HINTHADA CITY

ဟင်္သာတမြို့မှ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များအတွက် ကြော်ငြာများလက်ခံပေးနေပါသည်

Ads

smile smile smile smile smile smile

Sunday, February 7, 2016

February 07, 2016
Cloud Computing ဟု ခေတ်စားလာ နေသော ကွန်ပျူတာ တစ်ဦးချင်း အသုံးပြုသူ များ၏ အချက် အလက် များကို မိမိပိုင် ကွန်ပျူတာတွင် သိမ်းဆည်းခြင်း မပြုဘဲ အချက် အလက် များကို လက်ခံ သိုလှောင် ပေးသည့် အဖွဲ့အစည်းထံ သိမ်းဆည်းသည့် စနစ်ကို Cloud Computing ဟု ခေါ်ဝေါ်သုံးစွဲ နေကြ သော်လည်း ၄င်းဆာဗာ အများစုမှာ ပင်လယ် ရေအောက်၌ ရှိကြောင်း မိုက်ခရိုဆော့ဖ် မှ တာဝန်ရှိသူ များက ထုတ်ဖော် ပြောကြားသည်။



''ကမ္ဘာတစ်ဝန်းက ကွန်ပျူတာ တွေကနေ အချက်အလက်တွေ သိုလှောင်နေကြတဲ့ ဆာဗာတွေက ကျွန်တော်တို့က Data Centre လို့ အမည်ပေးထား ပါတယ်။ ကမ္ဘာ တစ်ဝန်းမှာ ဒီ Data Center တွေရှိပြီး တစ်ခုနဲ့တစ်ခု ချိတ်ဆက်ထား ပါတယ်။ 

Data Center တွေဟာ စွမ်းအင်သုံးစွဲမှု နှုန်း မြင့်မားပြီး အပူ ထုတ်လွှတ်တာ များတဲ့ အတွက် စက်အပူချိန် မလွန်ကဲအောင် ထိန်းသိမ်းဖို့ ဆိုတာ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လာလေ့ ရှိပါတယ်။ 

ဒါကြောင့် အခု နောက်ပိုင်းမှာ ဒီ Data Center တွေကို မြေပြင်ပေါ် မထားတော့ဘဲ ပင်လယ်သမုဒ္ဒရာ ကြမ်းပြင်မှာ သွားရောက် ထားရှိတာ ဖြစ်ပါတယ်'' ဟု မိုက်ခရိုဆော့ဖ် မှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

Data Center များကို ပင်လယ် ရေအောက်တွင် ထားရှိသည့် စီမံချက် Project Natick ကို ၂ဝ၁၅ ခုနှစ်က စတင်ခဲ့ခြင်း ဖြစ်သည်။

ရေလုံအောင် ပြုလုပ်ထားသော အလေးချိန် ပေါင် ၃၈ဝဝဝ ရှိပြီး အမြင့် ၁ဝ ပေ၊ အကျယ် ခုနစ်ပေရှိသော ဆလင်ဒါကြီး တစ်ခု အတွင်း ဆာဗာကြီး ကို ထည့်ကာ အမေရိကန် ပစိဖိတ် ကမ်းရိုးတန်းမှ မိုင်ဝက်ခန့် အဝေးရှိ ပင်လယ်ကြမ်းပြင် ပေါ်တွင် ကျောက်ဆူးဖြင့် ဆွဲချ ထားရှိခြင်း ဖြစ်သည်။ 

၎င်းဆာဗာသည် Desktop ကွန်ပျူတာ အလုံး ၃ဝဝ နှင့် ညီမျှသော လျှပ်စစ်ဓာတ် အားကို သုံးစွဲကြောင်း သိရသည်။

ကမ္ဘာပေါ်တွင် အင်တာနက်ဖြင့် ချိတ်ဆက် အသုံးပြုသော နည်းပညာမြင့် လူသုံးကုန်ပစ္စည်း ထုတ်လုပ်သုံးစွဲမှု မြင့်မားလာသည့် အလျောက် Data Center ဆာဗာများလည်း အများအပြား တည်ဆောက်ရန် လိုအပ်လာရာ ၄င်း ဆာဗာများအတွက် မြေနေရာနှင့် အဆောက်အအုံ လိုအပ်ခြင်း၊ စွမ်းအင်သုံးစွဲမှုနှုန်း မြင့်မားခြင်း၊ အပူလွန်ကဲ လွယ်ခြင်းတို့ကြောင့် နေ့ညမပြတ် စောင့်ကြည့် ထိန်းသိမ်းရလေ့ ရှိသည်ကို ဖြေလျှော့နိုင်ရန် နောင်တွင် Data Center များကို ပင်လယ်ရေအောက် တွင် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်များ အသုံးပြုကာ ထားရှိလည်ပတ် စေတော့မည် ဖြစ်ကြောင်း သိရသည်။
credit ; ပြည်ချစ်သား

0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks

ရှာလိုရာရှာပါ

Widgets for Blogger

Unordered List

Sample Text

Sample text

Blockquote

Pages

Powered by Blogger.

Social Icons

Social Icons

Followers

Featured Posts

ပြည်တောင်စုမြန်မာနိုင်ငံတော်အလံ


Popular Posts

Recent Posts

မေသက်ထားဆွေ

http://may-thet-htar-swe.blogspot.com/

Text Widget