HINTHADA CITY

ဟင်္သာတမြို့မှ အရောင်းဆိုင်များ နှင့် လုပ်ငန်းရှင်များအတွက် ကြော်ငြာများလက်ခံပေးနေပါသည်

Ads

smile smile smile smile smile smile

Monday, June 29, 2015

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ၏ မိုဘိုင်းဆက်သွယ်ရေး တည်ဆောက်မှုတွင် ရင်းနှီးမြှုပ်နှရန် အတွက် DBS, ING, OCBC, Standard Chartered နှင့် Sumitomo Mitsui အစရှိသည့် နိုင်ငံခြားဘဏ် လုပ်ငန်း ငါးခုက အမေရိကန်ဒေါ်လာ ၈၅ သန်းကို ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်း၌ ဆက်သွယ်ရေးဆိုင်ရာ လုပ်ငန်းများ လုပ်ကိုင်နေသည့် PAMEL (Pan Asia Majestic Eagle Limited) အဖွဲ့အစည်းသည် မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး တာဝါတိုင်များ တည်ဆောက်မှုကဏ္ဍတွင် အထက်ပါ နိုင်ငံခြား ဘဏ်လုပ်ငန်းများနှင့် ပူးပေါင်းပြီး ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း ဒေသတွင်း ဆက်သွယ်ရေး လုပ်ငန်းနယ်ပယ်မှ စုံစမ်းသိရှိရသည်။

လွတ်လပ်သည့် မြန်မာဆက်သွယ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သည့် PAMEL သည် ပြည်တွင်းဆက်သွယ်ရေး ကဏ္ဍတွင် ပါဝင်ရင်းနှီးမြှုပ်နှံရန် အတွက် နိုင်ငံခြား ဘဏ်လုပ်ငန်း ငါးခုနှင့် အကျိုးတူပူးပေါင်းမည့် သဘော တူညီချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မိုဘိုင်းဆက်သွယ်ရေး စီးပွားရေးကဏ္ဍတွင် ပါဝင်လာသည့် PAMEL သည် မြန်မာ့ဆက်သွယ်ရေးကဏ္ဍတွင် တစ်စိတ်တစ်ပိုင်း ပါဝင် လာနိုင်ရန် အတွက် ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ အဓိကတာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

အဆိုပါအဖွဲ့အစည်းသည် ရန်ကုန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ PAMEL သည် ကာတာ ဆက်သွယ်ရေး ကုမ္ပဏီ Ooredoo Myanmar ၏ တာဝါတိုင်ပေါင်း ၁,၂၅၀ တည်ဆောက်မည့် စီမံကိန်းနှင့် 3G ကွန်ရက် တည်ဆောက်သည့် စီမံကိန်း များတွင်လည်း ပူးပေါင်းပါဝင်ထားကြောင်း သိရသည်။



Posted via Blogaway


0 comments:

Post a Comment

Blogger Tips and TricksLatest Tips And TricksBlogger Tricks

ရှာလိုရာရှာပါ

Widgets for Blogger

Unordered List

Sample Text

Sample text

Blockquote

Pages

Powered by Blogger.

Social Icons

Social Icons

Blog Archive

Followers

Featured Posts

ပြည်တောင်စုမြန်မာနိုင်ငံတော်အလံ


Popular Posts

Recent Posts

မေသက်ထားဆွေ

http://may-thet-htar-swe.blogspot.com/

Text Widget