HINTHADA CITY

ဟင်္သာတမြို့မှ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များအတွက် ကြော်ငြာများလက်ခံပေးနေပါသည်

Ads

smile smile smile smile smile smile

Tuesday, October 20, 2015

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၁၅ ခုနှစ် ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် ဆန်ခါတင် ၂၃ ဦးစာရင်းကို ထုတ်ပြန်ကြေညာလိုက်ပြီ ဖြစ်သည်။

ဘောလုံးလောက၏ တစ်ဦးချင်းထူးချွန်ဆုများတွင် အမြင့်ဆုံးအဖြစ် သတ်မှတ်ခံထားရသည့် ထိုဆုအတွက် ပြီးခဲ့သည့်နှစ်က ဆုရရှိထားသည့် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒို၊ လေးကြိမ်ဖြင့် အကြိမ်အများဆုံးရရှိထားသည့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီတို့ကပင် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိသည်။

ထုတ်ပြန်ကြေညာခဲ့သည့် ဆန်ခါတင်စာရင်းတွင် အင်္ဂလန်ကစားသမားတစ်ဦးမှ ပါဝင်ခဲ့ခြင်း မရှိဘဲ ဗြိတိန်ကျွန်းပေါ်မှ ဝေးလ်လက်ရွေးစင် ရီးယဲလ်တိုက်စစ်ကစားသမား ဂါရတ်ဘေးလ်တစ်ဦးသာ ပါဝင်ခဲ့သည်။

ပရီးမီးယားလိဂ်မှ အဂူရို၊ ဒီဘရိုင်း၊ ဟက်ဇက်၊ ဆန်းချက်ဇ်နှင့် ယာယာတိုရေးတို့သာ ပါဝင်ခဲ့ပြီး စီးရီးအေမှ ပေါ့ဂ်ဘာနှင့် ပြင်သစ်လိဂ်မှ အီဗရာဟီမိုဗစ်ခ်ျတို့သာ ပါဝင်ခဲ့သည်။

လာလီဂါမှ အများဆုံးပါဝင်ခဲ့ပြီး  ရီးယဲလ်အသင်းမှ စီရော်နယ်ဒို၊ ဂါရတ်ဘေးလ်၊ ဘန်ဇီမာ၊ တိုနီခရို့စ်၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်တို့ ပါဝင်ခဲ့ကာ ဘာစီလိုနာမှ မက်ဆီ၊ နေမာ၊ ဆွာရက်ဇ်၊ အင်နီယေစတာ၊ ရာကီတစ်၊ မာရှေယာနိုတို့ ပါဝင်ခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းမှလည်း ဗီဒယ်၊ ရော်ဘင်၊ နျူအာ၊ မူလာ၊ လီဝန်ဒေါစကီးစသည့် ကစားသမားများပါဝင်ခဲ့သည်။

ဖီဖာသည် ကမ္ဘာ့အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင် ၁၀ ဦးစာရင်းကိုလည်း ကြေညာခဲ့သည်။ ထိုနည်းပြဆယ်ဦးမှာ လူးဝစ္စအင်းနရစ်၊ မော်ရင်ဟို၊ အယ်လီဂရီ၊ အန်စလော့တီ၊ လောရင့်ဘလန့်၊ အမ်မရီ၊ ဂွါဒီယိုလာ၊ ဆမ်ပါအိုလီ၊ ဆီမြွန်နီနှင့် အာစင်ဝင်းဂါးတို့ ဖြစ်သည်။

နောက်ဆုံးဆုရရှိသူများကို နိုင်ငံလက်ရွေးစင်အသင်းများ၏ နည်းပြများနှင့် ကစားသမားများ၊ ကမ္ဘာတစ်ဝှမ်းလုံးမှ နိုင်ငံတကာအသိအမှတ်ပြု မီဒီယာများနှင့် ပြင်သစ်ဘောလုံးမဂ္ဂဇင်းတို့က ရွေးချယ်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၁၁ ရက်နေ့တွင် ဆွစ်ဇာလန်နိုင်ငံ၊ ဇူးရစ်မြို့၌ အခမ်းအနားကျင်းပကာ ဆုပေးအပ်မည် ဖြစ်သည်။

ဆန်ခါတင် ၂၃ ဦးစာရင်း

-----------------------------

အဂူရို(အာဂျင်တီးနား/ မန်စီးတီး)

ကီဗင်ဒီဘရိုင်း(ဘယ်လ်ဂျီယံ/ ၀ုဖ်ဘတ်/ မန်စီးတီး)

အီဒင်ဟက်ဇက်(ဘယ်လ်ဂျီယံ/ ချယ်လ်ဆီး)

ဆန်းချက်ဇ်(ချီလီ/ အာဆင်နယ်)

ယာယာတိုရေး(အိုင်ဗရီကို့စ်/ မန်စီးတီး)

စီရော်နယ်ဒို(ပေါ်တူဂီ/ ရီးယဲလ်)

ဂါရတ်ဘေးလ်(ဝေးလ်/ ရီးယဲလ်)

ဘန်ဇီမာ(ပြင်သစ်/ ရီးယဲလ်)

ဂျိမ်းစ်ရိုဒရီဂွက်ဇ်(ကိုလံဘီယာ/ ရီးယဲလ်)

တိုနီခရို့စ်(ဂျာမနီ/ ရီးယဲလ်)

မက်ဆီ(အာဂျင်တီးနား/ ဘာစီလိုနာ)

နေမာ(ဘရာဇီး/ ဘာစီလိုနာ)

ဆွာရက်ဇ်(ဥရုဂွေး/ ဘာစီလိုနာ)

အင်နီယေစတာ(စပိန်/ ဘာစီလိုနာ)

ရာကီတစ်(ခရိုအေးရှား/ ဘာစီလိုနာ)

မာရှေယာနို(အာဂျင်တီးနား/ ဘာစီလိုနာ)

လီဝန်ဒေါစကီး(ပိုလန်/ ဘိုင်ယန်မြူးနစ်)

ရော်ဘင်(နယ်သာလန်/ ဘိုင်ယန်မြူးနစ်)

မူလာ(ဂျာမနီ/ ဘိုင်ယန်မြူးနစ်)

နျူအာ(ဂျာမနီ/ ဘိုင်ယန်မြူးနစ်)

ဗီဒယ်(ချီလီ/ ဂျူဗင်တပ်စ်/ ဘိုင်ယန်မြူးနစ်)

ပေါ့ဂ်ဘာ(ပြင်သစ်/ ဂျူဗင်တပ်စ်)

အီဗရာဟီမိုဗစ်ခ်ျ(ဆွီဒင်/ ပီအက်စ်ဂျီ)


0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks

ရှာလိုရာရှာပါ

Widgets for Blogger

Unordered List

Sample Text

Sample text

Blockquote

Pages

Powered by Blogger.

Social Icons

Social Icons

Blog Archive

Followers

Featured Posts

ပြည်တောင်စုမြန်မာနိုင်ငံတော်အလံ


Popular Posts

Recent Posts

မေသက်ထားဆွေ

http://may-thet-htar-swe.blogspot.com/

Text Widget