့ The
Social Network ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်လာခဲ့ပါတယ်။
မည်သို့ပင်ဖြစ်စေ Facebook ရဲ့ အရှိန်အဟုန်ကြီးထွားလာခဲ့ပြီး 2010 မှာတော့
ဇူကာဘတ်ဟာ Person of the Year အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပြီး Forbes
မဂ္ဂဇင်းရဲ့ ကမ္ဘာ့အချမ်းသာဆုံးစာရင်း မှာNo. 35 ဖြစ်လာခဲ့ပြီး
အသားတင်ပိုင်ဆိုင်မှုဟာ $ 6.9 billion ရှိလာခဲ့ပါတယ်။
အလှူအတန်းလည်းရက်ရောတဲ့ဇူကာဘတ်ဟာ 2010 မှာ ဒေါ်လာသန်းတစ်ရာကို
နယူးဂျာစီမှာရှိတဲ့ Newark Public Schools အတွက် လှူဒါန်းခဲ့သလို သူ့ရဲ့
တစ်သက်တာမှာ သူ့ပိုင်ဆိုင်မှုတစ်ဝက်ကို ပေးလှူဖို့ “Giving Pledge”
အဖွဲ့မှာလက်မှတ်ရေးထိုးခဲ့ပြီး အဲဒိအဖွဲ့ဝင်တွေထဲမှာ ဘီလ်ဂိတ်၊
ဝါရင်းဘတ်ဖတ် နဲ့ ဂျော့လူးကပ်စ်တို့လို ဘီလီယံနာကြီးတွေလည်းပါဝင်ပါတယ်။
၂၀၁၂ မေလမှာတော့ Facebook ရဲ့အပြောင်းအလဲကြီးတစ်ခုစတင်ခဲ့ပါတယ်။
အဲဒါကတော့ Public လုပ်လိုက်တာပါပဲ ။$16 ဘီလီယံ အထိမြင့်တက်ခဲ့ပြီး
သမိုင်းတလျှောက်အကြီးမားဆုံးသော internet IPO တစ်ခုဖြစ်ခဲ့ပါတယ်။မေလ 2013
မှာတော့ ဇူကာဘတ်ကသူနှစ်ပေါင်းများစွာတွဲလာတဲ့ Priscilla Chan
နဲ့လက်ထပ်ခဲ့ပါတယ်။မေလ 2013 မှာတေ့ Facebook ဟာ Fortune 500 lists
ထဲကိုပထမဦးဆုံးအကြိမ်ရောက်ခဲ့ပြီး ဇူကာဘတ်က အဲဒိ lists ထဲမှာ
အသက်အငယ်ဆုံးဖြစ်ကာ ၂၈ နှစ်မျှသာရှိပါသေးတယ်။
ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့်ပြည်တွင်းပြည်ပကုမ္ပဏီ ၂၆ ခုအား ဆက်သွယ်ရေးလုပ်ငန်း လိုင်စင် ထုတ်ပေးပြီးဖြစ်ကြောင်း သတင်းထုတ်ပြန်ပါသည်။
လိုင်စင်ချပေးပြီးသော ကုမ္ပဏီများအနက် Ooredoo Myanmar, Telenor Myanmar နှင့် MPT တို့အား Nationwide Telecommunication licence ပေးအပ်ခဲ့ခြင်းဖြစ်ပြီး Telecom ၀န်ဆောင်မှုမှန်သမျှကို လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်သည်။ ရတနာပုံတယ်လီပို့ပါဝင်နေပြီး၊ Royal Yatanarpon အမည်ဖြင့်လုပ်ကိုင်မည့် စတုတ္ထမြောက် Telecom ကုမ္ပဏီကိုတော့ လိုင်စင်ပေးအပ်ရန်စိစစ်ဆဲဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ညွှန် ကြားရေးမှူး ဦးသန်းထွန်းအောင်ကဆိုပါသည်။
ကုမ္ပဏီ ၂၆ ခုအနက် Network Facilities Service (Individual) Licence ကို ရွှေသံလွင်မီဒီယာ ကုမ္ပဏီလီမိတက်၊ Elite Telecom Public Co.,Ltd, Yatanarpon Teleport Public Co.,Ltd၊ Myanmar Economics Corporation, Myanmar Network Co.,Ltd အစရှိသော ကုမ္ပဏီ ၅ခုက လုပ်ကိုင်ခွင့်ရရှိထား ပါသည်။
အဆိုပါ Network Facilities Service (Individual) Licence တွင် Mobile Virtual Network Operator ၀န်ဆောင်မှု၊ ISP, value-added services ၊ call center ၀န်ဆောင်မှု၊ ဖိုက်ဘာလိုင်းဆွဲခြင်း လုပ်ငန်း၊ Wireline နှင့် Wireless ၀န်ဆောင်မှုများ၊ တာဝါတိုင်လုပ်ငန်း၊ International ဂိတ်ဝေး၀န်ဆောင်မှု၊ (Border Cross), FTTx, VOIP, Satellite earth station Facilities, Fixed Line, Radio Transmission အစရှိသောဝန်ဆောင်မှုများပါဝင်ပြီး ကုမ္ပဏီတစ်ခုချင်းစီ၏ သဘောသဘာဝနှင့်ကိုက်ညီသော ၀န်ဆောင်မှု များကို ရွေးချယ်လျှောက်ထားခြင်းဖြစ်ကြောင်းသိရသည်။
Network Facilities Service လိုင်စင်ကိုတော့ Global Technology Co.,Ltd, Myanmar Fiber Optic Communication Network Co.,Ltd, Pan Asia Majestic Eagle Co.,Ltd, Digicel Myanmar Tower Co.,Ltd, Irrawaddy Green Towers Ltd, Apollo Towers Myanmar Ltd, KDDI Summit Global Myanmar Co.,Ltd, Fortune International Ltd., , Digital Communication Co.,Ltd, Myanma Railways (မြန်မာ့မီးရထား)၊ Myanmar Padauk Engineering & Construction Co.,Ltd, Horizon Telecommunication and Technology Services Co.,Ltd အစရှိသော ကုမ္ပဏီနှင့် လုပ်ငန်းများကလုပ် ကိုင်ခွင့်ရရှိထားကြသည်။
Eager Communications Group Co.,Ltd, Frontiir Co.,Ltd တို့အနေဖြင့် Network Facilities Service (Class) လိုင်စင်အပြင် Application Service လိုင်စင်ကိုပါရရှိထားကြောင်းသတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ Network Service လိုင်စင်လုပ်ကိုင်ခွင့်အတွက် Myanmar World Distribution trading CO.,Ltd က ရရှိထားပြီး၊ ISP (Internet Service provider) လုပ်ပိုင်ခွင့်၊ VOIP၊ Callcenter ၊ Public access center ၀န်ဆောင်မှု၊ Directory ၀န်ဆောင်မှု၊ မက်ဆေ့ခ်ျပေးပို့နိုင်သော ၀န်ဆောင်မှု၊ Value added ၀န်ဆောင်မှုများလုပ်ကိုင်နိုင်သော Application Service လိုင်စင်တစ်မျိုးတည်း လျှောက်ထားသူများအနက် Myanmar Technology Gateway Co.,Ltd, VOIP Myanmar Group Co.,Ltd, Myanmar Telecommunication and Technology Services Co.,Ltd တို့ကရရှိခဲ့ကြောင်းသိရသည်။
လက်ရှိလုပ်ငန်းလိုင်စင် ထုတ်ပေးပြီးဖြစ်သော ကုမ္ပဏီ ၂၆ ခုမှတာဝန်ရှိသူများအား လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ရန်နှင့် လှိုင်းနှုန်းစဉ်များ အသုံးပြုမှုနှင့် လှိုင်းနှုန်းအသုံးပြုခွင့်ပြုထားမှုများအား စနစ်တကျ ထိန်းချုပ်သွားမည်ဟုဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဆိုပါသည်။
ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဆက်သွယ်ရေးဝန်ဆောင်မှုလုပ်ငန်း လိုင်စင်လျှောက်ထားသူများအား ဆက်သွယ်ရေးဥပဒေ၊ နည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်ပြီးဖြစ်ရာ ပြည်တွင်းပြည်ပ ကုမ္ပဏီ ၂၆ ခုကို လတ်တလော လုပ်ငန်းလိုင်စင်ထုတ်ပေးခဲ့ခြင်းဖြစ်ပြီး ဆက်လက်လျှောက်ထားလာသော ပြည်တွင်း ပြည်ပကုမ္ပဏီများအား လိုင်စင် ထပ်မံထုတ်ပေးနိုင်ရန်စိစစ်လျက်ရှိကြောင်း သိရသည်။
------------------