ဝါရှင်တန် တက္ကသိုလ်ရှိ သုတေသီများသည် Apple iPhone နှင့် Android ဟန်းဆက်များ အပါအဝင် ထုတ်ကုန်များစွာကို Wi-Fi router ဖြင့် အားသွင်းပေးနိုင်သည့် နည်းပညာသစ်ကို ရှာဖွေတွေ့ရှိခဲ့သည်။
အဆိုပါ Wi-Fi router များသည် ၂၈ ပေအကွာအဝေးရှိ ထုတ်ကုန်၏ ဘက်ထရီများကို အားသွင်းပေး နိုင်သည့်အပြင် အင်တာနက် အသုံးပြုခွင့်လည်း ရရှိမည် ဖြစ်သည်။ သို့ရာတွင် ၎င်းနည်းပညာကို အများပြည်သူသို့ ဖြန့်ချိရာတွင် စမ်းသပ်မှုများစွာ ပြုလုပ်ရဦးမည် ဖြစ်သည်။ အဆိုပါ နည်းပညာကို ဖန်တီးရန် router နှင့် အာရုံခံစနစ်အချို့ လိုအပ်မည်ဖြစ်သည်။ အာရုံခံစနစ်များသည် router မှဘက်ထရီများကို အားသွင်းရန် DC power အတွင်းသို့ ပေးပို့သော RF စွမ်းအင်ကို အသွင်ပြောင်း ပေးမည်ဖြစ်သည်။ ထို့အပြင် router ၏ software ကို အနည်းငယ် ပြောင်းလဲစေရန် firmware update ပြုလုပ်ရမည်ဖြစ်ကာ အင်တာနက် ချိတ်ဆက်ရာတွင် အနှောင့်အယှက် မဖြစ်စေဘဲ အားသွင်းမှုများ ပြုလုပ်နိုင်ရန် စွမ်းဆောင်ပေးမည် ဖြစ်သည်။
ဝါရှင်တန် တက္ကသိုလ်ရှိ သုတေသီများသည် ၎င်းနည်းပညာကို နေအိမ် ၆ အိမ်တွင် စမ်းသပ်ရန် Asus RTAC68U router ၆ ခုကို အသုံးပြုခဲ့သည်။ အဆိုပါ router များသည် ခေတ်နောက်ကျလျက် ရှိသော်လည်း firmware update ဖြင့် ဘက်ထရီများကို အားသွင်းနိုင်သလို အင်တာနက်လည်း ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် firmware update ပြုလုပ်ရုံဖြင့် သာမန် router များကို ကြိုးမဲ့အားသွင်းစနစ်ဖြင့် ပြောင်းလဲအသုံးပြု နိုင်တော့မည်ဖြစ်သည်။
Ref: Ubergizmo
HINTHADA CITY
Ads
Thursday, June 18, 2015
8:47 AM
Unknown
No comments
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment